Chapter 58

178 32 1
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(58)

စိတ်ကြည်နေသော အဖိုးဖြစ်သူ နလန်ဟုန်ဝူ မှ သူ၏ခေါင်းကို  ရိုက်သွားသဖြင့် နလန်ကျီမှာ သေတော့မလိုပင် ခံစားလိုက်ရသည်။
'ငါလုပ်တာ ဘာမှားသွားလို့လဲ..´

'တစ်ကယ်လို့ ငါက အဆင့်နှစ် ဆိုရင်တောင် ဘာလို့ ငါက အန်ဒါဒီရယ် ကို သတ်လို့မရတာလဲ..´
သူ၏ ခေါင်းကို ပွတ်ကာ ငိုမိမလိုပင် ခံစားနေရသည်။
'မဟုတ်ဘူး... ငါ အဆင့်တွေမြှင့်ပြီး သန်မာအောင်လုပ်မယ်...မဟုတ်ရင် ငါနောက်ကျကျန်ခဲ့ လိမ့်မယ်...´

သုံးနာရီ ကြာပြီးနောက်...

အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသည့် ကျင့်ကြံသူ က အရင်ကထက်ပို၍ စိတ်ရှုပ်ထွေးလာခဲ့သည်။
"ဒါက တော်တော်ကြာနေပြီ...၊ ဘာကြောင့်လဲဆိုတာလည်း ငါတို့ ဘာမှမကြားရဘူး... "

ဒီအချိန်တွင်... နလန်ကျီ ကား အမှောင်သစ်တော ကို ရောက်ရှိနေခဲ့သည်။ ဖန်သားပြင်ပေါ်တွင် ဧရာမကြီးမားသည့် သားရဲများက သူ့ကို လိုက်လံ ဖမ်းဆီးနေကြသည်။ ထို သားရဲဆိုးကြီး များက အရွယ်အစားသာ ကြီးမားသည်မက သူတို့၏ ပြေးပုံမှာလည်း လေအလျင်ကဲ့သို့ အလွန်မြန်ပေသည်။ အထူးသဖြင့် အလယ်မှ မီးခိုးနှင့်အဖြူရောင် အမွေးရှိသည့် အကောင်က အခြားကောင်များထက် ပို၍ မြန်ပေသည်။

'သေစမ်း....ငါ့ရဲ့ခံနိုင်ရည်လည်းကျနေပြီ...ပြေးနေတာက လုံလောက်ပြီမလား..."

နလန်ကျီ က ရုတ်တရက် သူ၏ ခံနိုင်ရည် အတန်းက ကုန်ဖို့ရာ နီးကပ်လာခဲ့သည်ကို သတိထားလိုက်မိသည်။

မောပန်းနွမ်းနယ်မှုက ရုတ်တရက် သူ့ကို ကျော်လွားသွားကာ... သူနောက်ထပ် ထပ်၍မပြေးနိုင်တော့ချေ။

လုပ်ကြံသတ်ဖြတ်သူများကား HP(သွေးတန်း) နည်းကာ  အနီးကပ်တိုက်ခိုက်မှု များတွင်အထူးပြုကာ နှင့် ခံနိုင်ရည် ကို ပိုမိုမြန်ဆန်စေပေသည်။ ထို့ကြောင့် လျင်မြန်ပြီး ရက်စက်သော သားရဲကောင်များနှင့် တွေ့လျှင် ပြေးမလွတ်တော့ချေ။

နလန်ကျီ ၏ ဇာတ်ကောင်မှာ ရုတ်တရက် ဝန်းရံခံလိုက်ရသည်။ ထို့နောက် သူ၏ ဖန်သားပြင် ကား နက်မှောင်သွားသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt