Chapter 61

176 31 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(61)

"ဒီနေရာပဲ.. ငါတို့ရောက်ပြီကွ.....
ပူးလန် ကဲ့သို့ကျင့်ကြံသူ တစ်ယောက်တွင် နောက်ဆုံးအချိန်က တွေ့ခဲ့သည့် ကျန့်ယန် နှင့် ကျိုးဟုန်ယင်းလို သူငယ်ချင်း များစွာရှိပေသည်။

ဒီနေ့တော့ သူတို့သုံးယောက်သာ ပြန်လာခဲ့သည်သာမက နောက်ထပ် ယောကျာ်လေး သုံးယောက် နှင့် မိန်းကလေး တစ်ယောက် စုစုပေါင်း လူလေးယောက်ကိုပါ သူတို့နဲ့ ခေါ်လာခဲ့ပေသည်။

"တာအိုရောင်းရင်း ပူး..."
အဖြူရောင်ဝတ် ထားသည့် ငယ်ရွယ်သည့် ကျင့်ကြံသူ က ပူးလန့် ညွန်ပြနေသည့်နေရာကို ကြည့်ကာ မေးလိုက်သည်။
"ဒါက သာမန်အရပ်သား တွေရဲ့ နေရာ မလား...၊ နောက်ပြီးတော့.... ဒီဆိုင်ကို ကြည့်ရတာက ကောင်းမယ့်ပုံလည်း မပေါ်ဘူး... ၊ မင်း ဘာကြောင့် ငါတို့ကို ဒီကို ခေါ်လာတာလဲ.... "

အခု ဖန့်ချီ၏ ဆိုင်တွင် ကွန်ပြူတာ အလုံး၅၀ ကျော်ရှိသော်လည်း... ဒါက သူ၏ ကမ္ဘာရှိ သူခဏခဏ သွားသည့် အင်တာနက်ကဖေး များနဲ့ မတူသေးချေ။ ထိုနေရာများက သီးသန့် အခန်းတွေနှင့် ယာယီခန်းလေးများ ရှိပေသည်။ သူအခု လက်ရှိတည်ဆောက်မှုသည် နေရာချွေတာရန်အတွက် ခုံတန်းများနှင့်ထားပြီး များကိုထောက်ပံ့ပေးထားခြင်း ဖြစ်ကာ ထိုအရာက အကြီးစား အဆောက်အအုံများနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပါချေ။

"တာအိုရောင်းရင်း ယု...ပြောတာ မှန်တာ..."
အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်း လူက စိတ်ရှုပ်စွာဖြင့် ထောက်ခံစကား ပြောလိုက်သည်။

"မင်းဆိုတာက နှစ်ပေါင်းများစွာ နေရာတွေ အများကြီးကို မင်းရောက်ခဲ့တယ်...၊ဒါ့ကြောင့် မင်းညွန်းတဲ့နေရာက ပြိုင်ဘက်ကင်း ပြီး ဝတ္ထုဆန်ဆန် နေရာတစ်ခုလို့ ငါက ထင်ထားခဲ့ တာလေ...."
သူ၏ ရှေ့မှ ဆိုင်ငယ်လေး ကို ညွန်ပြကာ သံသယဝင်စွာ ပြောလိုက်သည်။
"မင်း က ဘာကြောင့် ဒီနေရာကို တအားသဘောကျနေရတာလဲ..."

ကျန့်ယန် ၏ ဘေးနားတွင်  ရပ်နေသည့် မျက်နှာနီနီ,နူတ်ခမ်းမွေး စ,စနဲ့  သတ်လတ်ပိုင်း ကျင့်ကြံသူ တစ်ယောက် ရှိနေသည်။ ထိုသူက နဂိုကတည်းက ခပ်အေးအေး လူတစ်ယောက် သာဖြစ်သော်လည်း အခုတော့ သူ၏ဘေးနားက လူနှစ်ယောက်၏ သောက ပွေနေသည်ကို နားထောင်ကာ သူ၏ ရှေ့မှ ဆိုင်ကို သံသယဝင်စွာ ကြည့်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now