Chapter 81

92 8 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(81)

အင်တာနက်ကဖေးဆိုင် မှ ထွက်လာသည့် ဖောက်သည် တစ်ဝက်ခန့်၏ မျက်လုံး များမှာနီရဲမို့မောက်နေသည်။

  နလန်ဟုန်ဝူ ပင် သူမြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင်းသူ၏လျှာကို သပ်လိုက်သည်။ ထိုအရာက ဂိမ်းတစ်ခုသာဖြစ်သော်လည်း သူ၏အရင်အတိတ်များကို သတိရစေကာ ပြန်လည်ဆင်ခြင် နေရသည်။

ထို့အတွက်ကြောင့်ပင်.....သူက နတ်မိမယ်နှင့်ဒဏ္ဍာရီလာဓား ၏ နောက်ပိုင်းဇာတ်လမ်းများတွင် ဘာများ ဖြစ်လာမလဲဆိုတာကို စတင်ကာ ကြိုတင်၍ ခန့်မှန်းနေမိသည်။

လူငယ်တွေက သူ့ထက်ပင် ပိုမိုတက်ကြွနေသည်။

သူတို့က ဆိုင်ထဲမှ ထွက်သွားပြီးသည့်တိုင်အောင်....ဂိမ်းထဲမှ သူတို့မြင်ခဲ့ရသည့် ဇာတ်လမ်းများကို သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့်အလား တွေးနေမိသည်။

ရှောင်းယောင် ကား ပျော်ပျော်နေတက်သော်လည်း သိတက်စိတ်အပြည့်ရှိသူ ဖြစ်သည်။ ယွဲ့ရူ က ခေါင်းမာပြီး ရိုးအ ဟန်ရသော်လည်း နူးညံ့သော နှလုံးသားပိုင်ရှင်လေး ဖြစ်ပြီး လင်း ကတော့ ညှာတာသနားတက်ကာ ချိုမြိန်သော အကျင့်စရိုက့ ရှိသူလေးဖြစ်သည်။ ထို့အပြက် လျိုကျင်းယွမ် နှင့် လိပ်ပြာနတ်မိစ္ဆာမလေး ဇာတ်လမ်းက သူတို့၏ နှလုံးအိမ်ကို ထိခိုက်စေသည်။

သူတို့အနေဖြင့် ဂိမ်းတွင်းဇာတ်ကောင်များ၏ ပျော်ရွင်မှု နှင့်ဝမ်းနည်းမှုများ စသည့် စိတ်ခံစားချက်များကို အတူတူ မျှပြီး ခံစားကြရမည်ဟု တစ်ခါမှ မတွေးမိကြချေ။

"ဒီလိုဂိမ်းမျိုးကို လူပိုသိသင့်တယ်....အဖိုးတန်တဲ့ ရသမြောက်တဲ့အရာကို လူပိုသိအောင် ငါတို့လုပ်ပေးရမယ်..."

"ငါတို့တွေ ဒီဂိမ်းအကြောင်းကို တခြားလူတွေ ပိုသိအောင် ကြိုးစားပေးဖို့ လိုအပ်တယ်..."
ချန်ယန်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ အမူအရာမှာ တက်ကြွလာသည်။
"ဟုတ်တယ်...ငါတို့တွေ တခြားလူတွေ သိအောင် ကြိုးစားကြရမယ်...."
(နေရင်းထိုင်ရင်း ငချီအတွက် ကြော်ငြာပေးသူတွေကို အခမဲ့ ရနေတယ....ထိုင်နေပြီး သလင်းကျောက်တွေကို ကောက်ယူရုံပဲ....ငိငိ...)

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now