Chapter 34

242 34 3
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(34)


စွန်းချင်းဖန် နှင့် အခြားလူများက ဒီနေ့မနက်တော့ ဖန့်ချီ၏ ဆိုင်ကို မသွားဘဲ အတန်းတက်နေကြသည်။ အတန်းချိန်ကို မြန်မြန်ပြီးအောင် ဆုတောင်းနေကြသည်။

ဖန့်ချီ ကလည်း သူ၏ဆိုင်ကို စော၍မဖွင့်ရသေးသော်လည်း သူနှင့်သက်ဆိုင်သော လူများက အပြင်ဘက်တွင် စောင့်နေကြသည်။

သို့သော်လည်း....ဖန့်ချီ က နလန်မင်ရွယ် နှင့် လန်ယန်တို့နဲ့ အတူ လမ်းလျှောက်လာသည်ကို လျန့်ရှစ် ၊ ဘလက်ကီ၊ ဝူရှန့်နှင့် အခြားလူများက မြင်ပြီး သူတို့၏ ဦးနှောက်များမှာ အလွန်ပင် အပြင်းအထန်ပင် အလုပ်လုပ် မိကြကုန်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ.."

"အဲတာက မဖြစ်နိုင်ဘူး..."

"ဆိုင်ရှင်... မင်းက... ကျုပ်တို့ကို စိတ်မချမ်းသာအောင် လုပ်နေတာလား.."

"ဆိုင်ရှင်... မင်း..."

ဖန့်ချီ နှင့် နလန်မင်ရွယ် ကို ညွန်ပြကာ  သူတို့အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။

ဖန့်ချီ နှင့်နလန်မင်ရွယ် တို့နှစ်ယောက်သား အတူတကွ လာသည့်အချက်က ဒီမနက်အတွင်း သူတို့ စိတ်ကူးတာထက်ကို ပိုနေခဲ့ပေသည်။

"သွားစမ်းပါ.... မင်းတို့ကောင်တွေ ရူးများနေတာလား...၊ငါမနက်စာလေး အပြင်ထွက်စားရုံပါပဲ...ဒါကို ဘာကြောင့် အကြီးကြီးလုပ်နေရတာလဲ..."
ဖန့်ချီ က သူတို့ကို ကြည့်လိုက်သည်။
"မနက်တိုင်း အပြင်မှာ ဂိမ်းဆော့ဖို့ စောင့်နေတဲ့ မင်းတို့ကငယ်တော့တဲ့ အရွယ်လည်း မဟုတ်တော့ဘူး...၊ မင်းတို့ကိုယ်မင်းတို့ မူလတန်းကျောင်းသားတွေများ ထင်နေကြတာလား..."

"အပြင်ထွက်ပြီး မင်းက မနက်စာ စားတာဟုတ်လား..."
ဘလက်ကီ က ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောကာ ပြောလိုက်သည်။

"ဆိုင်ရှင်...'မူလတန်းကျောင်းသား´ဆိုတာဘာလဲ..."
လျန့်ရှစ် က သူ၏ခေါင်းကို စိတ်ရှုပ်စွာဖြင့်  ပွတ်လိုက်သည်။

"သူတို့က ကြီးမားပြီး တုန်လှုပ်ဖို့ ကောင်းတဲ့ အုပ်စုပဲ.."
အခြားလူများက စိတ်ရှုပ်စွာ ကြည့်နေမိသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Donde viven las historias. Descúbrelo ahora