Chapter 80

77 10 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(80)

"ဂိမ်း အသစ်ဟုတ်လား..."

"ငါတို့လည်း ကြည့်သင့်တာ မမှားဘူးလို့ ထင်တယ်..."
ချန်ယန် ၏ သူငယ်ချင်း များက ခေါင်းငြိမ့်လိုက်သည်။ သူတို့ကလည်း R.Eကို အောင်မြင်ပြီး ဖြစ်၍..သူတို့အနေဖြင့် ဂိမ်းအသစ်ရွေးချယ် ဆော့ကစား ရာတွင် မမှားယွင်းဘဲ ငွေကုန်တာနှင့် တန်အောင် သိထားသင့်ပေသည်။

ကျန်းရှောင်ယွဲ့ က ကောင်တာနောက်တွင်စိတ်ပျက်စွာ ထိုင်နေသည်။ ပုံမှန်ဆိုလျှင် သူမ အနေဖြင့် ဘာမှလုပ်စရာမရှိသည့်အခါ ဖန့်ချီ အနားပြေးသွားပြီး သူကစားတာကို ကြည့်လေ့ရှိသည်။

သို့သော် ယနေ့တော့....

သူမက ဖန့်ချီ၏ အနောက်မှ လူအုပ်ကိုကြည့်ကာ..သူမအား အနိုင်ဝိုင်းကျင့်သလို ခံစားနေမိသည်။

'ငါလေ...အခုထက်ပိုပြီး အရပ်ရှည်လာဖို့ ဆုတောင်းတယ်...´
အခုတော့ သူမအနေဖြင့် ခုန်၍ ကြည့်သော်လည်း ဖန့်ချီ၏ ဖန်သားပြင်ကိုပင် မမြင်ရချေ.....

မိန်းကလေးတွေ ဆိုသည်ကား သူတို့၏ ရုပ်သွင်နှင့် ပတ်သတ်၍ အလွန်ဂရုစိုက်သော အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် လန်ယန် နှင့် နလန်မင်ရွယ် တို့က အိပ်ရေးဝအောင် အိပ်နေ၍ မလာသေးခြင်း ဖြစ်သည်။ သူတို့၏ မျက်ကွင်းများက ညိုနေသော်လည်း တခြားသူများလိုတော့ မသိသာချေ...

သူတို့ဆိုင်ထဲကို ဝင်လာစဥ်ကလည်း နလန်မင်ရွယ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ နလန် မိသားစု၏ လူငယ်မျိုးဆက်တွင် ပါရမီအရှိဆုံး ပါရမီရှင်မလေး တစ်ယောက်အနေဖြင့် သူမဘဝတွင် မနေ့ညကထိ အဆူမခံရဘူးချေ....

သူမ၏ ပထမဆုံး ဆူခံရသော အတွေ့အကြုံ ကလည်း အားလုံးအရှေ့တွင် ဖြစ်ပျက်ခဲသောကြောင့် အရှက်ပိုသည်းနေမိသည်။

"ရှောင်ယွဲ့...ဖန့်ချီ ကစားတာကို နင်မကြည့်တော့ဘူးလား..."
လန်ယန်က ခုန်ဆွခုန်ဆွဖြင့် ဖန့်ချီ၏ မျက်နှာပြင်ကို မြင်ရန် ကြိုးစားနေသည့် ကျန်းရှောင်ယွဲ့ ကိုမြင်၍ ရယ်မောကာ မေးလိုက်သည်။
"လာပါ...ငါတို့ကို ဟားဂန်ဒက်စ် ရေခဲမုန့် နှစ်ဗူးပေး...ပြီးရင် ငါနင့်လက်မောင်းကို ကိုင်မြှောက်ပြီး ချီ,ပြပေးမယ်...."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now