Chapter 36

232 35 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(36)

အမှန်တရားကတော့ ရှောင်ယွီ မှလွဲ၍ မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ဖန့်ချီ၏ ဆိုင်အပြင်ဘက်တွင် ရောက်နေသည်ကို ခံစားမိပေသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်ချင်းစီကို အတွင်းကို ဒေါသတကြီး ဝင်မိရင် လျှပ်စီးများ လောင်ကျွမ်းခံရကာ လွင့်ပစ်ခံရပေ သည်။

  ဂျူဟွားမြို့တော်မှာ ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မဖြစ်ဘူးချေ။ ထို့အပြင် များစွားသော ကျင့်ကြံသူများက တစ်နေရာထဲတွင် စုစည်းတာမျိုးလည်း မဖြစ်ခဲ့ဘူးချေ။

ထို့အပြင်...ဘယ်သူမှ တစ်ခါမှ မမြင်ဖူး၊မကြားဖူးသည့် ကျင့်ကြံသူအုပ်စုကြီးမှာ သူတို့၏ မီးကျွမ်းကာ မည်းသည်းနေသော ခန္ဓာကိုယ်များနှင့် ဆိုင်ထဲမှ အလုအယက် ပြေးထွက်လာခဲ့ရသည်။

ထိုမြင်ကွင်းကား ဂျူဟွား မြို့တော်၏ အံ့သြဖွယ်ရာကောင်းသည့် ပြပွဲတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်ပင် လူအများက ဖန့်ချီ၏ ဆိုင်ကို ပို၍လာလည်ချင် နေကြပေသည်။

သို့သော်လည်း...ဖန့်ချီကတော့ သူ၏ လက်တင်ကုလားထိုင်ကြီး ပေါ်တွင် အေးအေးဆေးဆေး၊ ပေါ့ပေါပါးပါးနဲ့ လှဲရင်းဖြင့်သာ အော်ပေးနေပေသည်။

"တန်းစီရမယ်...တန်းစီရမယ်..၊
မတန်းစီတဲ့ လူကို ပြသနာရှာတဲ့ လူလိုဆက်ဆံမယ်..."

"ဒီလူတွေက အိမ်ကို ပြန်သင့်နေပြီ...၊ မင်းဒီနေ့ကစားလို့မရတော့ဘူး..."

ပန်းပဲဆိုင်လေးကား ဖန့်ချီ၏ ဆိုင်ငယ်လေးနဲ့ ကွဲပြားပေသည်။ ထို သိုလှောင်မှုထဲတွင် များစွာသော ပစ္စည်းကိရိယာများ၊ ပန်းပဲဖိုအတွက် အသုံးဝင်သော ပစ္စည်းများ အပြင် သတ္ထုရိုင်းများ နှင့် သတ္ထုများလို ပစ္စည်းများပင် ရှိနေပေသည်။

ခြုံပြောရလျှင် ဆိုင်၏အရွယ်အစားက ဖန့်ချီ၏ ဆိုင်ပေါက်စနလေး၏ နှစ်ဆမျှပင် ကျယ်ပေသည်။

ထိုအကြောင်းကြောင့်ပင် ဖန့်ချီ က ဒီဆိုင်ကို သူ၏ပထမဆုံး နေရာအဖြစ်လိုခြင်ရခြင်း ဖြစ်ပေသည်။

သူ၏ အင်တာနက်ကဖေးဆိုင်ကို ပိတ်သိမ်းပြီး အိပ်ယာမဝင်ခင်..,ဖန့်ချီက နောက်ထပ် နာရီပေါင်းများစွာ အကုန်ခံကာ ထိုပန်းပဲဆိုင်လေးကို သန့်ရှင်းရေးလုပ်ခဲ့ပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now