Chapter 28

284 48 0
                                    

ယူတို့တွေများ တချို့ပေါ့...အချစ်တွေ ပေါ့လိုက်တာ...အပိုင်း၇၀ကို ၁၀၀၀တောင်မှ လူလေး၂၀ပဲ လာတယ်😔... ဒီလောက်တန်နေတာကို....အချစ်တွေ အရမ်းပေါ့ကြတယ်နော်😞😞😣😣 တခြားလူလေးတွေ ကိုလည်း လက်တို့ပေးဦးနော်... အပိုင်း (31) to (100) ထိမှ ၁၀၀၀ထဲနော်😘😘😍

---

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း -(28)

သို့သော်လည်း စောင့်နေသော ကစားသမားများက ခါတိုင်းနဲ့မတူ တမူထူးခြားနေပေသည်။ ဒီနေ့တော့ သူတို့က ကွန်ပြူတာ တစ်လုံးစီ၏ နောက်တွင် ရပ်ကာ အားလုံးက အစီအစဥ်တကျ ဖြစ်နေပေသည်။

ဘာတွေ ဖြစ်ကုန်တာလဲဟ...

သူက ထို ကျောက်သင်ပုန်း လေးကို တစ်ချက်ကြည့်လိုက်ပြီး - " မကြာသေးခင်ကမှ အင်တာနက်ကဖေးဆိုင်က နာမည်ကြီးလာတာလေ၊ အခုကျတော့ ဘာတဲ့ 'ထိုင်ခုံများမရှိရင် ကျေးဇူးပြုပြီး စီတန်းရပ်ပေးပါ'တဲ့...."

"..." စိတ်ပျက်စွာဖြင့် သူက ကျောက်သင်ပုန်း ကိုညွန်ပြကာ မေးလိုက်သည်။ "ဆိုင်ရှင်...ကျွန်တော်တို့ က အခုကစပြီး တန်းစီရဦးမလား..."

ဖန့်ချီ ကရယ်မောလိုက်သည်။ "တောင်းပန်ပါတယ်ကွာ .... ဒီမှာ လူတွေ များနေပြီ...."

သူ့တွင် ရွေးချယ်စရာမရှိတော့သည်ကို သိလိုက်သည်။ ရှီချီက စိတ်ညစ်စွာ ကြည့်လိုက်သည်။ သူက တန်းစီစောင့်ရုံကလွဲ၍ ဘာမှမလုပ်နိုင်တော့ချေ။

"ဆိုင်ရှင်... ခင်ဗျားထိုင်ပြီးပြီလား..." နှုတ်ခမ်းမွေးနဲ့ လူက ဝင်လာသည့်အချိန်တွင် အေးခဲသွားသည်။ ခုံများ စက်များအားလုံးက ပြည့်နေပြီဖြစ်ကာ စက်တွေလည်း တစ်ခုမှ မကျန်တော့ပေ။

သူက တောက်ပစွာ ပြုံးလိုက်ပြီးတော့ အကြံပေးလိုက်သည်။ "ဆိုင်ရှင်ရေ...ငါထင်တာကတော့ ခင်ဗျားဆိုင်ကို ချဲ့သင့်နေပြီ ထင်တယ်..."

ဖန့်ချီ ကလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်လည်း အဲဒီလို ထင်တယ်..၊ ဒီနေရာမှာ ကြာလာလေလေ ငါ့အတွက်တောင် နေရာမရှိတော့ဘူး..."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now