Chapter 38

235 34 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(38)

ဂိမ်းကား စတင်ရန် အချိန် အနည်းငယ်ကြာပေသည်။ ထို့ကြောင့် ဖန်သားပြင်ပေါ်တွင် [ကျေးဇူးပြု၍ စောင့်ပေးပါ] ဟူ၍ ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူတို့သုံးယောက် က ပျင်းရိနေကာ ဆိုင်ထဲကို ပတ်ကြည့်လိုက်သည်။

"ဆိုင်ရှင် ဘာကို ရွေးချယ်တာလဲဆိုတာ ကြည့်လိုက်စမ်းပါ..."
သူတို့က ဖန့်ချီ ဒီအားဘလို ကစားတာကို ကြည့်ကာ အံ့သြစွာ ပြောလိုက်သည်။ သူက ဓားနှင့် ဒိုင်းကို ကိုင်ထားသည့်  ပါလားဒန် ကို ရွေးချယ်ထားပေသည်။

"သူက အထူးအင်အား တွေကလို့ ထင်နေတာလား.."
သူတို့သုံးယောက်က ရယ်မောလိုက်သည်။
"အဲတာကြီးကို တစ်ယောက်ယောက်က တစ်ကယ့ရွေးလိမ့်မယ်လို့ ငါမထင်ထားဘူး..၊နောက်ဆုံးတော့လည်း သာမန်လူတွေက သာမန်လူတွေပါပဲ..."

ဖန်ချီ၏ မျက်နှာကား ပြောင်းသွားခဲ့သည်။
'မင်းဘကြီးတဲ့....ငါဘာသာငါ ရွေးထာတဲ့ ဇာတ်ကောင်အပေါ် ဘာကြောင့် မင်းတို့က လှောင်ရယ်ပြီး မှတ်ချက်ချ နေရတာလဲ...´

ရှစီရှင်းက သူမက ဒီနေ့ဂိမ်းကို အောင်မြင်အောင် ဖြတ်ကျော်နိုင်တော့မည်ဟု ခံစားနေရသည်။ ဒါ့ကြောင့် သူမက အထူးသဖြင်​့ ဒီနေ့ကို  အစောကြီးထလာကာ ဆိုင်ကို 7:50 တွင် ရောက်လာခဲ့သည်။

"အဲတာက ဖွင့်နေပြီလား..."
အံ့အားတသင့်ဖြင့် ရှစီရှင်း က ကြည့်လိုက်မိသည်။ ဆိုင်လေူကား လုံးဝကြီးကို ပြောင်းလဲသွားခဲ့သည်။

"ငါ နေရာများ မှားရောက်လာတာလား.."
သူမက စပရိုက်ပုလင်းကို တစ်ငုံခြင်းစီ ငုံသောက်နေသည့် ဖန့်ချီ ကို ထိုအတွင်းတွင် ချက်ချင်းပင် မြင်လိုက်သည်။

'ငါမမှားဘူးလား..´
စိတ်ရှုပ်စွာ ဖြင့် ရှစီရှင်း က တံခါးကို ဖြတ်ကာ ဝင်လာခဲ့လျှင် သူမက ကျောက်သင်ပုန်း ပေါ်တွင် ပစ္စည်းအသစ် များကို ရေးထားသည်ကို သတိထားလိုက်မိသည်။
'ဒါက ဂိမ်းအသစ်တွေနဲ့ သောက်စရာတွေပါလား..´

သူမက ဂိမ်းအသစ်ကို ဂရုမစိုက်ချေ။ အကြောင်းမှာ သူမက R.E ပထမတွဲ ကို ဒီနေ့ အောင်မြင်,အောင် ကျော်ဖြတ်မည်ဟု ဆုံးဖြတ်ချက်ချ ထားပေသည်။ သို့သော်လည်း သူမက သောက်စရာကိုတော့ စိတ်ဝင်စားပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon