Chapter 15

361 47 2
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(15)

ဂျူဟွား မြို့တော် သည် စစ်သည်တော်များကြောင့် ကျော်ကြားပေသည်။

ကဗျာတစ်ပုဒ် ဖြင့်တင်စားထားသည် အရဆိုရသော် : ကျန်းနန် တွင် ဝိုင်အမျိုးအစားပေါင်း ၁၀,၀၀၀ ရှိပြီး ၊ ဂျူဟွား တွင် မရေမတွက် နိုင်တဲ့ စစ်သည်တော် များရှိပေသည်။

ဒီမြို့ကလူတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ပျော်ရွင်စွာ နဲ့ အတူထိုင်သောက် လို့လည်း ရသည်။

နောက်ထပ် သူတို့ဆီမှာ ရဲရင့်တဲ့ စစ်မြင်းတွေ၊ မြင့်မားတဲ့ မျှော်စင်တွေ နှင့် အစိမ်းရောင် ရှိတဲ့ မိုးမခ ပင်များလည်း တွေ့နိုင်သည်။

ထိုကဗျာ၏ တင်စားဖော်ပြချက် အရ ဂျူဟွားမြို့သည် လုံးဝ ပြည့်စုံပေသည်။

-ယွင်ရှန် သေရည်ဆိုင်-

သေရည်ဆိုင်များက ဂျူဟွားမြို့တွင် ရှိကြသည်။ ယွင်ရှန် သေရည်ဆိုင်ကတော့ မကျော်ကြားသော်လည်း သူ၏ ဈေးနူန်းက လူအများ လက်ခံနိုင်ဖွယ် ရှိပေသည်။

စစ်သည်တော် အများစုမှာ တခါတရံတွင် သောက်လေ့ ရှိကာ၊ သူတို့သူငယ်ချင်း များကို ဖိတ်ကာ ကမ္ဘာအနှံက အကြောင်းအရာများကို ဆွေးနွေးကာ ပျော်ရွင်စွာ သောက်လေ့ရှိကြသည်။

ထိုအရာကတော့ ဂျူဟွား မြို့၏ လူသိများသော ဖျော်ဖြေမှုတစ်ခု သဖွယ် ဖြစ်နေပေသည်။

သဘာဝအားဖြင့် လျန့်ရှစ် ကဲ့သို့ တစ်ကိုယ်တော် စစ်သည်တော်များမှာ မည်သည့် အင်အားစုကြီးကမှ မဟုတ်ပေ ။

သို့သော် သူတို့က စွမ်းအားကြီးကာ, စိတ်တူကိုယ်တူ သူငယ်ချင်း အနည်းငယ်လည်း ရှိပေသည်။

"ရှစ်...လာလေ, သောက်ကွာ..."

သူတို့က တစ်ခွက်သောက်ပြီးနောက် ခွက်ထဲတွင် ဝိုင်များထည့်ကာ တစ်ဦးနှင့်တစ်ဦး စစ်သည်တော်များသဖွယ် သရုပ်ပြနေကြသည်။

"ငါတို့ အံ့သြရမယ့် ကိစ္စကြီးတွေ အဖြစ်အပျက်တွေက ဂျူဟွားမြို့တော်မှာ မကြာသေးခင်က ဖြစ်သေးတာလား...."
နောက်ကျောတွင် ဓားရှည်ကြီး လွယ်ထားသည့် မုတ်ဆိတ်မွေးနှင့် အသက်၄၀ ကျော်လူကြီး တစ်ယောက်က ကျယ်လောင်စွာ ရယ်၍ ပြောသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now