Chapter 55

331 47 2
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(55)

မူလက ကျန်းရှောင်ယွဲ့ က ဖန့်ချီကို သူမအနေဖြင့်  မည်မျှ သန်မာကြောင်း ပြသခြင်ပေသည်။ သို့သော် သူမက သည်ဆိုင်၌ အလုပ်,လုပ်တာ ကြာလေလေ သူမက ဤဆိုင်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ် သေးကြောင်း ကို သဘောပေါက် လေလေဖြစ်သည်။

"အဟင့်...ဘာကြောင့် ငါ့ကိုမှ ဒီလိုဖြစ်နေတာလဲ.."
ကျန်းရှောင်ယွဲ့ အနေဖြင့် သူမကို ပြင်းထန်သော ပျက်ဆီးနိုင်စွမ်း တစ်သောင်းမှတ်များ ရသွားသလို ခံစားလိုက်ရသည်။

အန်းဟူဝေ့ က ဒီအားဘလိုနှစ် ဆိုတာ ဘာလဲ နားမလည်သေးချေ။ သူက နလန်ဟုန်ဝူ၏ ရှေ့မှ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဂိမ်းအတွင်း ဝင်ရောက်ပြီးနောက်တွင်တော့ သူကား လုံးဝတုန်လှုပ်သွားမိသည်။

"ငါအခု တခြားကမ္ဘာ ကို သွားနေတာလား...၊ နောက်ပြီး ငါက တစ်ခြားတစ်ယောက် ဖြစ်သွားတာလား..."
အန်းဟူဝေ့ က ပတ်ဝန်းကျင်ကို ကြည့်ကာ တုန်လှုပ် နေမိသည်။
"ဒီပုံရိပ်ယောင် တွေက အစစ်တွေလား..."

ဖန့်ချီက သူ့ကို ဂိမ်းအကြောင်းနှင့် အခြေခံ စွမ်းရည် အချို့ကို ရှင်းပြပြီးနောက် အန်းဖူဝေ့ က ထိုအရာက သူတို့အားလုံး ပြောနေသည့် ဂိမ်းဆိုတာကို သဘောပေါက်မိတော့သည်။

'ငါက ပုံရိပ်ယောင် ကမ္ဘာတစ်ခုမှာ စွန့်စားခန်း တွေလုပ်ပြီး တိုက်ခိုက်ရမှာလား...´

'နောက်ပြီး ငါက တစ်ခြားလူ တစ်ယောက် ဖြစ်သွားမှာလား..´

အခုတော့ သူ့အနေဖြင့် အရင်က တစ်ခါမှ မရဘူးသည့် စိတ်ခံစားမှုများကို ခံစားနေရပေသည်။

'နလန် အရှင်သခင် က ဒါကို စွဲနေတာ အံ့သြစရာ မဟုတ်တော့​ဘူး...´

ထို့နောက် အန်းဖူဝေ့ ကာယ ချက်ချင်းပင် စိတ်ဝင်စားမှု က အထွဋ်အထိပ် ရောက်သွားခဲ့သည်။

"ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တစ်ခုခု တည်ရှိနေမယ်လို့ ထင်တောင်မထားဘူး... "

"ပထမဆုံးအနေနဲ့.... မိစ္ဆာ အသိုက်ကို အဖေ သွားပြီး အဆင့်တက်အောင် လုပ်သင့်တယ်..."
အန်းချန် က သူ၏ ဖခင်ကို ကူညီခြင်ပေသည်။ ထို့ကြောင့် သူကို့ သတိပေးလိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now