Chapter 13

381 50 2
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း -(13 )

အမဲလိုက်သားရဲကောင် ၏ တိုက်ခိုက်မှု က အလွန် လျင်မြန်၍ ပြင်းထန်ကာ တိကျပေသည်။ ဖန့်ချီ ကလည်း ဂရုတစိုက်နဲ့ ထိုအကောင်၏ တိုက်ခိုက်မှု ကို ရှောင်တိမ်းလိုက်သည်။

မရေတွက်နိုင်အောင် နှစ်များစွာကြာပြီးနောက် ထိုနည်းလမ်းက သားကောင်ဖမ်းရာတွင် ပြစ်ချက်ကင်းသည့် နည်းလမ်းဖြစ်လာသည်။ ထိုအရာက ရိုးရှင်း၍ လျင်မြန်ကာ ထိရောက်မှုရှိပေသည်။

သို့သော်လည်း ဖန့်ချီ က အမဲလိုက်သားရဲကောင် နှင့် အချိန်ကြာအောင် တိုက်ခိုက်ပြီးနောက်တွင် သူ၏တိုက်ခိုက်မှု ပုံစံများနှင့် ရင်းနှီး နေပေသည်။

အမဲလိုက်သားရဲကောင် က ဖန့်ချီ ထံ တစ်ဟုန်ထိုး ပြေးဝင်ကာ သူ၏ သန်မာသော လက်သည်းကြီးများ နှင့် ဖမ်းလိုက်သည်။ အကယ်၍ အမဲလိုက်သားရဲကောင် ၏ သန်မာသော လက်များအကြား ဖမ်းမိသွားပါက သူ၏ လည်မျိုကို မျက်တောင်တခတ်အတွင်း ကိုက်ဖြတ်ကာ သတ်ပစ်မှာ သေချာပေသည်။

မရေမတွက်နိုင်တဲလ တိုက်ပွဲများကြောင့် အမဲလိုက်သားရဲကောင် ၏ တိုက်ခိုက်မှု များကို ဖန့်ချီအနေဖြင့် မှတ်မိနေခြင်းဖြစ်သညအ။ ထို့ကြောင့်သူက အမဲလိုက်သားရဲကောင် ၏ တိုက်ခိုက်မှုများကို ကြိုခန့်မှန်းနိုင်ခဲ့သည်။

အမဲလိုက်သားရဲကောင် ၏ အလျင်ကား မြန်ဆန်သော်လည်း လူ၏ တုန့်ပြန်မှု ကပိုမြန်နေခဲ့သည်။

လေ့ကျင့်မှုများ၏ အကျိုးကျေးဇူးကြောင့်ပင် သူက အမဲလိုက်သားရဲကောင် ၏ တိုက်ခိုက်မှုများ၊ လက်သည်းချက်များကြားကနေ ကိုလှပစွာ ရှောင်တိမ်းနိုင်ခဲ့သည်။
နေရာယူထားသည့် အခန်း တံခါးဝဘေးက ကျယ်ပြန်သော နေရာကြောင့် သူ့ကို ရှောင်တိမ်းဖို့ နေရာလုံလောက်ပေသည်။

ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် ထို အမဲလိုက်သားရဲကောင် ကို တိုက်ခိုက်ဖို့အတွက် သူ၏ အနောက်ဖက်ကို ချဉ်းကပ် ထားသည်။

အနောက်မှ ချောင်းနေသော ဖန့်ချီ အတွက် ကံတရားဖေးမ၍ အခွင့်အရေး တစ်ခုပေါ်လာခဲ့သည်။ အခွင့်အရေး ရတာနဲ့ ဖန့်ချီကလည်း ရုတ်တရက် ထိုမွန်းစတား အပေါ်တက်ကာ လည်ပင်းကို တွယ်ဖက်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now