Chapter 43

226 34 2
                                    

ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(43)

ပေါက်ကွဲမှု စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားသည့် နေရာထိ တွန်းပစ်လိုက်သလို ဖြစ်ကာ နလန်ကျီ အနေဖြင့် ထိုအရာကို ထပ်မံတားဆီးရုံမှတစ်ပါး သူ့တွင်ရွေးချယ်စရာ မရှိချေ။

နောက်ဆုံးတော့ မီးလျှံ ပွင့်များက တစ်ပွင့်ပြီး တစ်ပွင့် ည၏ကောင်းကင်ယံမှာ ထွက်ပေါ်လာစေပြီး နလန်ကျီ ကို ပေါက်ကွဲမှုတိုင်း၏ အဆုံးတွင် အဝေးကြီး ကို လွင့်စင်စေပေသည်။

ဖန့်ချီ က နောက်ထပ် ထပ်ပစ်လိုက်သော်လည်း ထိုအရာက သူ၏ ပစ်မှတ်ကို မထိပေ။ အကြောင်းမှာ နလန်ကျီ ဘယ်နားတွင် ရှိမှန်းမသိသဖြင့် ဖန့်ချီက ရွေးစရာမရှိ ရမ်းပစ်နေရသည်။
(ဘယ်ရှိမလဲ..ဟိုက လွင့်သွားတာလေ...)

ဖန့်ချီက စက္ကန့် အနည်းငယ် အေးခဲသွားသည်။
"အာ..ငါလွဲသွားပြီ..."

တီ-ဗိုင်းရပ်က သူ၏ အလုံးစုံ စွမ်းရည်များ ကို ထောက်ပံ့ပေးပြီးတော့ R.E က သူ၏ ပစ်ခတ်မှု စွမ်းရည် များကို အကူအညီပြုခဲ့ပေးကာ... ထိုအရာက သူ၏ စွမ်းရည်များကို ပို၍ ဝေးသွားစေပေသည်။

ဖန့်ချီ လှည့်လိုက်ကာ အမှားလုပ်မိသလို ရှက်ကို့ရှက်ကန်း ဖြစ် နေမိသည်။ သူက နလန်မင်ရွယ် နဲ့ လန်ယန်ကို ရှင်းပြလိုက်သည်။

"ယေဘုယျ ဆန်ဆန်ပြောရရင်.. သေနတ်သမားကောင်း တစ်ယောက်ကပဲ သူ့ကို လေထဲကနေ ပစ်ခတ်နိုင်မှာပဲ..၊ ငါကတော့ နည်းနည်းလေး ထပ်လေ့ကျင့်ရဦးမယ်..."

အသက်အန္တရာယ် ဘေးမှ လွတ်လာ၍ နလန်မင်ရွယ် နှင့် လန်ယန်က ပြောစရာစကားမဲ့နေချိန် ဖန့်ချီ၏ ရှက်ကို့ရှက်ကန်း အမူအရာကို ကြည့်ကာ မျက်ရည်များပင်ကျအောင် ရယ်မောလိုက်မိသည်။ သူမက မျက်ရည်များကို သုတ်လိုက်ပြီး-
"လူကြီးမင်းဖန့်...ကျွန်မအထင်... ရှင်က... ရှင့်ရဲ့ စွမ်းရည်တွေကို ပြသဖို့ ကြိုးစားပေမယ့်လည်း ရှင်လုံးဝကို မအောင်မြင်ခဲ့တာပဲ.."

"မင်းအနေနဲ့ အမှန်တရားကို နည်းနည်းလေး လျှော့ပြောမရနိုင်ဘူးလား..."
ဖန့်ချီက ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now