Chapter 56

184 32 1
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(56)

"သူတို့ကစားနေတဲ့ ဂိမ်းကို ဒီအားဘလို လို့ ခေါ်တာလား..."
ဖန့်ချီ ကသူ့ကို ဂိမ်းအကြောင်းရှင်းပြပြီးနောက် ပူးလန် က သူမြင်နေရသည့် ဖန်သားပြင် ပေါ်က အရာတွေကို တဖြည်းဖြည်းနဲ့ ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားလည်လာခဲ့သည်။

"ဒါပေမယ့်...ဒါက တစ်ကယ်ကြီးကို မှော်ဆန်နေတာလား..."
ပူးလန် သည် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး စိတ်ဝိဥာဥ် စွမ်းအား ပေါကြွယ်ဝသည့် ကုန်းမြေတစ်ခုလုံးကိုပင် ခရီးသွားဖူးပေသည်။ သို့သော်လည်း ဒီလို အံ့အားသင့်ဖွယ် အဖြစ်မျိုးကို မကြုံဘူးချေ။

ကျန်းရှောင်ယွဲ့ က စူးစိုက်စွာ ဖြင့် သူပြောနေသည်ကို နားထောင်နေသည်။ သူမက ဖန့်ချီ တစ်ယောက် ဂိမ်းအကြောင်းကို မရေမတွက် ရှင်းပြသည်ကို ကြားနေရသည့်အတွက် တီးတိုးရေရွတ်မိသည်။
"ဒီဂိမ်းက တစ်ကယ်ကြီးကို ကောင်းတာပဲလား..."

'ဟမ့်...သူချဲ့ကားပြောနေတယ် ဆိုတာကို ငါလောင်းရဲတယ်... ´
ကျန်းရှောင်ယွဲ့ က ဒေါသတကြီး တွေးလိုက်သည်။

(ဆိုင်က အလုပ်သမားကတောင် မင်းကိုမယုံဘူး...ငချီ အတွက် မျက်ရည် နှစ်စက်...)

ပူးလန် က ဖန့်ချီ၏ ကျိုးကြောင်းမဆီလျော် သော စကားများကိုပင် အနည်းငယ် သံသယဝင်နေမိသည်။ သို့သော်လည်း..စစ်သည်တော်မျှော်စင် အရှင်ပင် ဒီဂိမ်းကို ​ဆော့နေသည်ကို ကြည့်၍ တစ်ခုခုက ကောင်းမွန်သည်ကို တော့ သတိထားမိပေသည်။ ထို့ကြောင့် သူက ထို သတင်းအချက်အလက် များကို ရလိုက်သည်နှင့် သူက ထိုဂိမ်းကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ့လို ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သလင်းကျောက် ဆယ်တုံးကား တစ်ကယ်ပင် မများပြားပေ။ တစ်ကယ်လို့ ဒိဂိမ်းကသာ သူ့ကို ပျော်စရာ နှင့် စိတ်လှုပ်ရှား မှုကို တစ်ကယ်သာ ပေးစွမ်းရင် တန်ပေသည်။

"ငါ စမ်းကြည့်သင့်လား.."
ပူးလန် က သူ၏ သလင်းကျောက် ဆယ်တုံး ကို ထုတ်ကာ မျက်မှောင်ကျုံ့လိုက်သည်။ ဖန့်ချီကို ပေးလိုက်ရာမှ သူကထပ်မံမေးလိုက်သည်။
"မင်းရဲ့ဂိမ်းက ဒီလောက်ပမာဏ တန်တာ သေချာရဲ့လား... "

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now