Chapter 26

246 41 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(26)


"စီရှင်း... နင်တစ်ကယ်ဘဲ အဲဒါကို ကြည့်မလို့လား..."
ရှန်းချင်းချင်း က ထိုသို့ ပြောင်းရွှေ့သွားခြင်းကို အမြင်မကြည်ချေ။ ဝတ္ထုတစ်ပုဒ်၏ အမာခံဖန်၊ ဘစ်ဖန် (big fan) အနေဖြင့် သူမက ဇာတ်လမ်း၏ အဓိကဇာတ်ကောင် ပြောင်းလဲခြင်း အကျိုးအကြောင်း မလိုအပ်ကြောင်း သူမသိပေသည်။

"အဲဒါက ငါ့အတွက် ပြည့်စုံပါတယ်..၊ ငါက အသစ်အဆန်း ကို နှစ်သက်တယ်လေ..၊ နင်မသိသေးတာက... အဲ့ဒါက ကောင်းရင်ကောင်းနိုင်တာပဲလေ..."

"ဂိမ်းကို အရင်ဆုံး စလိုက်ရအောင် ..."
စွန်းချင်းဖန် က လင်းရှောက် နှင့် ရှလောတို့ကို ကြည့်လိုက်ပြီးတော့ သူမကို လျစ်လျူရှူ ဖို့ ဆုံးဖြတ်လိုက်သည်။
" ငါတို့ ဒီဂိမ်းကို နောက်ထပ်ရက်အနညးငယ် ဆိုရင် အောင်လောက်ပြီ..."

ရှစီရှင်း က ထို R.Eပထမတွဲ ရုပ်ရှင်ဗားရှင်း ကို ဖွင့်ကြည့်ရန် စူပါပြဇာတ်ရုံ ကို အရင် ကျသင့်ငွေ ရှင်းရန် လုပ်ဖို့ သတိရလိုက်သည်။

သူမက ထို ရုပ်ရှင်ကို အလျင်အမြန် နှိပ်လိုက်သည်။

ထို့နောက်... သူမက အနီနှင့်အဖြူ ရောနေသည့် သင်္ကေတ တစ်ခု ပေါ်လာသည်ကို သူမမြင်လိုက်သည်။ ထို သင်္ကေတ က R.E ပထမတွဲမှ စံအိမ်ကြီးတွင် တစ်ခါတစ်ရံ မြင်ရလေ့ရှိသော အမ်ဘရဲလား ကော်ပိုရေးရှင်းရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဖြစ်ပေသည်။

သို့သော်လည်း ရှစီရှင်း ကွန်ပြူတာ ဖန်သားပြင် တွင် ပြသနေသမျှ အရာအားလုံး မှာ ပိုစတာ တစ်ခု မျှသာ ဖြစ်ပေသည်။

ဖန့်ချီ စက္ကန့်အနည်းငယ် အေးခဲသွားသည်။
"အဲ့တာက စကားဝှက် မလား.."

သူအစက သူအရင်က ကြည့်ဖူးသည့် ရုပ်ရှင် နဲ့ စနစ်၏ ရုပ်ရှင် တို့ကြားက ခြားနားချက်ကို ရှာခြင်သည်။ သို့သော်လည်း ထိုအရာက သူကိုယ်တိုင် ကွန်ပြူတာ ကို ကြည့်ရန် လိုပုံရပေသည်။

သတင်းကောင်းက သူ၏ စနစ်က ကပ်စေးနှဲ သော်လည်း အင်တာနက်ကဖေးဆိုင် ၏ ပိုင်ရှင်ဖြစ်သောသူ့ကို အရာအားလုံး ကို အခမဲ့ ပေး,ပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now