Chapter 14

353 47 0
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(14 )

ဖန့်ချီ ထို မက်ဂနမ် ကျည်ဆံ၂ ခုကို ဖြုန်းတီးဖို့ သူ့အနေဖြင့် ရွေးချယ်စရာ မရှိပေ။ အကြောင်းမှာ တခြားအရာတစ်ခုက သူ့ကို စိတ်အနှောက်အယှက် ပေးနေခြင်းကြောင့် ဖြစ်သည်။

အမဲလိုက်သားရဲကောင် များကို ဓားဖြင့်သာ သတ်ဖြတ်နေသည့် ဖန့်ချီကို အခြားသူများက အံသြစွာကြည့်နေမိသည်။

ထိုလူစု ထဲမှ အချို့က ဖန့်ချီကို အရင်က လေးစားရုံသာ လေးစားမိသော်လည်း ယခုတော့ နတ်ဘုရားတစ်ပါး သဖွယ် ဆက်ဆံနေကြသည်။ မည်သူမှ သူ့ကို စိန်ခေါ်ခြင်စိတ်မရှိ ကြပေ။

ထို့ကြောင့် သူတို့အားလုံးက 'တိုးတိုးတိတ်တိတ်နေ၍ ပါးစပ်ပိတ်ဆိုသည့် နည်းကို ကျင့်သုံး၍ သူ့နောက်တွင် နေ,နေကြသည်။

ဖန့်ချီ အနေဖြင့် ပို၍ တိုးတက်လာလေလေ သူသည် မွန်းစတားများနှင့် ခဏခဏ တွေ့လာသည်။ ကြောက်စရာ အရာက သူ၏ နောက်တွင် ကပ်လျက်ရှိနေသည်။

ဖန့်ချီက အမဲလိုက်သားရဲကောင် များကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေသည်ကို သူ့နောက်မှလူများက ကြည့်ရင်း ထိတ်လန့်မှု နည်းပါးလာပြီး အတွေးတစ်ခု ဝင်လာခဲ့သည်။
'ဆိုင်ရှင် က အရမ်း သန်မာတယ်..,သူအနေနဲ့ အန္တရာယ် မရှိတော့ဘူး ထင်တယ်?...

'ဒီ မွန်းစတားတွေက ဘ်ာကနေ ရောက်လာတာလဲ?....

ထိုအချိန်တွင် သူတို့အားလုံး ၏ စိတ်ထဲတွင် ဒီ မကောင်းဆိုးဝါး ကြံစည်မှုကြီး၏ နောက်ကွယ်က ဘယ်သူရှိလဲဆိုတာ ကို သိခြင်နေကြသည့် အပြင် အဓိကဇာတ်ကောင် ၏ ကံကြမ္မာက ဘယ်လိုဆက်ဖြစ် မှာလဲဆိုတာကိုလည်း သိခြင်နေကြသည်။

သူတို့အတွက်မူ ဒီဂိမ်းကြီး တစ်ခုလုံးက လျှို့ဝှက်ဆန်းကြယ်ကာ ကြီးမားသည့် ဧရာမ ဘောလုံးကြီး တစ်ခုလိုပင်။

မရေမတွက် နိုင်သည့် မွန်းစတား များဟာလည်း ထိုအိမ်ကြီးထဲတွင် နေထိုင်ကြသည်။ ထို့အပြင် သဲလွန်စ အပိုင်းအစလေးများ ကိုလည်း သူတို့မသေခင် ကျန်ရစ်ခဲ့ပြီး ဖြေရှင်းဖို့ မဖြစ်နိုင်သည့်အရာ တစ်ခုကို ဖန်တီးထားလေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Kde žijí příběhy. Začni objevovat