Chapter 47

235 37 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(47)


ဆိုင်အတွင်းထဲရှိ ဖောက်သည်များအားလုံးမှာ ဘာတွေဖြစ်နေတာလဲ ဆိုတာကိုကြည့်မိကာ တုန်လှုပ်သွားကြရသည်။

ထို ပြသနာရှာခြင်သူ (ဝါ) ပြသနာကို ဖြစ်​ခြင်နေသူများမှာ အလိုလိုပင် ခြေလှမ်းဝက်လောက် နောက်ဆုတ်မိသွားသည်။

နလန်ယင် သည်ပင် ဖန့်ချီ၏ ဆိုင်မှ သူ မည်သို့၊မည်ပုံ ဘယ်လိုထွက်သွားမိမှန်း မသိလိုက်မိချေ။

...

နလန်မင်ရွယ် က သူမ၏ အိစက်ညက်ညောသည့် အိပ်ယာပေါ်တွင် ထိုင်နေပြီး လန်ယန် ယူလာသည့် သတင်းအသစ်များကို နားထောင်နေသည်။ သူမကြားရသည့် အရာများက အနည်းငယ် တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

'ငါ့အနေနဲ့ တစ်ကယ်ကိုပဲ ဒီဆိုင်ကို ယူဖို့လုပ်သင့်သလား..´

တစ်ခုခုလုပ်မည်ဆိုလျှင် အစီအစဥ်ချပြီးမှ လုပ်မိခဲ့သည့်အတွက် သူမကိုယ်သူမ ဖြေသိမ့်နေမိသည်။ သူမက အလောတကြီး မလုပ်ဆောင်မိချေ။ ထို့အတွက် သူမ၏ အဆုံးသတ်ကား ရှောင်ယွီ ၊ ရှဖူဝေ့ နှင့် နလန်ယင် တို့လို မဖြစ်ခဲ့ပေ...

သူမ၏ မျက်တောင်မွေးလေးများက အသာလှုပ်ခတ်သွားကာ သူမ၏ မျက်လုံးများ ငြင်သာစွာပိတ်လိုက်သည်။

"ဆိုင်ကို စုံစမ်းနေတာ ရပ်လိုက် လို့ သူတို့ကို ပြောလိုက်တော့..."
သူမက ပြောလိုက်သည်။

R.E ပထမတွဲကို အောင်မြင်ထားသည့် စွန်းချင်းဖန် နှင့် ရှစီရှင်း တို့လို ကစားသမားများက ဂိမ်းအသစ်ဖြစ်သည့် ဒီအားဘလိုနှစ် ကို စတင် စမ်းသပ်လာခဲ့ကြသည်။

ဂိမ်းကို စတင်ကစားသည့် သူများ၏ စိတ်တွင်တူညီသည့် အတွေးတစ်ခုက ဖြစ်ပေါ်စေသည်။
'ဒီဂိမ်းက ပျော်စရာကောင်းတယ်၊ အသစ်ဖြစ်ပြီးတော့ လေ့ကျင့်ဖို့လည်း ကောင်းမွန်သည်´ဆိုသည့် အတွေးပင်ဖြစ်သည်။

သို့သော်လည်း...တစ်ကြိမ်ကစားဖူးသည့် ကစားသမားများသည် တဖြည်းဖြည်းခြင်း အတွေ့အကြုံရှိသော ကစားသမားများ ဖြစ်လာကြသည်။ အကြောင်းကတော့ သူတို့ စိတ်ဝင်းစားသည့် အရာများနှင့် ဝါသနာများ မတူညီမှုကို ဂိမ်းမှ မတူညီသည့် ကဏ္ဍများမှ ဆွဲဆောင်ခြင်းခံရသောကြောင့် ဖြစ်ပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now