Chapter 51

228 38 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(51)


ဂျူဟွားမြို့အပြင်ဘက်...အလွန် ဝေးခေါင်သော နေရာတွင် တည်ရှိနေသည့် မြေအောက်လှိုဏ်ခေါင်း ထဲသို့ နလန်ကျီ လျှောက်ဝင်လာခဲ့သည်။

ထို လှိုဏ်ခေါင်းမှာ အလင်းပျောက်ပင်မကျဘဲ မှောင်မိုက်ကာ စိုစွတ်နေပေသည်။ ထိုအောက်ထဲတွင် လေပြတ်လပ်၍ မီးတောက်များပင် အလိုအလျောက် ငြိမ်းသေသွားပေသည်။

"အကြီးဆုံး သခင်လေး....၊
ဒါက ထိန်းချုပ်ရမလွယ်ကူဘူးနော်...၊ သခင်လေး ဒါကိုတစ်ကယ်ကြီး သုံး​တော့မလို့လား..."
အမှောင်ထုထဲမှ ယောကျာ်းဆန်ကာ သိမ်မွေ့သည့် အသံက ထွက်လာခဲ့သည်။

" ဝိဥာဥ်ဆိုး မြွေတွေက လုပ်ကြံသတ်ဖြတ်ဖို့ ပြီးပြည့်စုံ ရုံတင်မကဘူး.. ကြီးမားတဲ့ ကျားကွက် အပိုင်းအစတွေပဲ...၊ ငါတို့ရဲ့ စစ်သားတွေနဲ့ လေ့ကျင့်လာခဲ့တဲ့ ရက်ထောင်ပေါင်းများစွာက တစ်ရက်တည်းအတွက် လေ...ဟုတ်တယ်မလား...၊ ဒါတွေကို မြင့်တက်လာအောင် ငါနှစ်ပေါင်းများစွာ ပျိုးထောင်ဖို့ အရင်းအမြစ်တွေကို အများကြီးသုံးခဲ့တယ်..၊ငါ့အကျိုးအတွက်မှ ငါမသုံးရင် ငါကဒါတွေ အားလုံးကို ဘာလုပ်ရမှာလဲ.. "

နက်ရှိုင်းသော အသံက ပြန်ဖြေလိုက်သည်။
"တစ်ကယ်လို့ တစ်ခုခု အမှားအယွင်းရှိခဲ့လို့... နတ်ဆိုးသားရဲ က ရူးသွပ်သွားရင်...၊ငါတို့နဲ့ ဘာမှ မပတ်သတ်တော့ဘူး... "

" နောက်ပြီးတော့....ဒါကလည်း အမှန်တစ်ကယ်ကို ရူးသွပ်နေတဲ့ နတ်ဆိုးသားရဲ တစ်ကောင်ပဲလေ..."
ထိုအသံကား ဆက်ထွက်ပေါ်လာခဲ့သည်။
"ဆိုင်ပေါက်စန လေးက ဆိုင်ရှင် က ချွန်ထက်တဲ့ အစွယ်ကို လာစမ်းသွားမှ​တော့ ငါတို့က ဒါကို လက်ခံရမှာလား..၊ ငါ့ရဲ့ အကြံအစည်ကို ဝင်နှောက်ပြီး ထိခိုက်တဲ့သူ ဘယ်သူမဆို သေချာပေါက် သေကို သေရ မယ်..."

"ဒါဆိုလည်း.. ကောင်းပြီ.."
အမှောင်ထဲမှ လေးနက်ကာ စူးမြိသည့် လေချွန်သံ တစ်သံ ထွက်ပေါ်လာပြီး ရှေးကျကာ ထူးဆန်းသည့် တေးသီကျူးသံ နှင့်တူသည့် တစ်ခါမှ မတည်ရှိဘူးသည့် ဘာသာစကား တစ်မျိုး ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now