Chapter 54

231 43 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(54)

[အလုပ်သမား စည်းမျဉ်းများ,
1. အလုပ်သမားတစ်ယောက် အနေဖြင့် ဆိုင်က စည်းကမ်းများအားလုံးကို လိုက်နာရမည်။

2.မိမိကိုယ်ကို ဒီဆိုင်ရဲ့ အစိတ်အပိုင်း တစ်ခု လို သတ်မှတ်ထားရမည်။

3.ဝန်းထမ်းအနေဖြင့် ဆိုင်အတွင်း ဖုန်မှုန့် တစ်စက်တစ်ပြောက်တောင် မြင်,မကျန်အောင် သန့်ရှင်းရေးလုပ်ရမည်။

4. ငွေကောက်ခံသည့် နေရာတွင် မှားယွင်းခြင်းမပြုရ...

အကယ်၍... ဝန်ထမ်းအနေဖြင့် ထိုစည်းမျဉ်းများကို မလိုက်နာပါက...ချက်ချင်းကို အလုပ်မှထုတ်ပယ်မည် ဖြစ်ကာ ဘယ်တော့မှ ပြန်ငှားရမ်းခြင်းမပြု...။

လစာ: ဆိုင်ရှင် က ဝန်ထမ်း၏ စားဝတ်နေရေး ကို စီမံပေးရမည်။ ဝန်ထမ်း၏ ကြီးမားသည့် အစား,စားခြင်စိတ်ကြောင့်...အခုချိန်တွင် သူမသည် မည်သည့်လစာမှ မရနိုင်​သေးပါ...

အပိုဆု: အဝတ်လျှော် (တလကို သလင်းကျောက် တစ်တုံး)

အပိုဆု: ချက်ပြုတ်ခြင်း, အစားအစာ၏ အရသာပေါ်ကို အခြေခံကာ ဆုလာဒ်ပေးမည်။(မှတ်ချက်...ကျေးဇူးပြုပြီး စားမရသည့် အစားအစာ များကို စားပွဲပေါ်မတင်လာပါနဲ့...၊ထိုသို့မဟုတ်ပါက အလုပ်သမားကို ချက်ချင်းဖြုတ်မည်ဖြစ်ကာ၊ ဘယ်တော့မှ ပြန်ငှားရမ်းမည် မဟုတ်ချေ။)

"ကျွန်.. ကျွန်မ...အမ်..."
ဖန့်ချီ၏ အမူအရာကို ကြည့်ကာ လိုလီလေးက ဒုတိယ စည်းမျဉ်းကို သတိထားလိုက်မိသည်။ ထို့ကြောင့်သူမက ချက်ချင်းပင် ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်...၊ ကျွန်မ နာမည်က ကျန်းရှောင်ယွဲ့ ပါ..."

သူမေလးက သူမ၏ နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးတော့ , စိတ်သက်သာရာ ရသည့်ဟန်ဖြင့် သက်ပျင်းချကာ သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ငါလေး စမတ်ကျနေတာကိုပဲ...ကျေးဇူးတင်ရမယ်...၊ ဒီ ရူးနေတဲ့ ဆိုင်ရှင် က ငါ့ကို လှည့်စားမယ်လို့တော့ ငါမထင်ဘူး..."

ထိုကဲ့သိုပင်...ဖန့်ချီက သူမကို ဝန်ထမ်းတစ်ယောက် လိုက်နာရမည့် စည်းမျဉ်းများကို လွဲပြောင်းပြီးနောက်...,ထို လိုလီလေးက သူဆိုင်၏ အလုပ်သမား တစ်ယောက် ဖြစ်လာခဲ့သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now