Chapter 2

573 64 2
                                    

Zawgyi

ကျင့်ကြံခြင်းကမ္ဘာ မှ အင်တာနက်ကဖေးစနစ်

အပိုင်း(2)

ဖန့်ချီ က သူ၏ အင်္ကျီလက်စ များကို အသာ ပင့်တင်ကာ ဖက်တီးကို တစ်ချက်ကြည့်ရင်း အနည်းငယ် မနှစ်မြို့သော လေသံနဲ့ ပြောလိုက်သည်။

" အဲ့ဒီ ကိစ္စ နဲ့ပတ်သတ်ပြီး မင်းမှာ ပြဿနာရှိလို့လား?.."

" မင်း မမှတ်မိတော့ဘူးလား လင်းယန်အကယ်ဒမီ ကျောင်းတော်က ဝင်ခွင့်က မနက်ဖြန် ထိပဲနော်၊ အချိန်က ကပ်နေပြီ... မင်း သွားရော ဖြေပြီးပြီလား..."

ဖန့်ချီ က သူ့လက်များကို ခါထုတ် လိုက်သည်။

"ငါ မသွားတော့ဘူး၊ ငါ့ ဆိုင်ကိုပဲ အာရုံစိုက်တော့မယ်"

"ဆိုင်ကိုပဲ အာရုံစိုက် မယ်"

ဝမ်တိုင် စက္ကန့် အနည်းငယ် အေးခဲ သွားသလို ခံစားရပြီး ဖန့်ချီ ကို အပေါ်အောက် စုန်ဆန်စွာ သေချာ ကြည့်နေမိသည်။

"မင်း...အရှုံးပေးလိုက်တာလား..."

ထို့နောက် သူ တခစ်ခစ် ရယ်နေပြီး ခုံရှည်ပေါ် ထိုင်ချ လိုက်သည်။

"မင်း အတွေး က ကောင်းပါတယ်။ ဒါက မင်းရဲ့ ခွက်ထဲက လက်ဖက်ရည် လိုမှ မဟုတ်တာ (မလွယ်ကူတာကို ပြောတာပါ)တခါတလေ တော့လည်း ဖြစ်နိုင်ပါတယ်။ ငါ့အထင် မင်းမှာ ဥတွေအကုန် ထည့်ဖို့ ခြင်းတောင်း တစ်ခုတောင် မရှိဘူး"

သူ့ရဲ့ မုန်လာဥ အရွယ် လက်ချောင်းများကို ကန့်လန်ဖြတ် ပူးကပ်လိုက်သည်။

" ကိုယ်ခံပညာ သိုင်း သင်တာက လယ်ယာ လုပ်တာထက် မကောင်ဘူးလို့ ငါထင်တယ်၊ ငါ့အဖေက ပြောထားတယ်၊ သူက အကယ်၍ ဒီနှစ်မှ ငါ ဝင်ခွင့်မရ ရင်၊ ကျောင်းကို ပို့ပြီး ပညာရှင် ဖြစ်အောင် သင်ယူရမယ်တဲ့"

ဝမ်တိုင်က ပေါကြောင်ကြောင် စကား များကို မိုးရွာသလို သူ၏ တံတွေးများ နေရာအနှံ့ စင်သွားသည် အထိ ပြောနေခဲ့သည်။

ဖန်ချီက ခုံပေါ် ထိုင်နေရာမှ ထကာ မသိမသာလေး ရယ်လိုက်ကာ-

"ငါ ဘယ်တော့မှ အရှုံး မပေးခဲ့ပါဘူး၊ ပထမ ဆုံး အဲ့ဒီကို မသွားသေးရုံပါပဲ"

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now