Chapter 59

171 28 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(59)

ဖန့်ချီ, အန်းချန် နှင့် ပီချဲ တို့လို ကစားသမားများ တစ်သုတ်သည် အမြန်ဆုံး တိုးတက်လာခဲ့သည်။

သူတို့အားလုံး က ဘုရားကျောင်း၏ အတွင်းဘက် သို့ ရောက်ရှိနေခဲ့သည်။ မကြာမှီ... သူတို့က အန်ဒါဒီရယ် ၏ အသိုက် ရှိရာသို့ ရောက်ရှိပေတော့မည်။

နလန်ဟုန်ဝူ နှင့် အကြီးအကဲဖူ တို့က အဆင့်များစွာ မြင့်မားခြင်း မရှိသော်လည်း သူတို့နှစ်ယောက်လုံး ကား တိုက်ခိုက်ရေး တွင် အလွန် ကျွမ်းကျင်ကာ စွမ်းရည်ရှိလှပေသည်။ အခြားနည်းအရဆိုရင် သူတို့က အန်းချန် နှင့် တခြားသူများထက် ပို၍ အကျိုးရှိပေသည်။

ခဏတာကြာပြီးနောက် ,မွန်းစတား များကား အနိုင်ယူရခက်လာပေသည်။ ပြီးတော့ လူအိုကြီး များက လူငယ်များ၏ အဆင့်ကို တဖြည်းဖြည်း မှီလာခဲ့ချေပြီ။

အခုချိန်တွင် သူတို့ အဖွဲ့တွင် ပါလားဒန် နှ်ယောက်၊ စုန်းကဝေမ သုံးယောက် နှင့် ဒရူးဝတ် တစ်ယောက် ပင် ပါရှိကာ သူတို့က သန်မာပြီး ရပ်တန့်၍ မရပေ။ သူတို့က အခန်းကြီး 1ကို မကျော်ဖြတ်နိုင်သေးသော်လည်း လမ်းတစ်လျှောက်ရှိ မွန်းစတား များကား သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

အင်တာနက်ကဖေးဆိုင် ၏ အခြားတစ်ဖက်တွင် စွန်းချင်းဖန် နှင့် သူ၏ သူငယ်ချင်း များက စစ်တန်းလျားများကို ကျော်ဖြတ်ပြီးတော့ အကျဥ်းထောင် ရှိရာကို တဟုန်ထိုး ဝင်လာခဲ့သည်။

ယနေတော့....သူတို့က ဝမ်တိုင် ၏ ဘေးနားတွင် ထိုင်နေကြသည်။

သူတို့အားလုံးက အရင်ကတည်းက သိလာသည့် ကစားသူများ ဖြစ်သောကြောင့် သူတို့အချင်းချင်း သိနေကြပြီး တစ်ခါတစ်ရံ ဆက်သွယ်မှုများပင် ရှိချေသည်။ သူ၏ ဇာတ်ကောင်က ဂိမ်း၏နေရာများ အကြား ပြေးလွားနေစဥ် စွန်းချင်းဖန် က စပရိုက်ကို အနည်းငယ်မော့ကာ ဘေးနားမှ ဝမ်တိုင်၏ ဖန်သားပြင်ကို ကြည့်လိုက်သည်။

နောက်တော့ မကြာမီတွင် ဘာတွေလုပ်နေလဲဆိုတာကို သူမြင်ရသည့်အချိန်တွင် သူ၏မေးများပင် အောက်ကျသွားသလို ဖြစ်သွားသည်။ ဝမ်တိုင်ကား သူ့ကို ကူညီသည့် အသင်းဖော် တစ်ယောက်မှ မရှိတာကိုပင် တစ်ကိုယ်တော် ဆော့ကစားကာ စမစ်ကို တစ်ကိုယ်တော် အနိုင်တိုက်ရန် ကြိုးစားနေပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt