Chapter 37 (B)

229 36 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"
အပိုင်း-(37)(B)

ပထမဆုံး ပေါ်လာသည့် မြင်ကွင်းတွင် တစ်ကိုယ်​တော်ကစားသူ အခန်း နှင့် အသင်းဖော်များ အခန်းဟူ၍ ရွေးချယ်စရာနှစ်ခုရှိသည်။ သူတို့က ဖန်သားပြင်ကို  စူးစမ်းစွာ ကြည့်လိုက်ပြီးတော့ မေးလိုက်သည်။
"ဆိုင်ရှင်... ငါတို့ ဘယ်တစ်ခုကို ရွေးသင့်တယ်လို့ ထင်သလဲ...."

ဖန့်ချီက ပြန်​ဖြေလိုက်သည်။
"တစ်ကယ်လို့ မင်းက တစ်ယောက်ထဲပဲ သီးသန့်ကစားခြင်ရင်တော့ တစ်ကိုယ်တော် ကစားသူ အခန်းကိုသာ ရွေးလိုက်..၊ အဲဒီလိုမှမဟုတ်ဘူး...မင်းက စွန့်စားခန်းတွေ အတူတကွ လုပ်ခြင်ရင် အသင်းဖော်များအခန်းကို ရွေးလိုက်လေ..."

"စိတ်ဝင်စားစရာ ကောင်းတာပဲ..၊ ဒီဆိုင်က တစ်ကယ်ကို ပြိုင်ဘက်ကင်းပဲ..."
ကျေနပ်အားရစွာဖြင့် အန်းချန် ရယ်မောလိုက်မိသည်။ သူက ပီချဲ ကို ပြောလိုက်သည်။
"မင်း...ဘယ်လိုထင်လဲ သားကြီး..၊ငါတို့အတူ ကစားကြမလား.."

"ဖက်တီးလည်း မေးလိုက်ပါဦး...တကယ်၍ သူပါဆော့မယ်ဆို အတူတူဆော့ကြတာပေါ့..."
ပီချဲက 'အသင်းဖော်များ အခန်း´ကို နှိပ်လိုက်ပြီး ဖန့်ချီက သူ့ကို အခန်းတစ်ခန်းကို ဘယ်လိုဖွင့်ရတယ်ဆိုတာ သင်ပေးလိုက်သည်။
"အတူကစားကြစို့...."

မကြာမှီ... ပီချဲ က သူ့ဇာတ်ကောင်ကို ရွေးလိုက်သည် ။

နယ်မြေတိုက်ကြီး အသစ်တစ်ခုကို ရှာဖွေသလို ခံစားရပြီး...ဘဝနဲ့ပင် တူသည့် ဇာတ်ကောင်များကို သူတွေ့လိုက်ရသည်။
"ဒီဆိုင်က မှော်ဆန်တယ်ဆိုတာ...တစ်ကယ်ကို မှန်တာပဲ..."

သူက မောက်စ် ကို ကစားသမားတွေကြား ဆွဲ ကြည့်လိုက်ကာ, ပေါ်လာသည့် ကစားသမားတွေရဲ့ ဖော်ပြချက်များကို ဖတ်ရှုလိုက်သည်။ ဖော်ပြချက် တစ်ခုခြင်းစီတိုင်းက အလွန်ကို အသေးစိတ် ဆန်စွာ ရေးထားပေသည်။

[အမ်မဇွန်(အမျိုးသမီး  ဇာတ်ကောင်သီးသန့်) တောင်ပင်လယ် အနီးရှိ လွင်ပြင်များတွင် လှည့်လည်နေသော အမျိုးသမီး စစ်သည်တော် ..]

[လုပ်ကြံသတ်ဖြတ်သူ: သိုင်းပညာအခြေခံ; သူမ၏ ခန္ဓာကိုယ် နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုက သေစေနိုင့သော လက်နက်များဖြစ်သည်။]

[ပါလားဒန်(ရှေးဦးသူရဲကောင်း): အလင်းတော်၏ ကျက်သရေအတွက် ဇာကာရမ် ဘုရားကျောင်း၏ ဘာသာရေး တိုက်ပွဲဝင်သူ တစ်ဦးဖြစ်သည်။ သူက တိုက်ပွဲ များအတွက် အမြဲ အသင့် ဖြစ်နေသူ တစ်ဦးဖြစ်ပြီးတော့ သူယုံကြည်ရာအတွက် ကံကြမ္မာကို တိုက်ခိုက်မည့်သူ...]

[စုန်းကဝေမ: သူမက သဘာဝ မှော်တွင် ကောင်းမွန်သူ ဖြစ်ကာ: မီး၊လျှပ်စစ်၊ ရေခဲ တို့ဖြစ်သည်။]

[ဒရူးဝတ်: သဘာဝတရားကြီးကို ထိန်းချုပ်နိုင့သည့် အစွမ်းရှိကာ:သူနဲ့ အတူတိုက်ခိုက်ရန် သားရဲတိရစ္ဆာန်ကြီးတွေနဲ့ လေမုန်တိုင်း များကိုပါ ဆင့်ခေါ်နိုင်ပေသည်။]

"ငါ့ရဲ့ ဇာတ်ကောင်ကို ရွေးချယ်ရတာလား..."
ပီချဲ က ဇာတ်ကောင် ၇ကောင်ကို ကြည့်ကာ လုံးဝမှင်သက် တုန်လှုပ်နေမိသည်။

"ငါတို့ ဘာကို လိုခြင်တာလဲဆိုတာကို ရွေးချယ်လို့ရတယ်ကွ...."

သူက အန်းချန် ၏ ပုခုံးကို ကိုင်ကာ မေးလိုက်သည်။
"ငါတို့ ဘာတွေ ရွေးကျမလဲ..."

အန်းချန် မျက်မှောင်ကျုံ့လိုက်သည်။
"စုန်းကဝေမ ကိုကြည့်ရတာ ကျင့်ကြံသူ နဲ့တူတယ်၊ ပြီး​တော့ ငါ့ရဲ့ ကိုယ်ပိုင် စိတ်ဝိဥာဥ်မန္တန် တွေကလည်း မီးကိုအခြေခံတာလေ..၊ငါကတော့ စုန်းကဝေမ ကို ရွေးချယ်တယ်..."

"ဒါဆို ငါကတော့ ဒရူးဝတ် ကိုရွေးတယ်..."ပီချဲ ကပြောလိုက်သည်။
"သူက သဘာဝတရားကြီးကို ထိန်းချုပ်နိုင်တယ်တော့...သူက ကောင်ကင်ဘုံတာအိုကို လေ့ကျင့်လား..၊ငါက​တော့ သူနဲ့ ကြိုးစားကြည့်မယ်..."

"ညီအစ်ကို အိုးယန် ကရော ဘာလဲ..."
အန်းချန် ကမေးလိုက်သည်။
"မင်း...ဘယ်သူကို ရွေးချယ်လဲ.."

"ငါလည်း စုန်းကဝေမ ကို ရွေးချယ်ထားတာပဲ၊ "
အိုးယန်ချန် ကရယ်မောလိုက်သည်။
"ငါက လျှပ်စီးမန္တန် ကို လေ့ကျင့်တယ်လေ.. ပြီးတော့ မင်းက မီးမန္တန်ကို လေ့ကျင့်တယ်လေ... "

"ငါလောင်းရဲတယ်.. အရူးတွေကမှ ဒီလို စစ်သည်တော် ဇာတ်ကောင်ကို ရွေးလိမ့်မယ်.."

"အဆင့်နိမ့် စစ်သည်တော်တွေ ကတော့ သူ့ကို ရွေးချယ်နိုင်တာပဲ.."

ထိုသုံးယောက်က ရယ်မောလိုက်ပြီးတော့ ဂိမ်းထဲကို လျင်မြန်စွာ ဝင်သွားတော့သည်။

-------

#Translator -S.M

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now