Chapter 4

428 60 2
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာ မှ အင်တာနက်ကဖေးစနစ်"

အပိုင်း(4)

ဒီဟာက စစ်သည်တော် တွေအတွက် သုခဘုံပဲ။

ဝမ်တိုင် တစ်ယောက် ခရစ်ကို ပြန် ထိန်းချုပ်လိုက်သည်။ လက်ထဲတွင် ထားကို ကိုင်ကာ ထောင့်ဆုံး မှာ ရှိတဲ့ အခန်း ဆီသို့ တိတ်တိတ် လေး တိုးသွားလေသည်။

နံရံ ရဲ့ တစ်ဖက်တွင် မြေပေါ် လဲကျနေသော အလောင်းနားတွင် ဖုတ်ကောင် က ဝမ်တိုင် ကို ကျောပေးကာ ရပ်နေသည်။

ထို ဖုတ်ကောင် က ဖြည်းဖြည်းလေး လှည့်လာခဲ့လေသည်။ သူ၏ ဖြူဖပ်ဖြူရော် ဖြစ်ကာ အသက်မဲ့နေသော မျက်နှာ ၊ နှင့် လတ်ဆတ်သော သွေးစ သွေးန တွေသည် သူ၏ ပါးစပ် တစ်ဝိုက်တွင် ကျန် ရှိနေသေး၏။

ထိုအရာသည် မူလ' မကောင်းဆိုးဝါးတို့နေထိုင်ရာ ဂိမ်း၏ အကျော်ကြား ဆုံး လှည့်ကြည့်သော ဖုတ်ကောင် ဖြစ်သည်။ သို့သော်လည်း ယခု ဗားရှင်း သည် ထိုအရာနှင့်မတူ ပေ။ ကွန်ပြူတာ ထုတ် ဗားရှင်းတွင် မတိုက်ခိုက်ခင် ထိ ထို ဖုတ်ကောင် ကို ကစားသူအား ကြည့်ခွင့်ပေးထား၏။

ထိုမြင်ကွင်း ကို မြင်ပြီး ဖက်တီးလေး ဝမ်တိုင် ၏ စိတ်ထဲတွင် ထိုဖုတ်ကောင် မှာ သူ့ရှေ့သို့ အမှန်တကယ် ရပ်နေသလို ခံစားနေရလေသည်။

ဖုတ်ကောင်၏ ကြောက်စရာ မျက်နှာ၊ အမှောင်ထု နဲ့တွဲနေသော အခန်း၊ ထိတ်လန့်စရာ ပတ်ဝန်းကျင် အရာအားလုံးသည် ခြောက်ခြားမှု၏ ဝိသေသ တွေ ပိုင်ဆိုင်ထားကာ ကြောက်လန့်စရာ မြင်ကွင်း တစ်ခု ၏ သဘာဝကို အပြည့်အဝ ပိုင်ဆိုင် ထားလေသည်။ ထိုမြင်ကွင်း ကို ကြည့်ပြီး ဖက်တီး လေး ဝမ်တိုင် မှာ ခုနက သေဆုံးခဲ့တဲ့ မြင်ကွင်း ကို ပြန်မြင်လာပေသည်။

ဖက်တီးလေး ၏ ထိတ်လန့်မှုကို အပြစ် မဆို နိုင်ပေ။ လူအမ်ားစုဟာ ထိုအခန်းကြောင့်ပင် မကောင်းဆိုးဝါးတို့နေထိုင်ရာ ဂိမ်း၏ ကြောက်စရာ အခန်း ဟု သတ်မှတ်ကြလေသည်။

ဖန့်ချီကတော့ ထိုအခန်း၏ မြင်ကွင်း ကို မရေမတွက် နိုင်အောင် မြင်ဘူးသဖြင့် မမှု တော့ပေ။ သို့သော်လည်း ထိုအခန်းလေးသည် အခုမှ စဆော့သော(newbie)ဝမ်တိုင် အတွက် မူ စိတ်ထဲ ထိ စွဲနေစေကာ လက်များပင် တုန်ရီ နေလေ၏။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Dove le storie prendono vita. Scoprilo ora