Chapter 22

331 46 2
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(22)

လျန့်ရှစ် က ဂိမ်းကို စတင်၍ ကစားသည်နှင့် သူ၏ သေနတ်ကို ဓား​မြှောင်နှင့် ပြောင်းလဲလိုက်သည်။

ဖန့်ချီ၏ လွှမ်းမိုးမှုခံရသော လျန့်ရှစ်နှင့် အခြားလူ အများစုမှာလည်း သူတို့ဂိမ်းစသည်နှင့် သေနတ်တွေအစား ဓားမြှောင်တွေကိုသာ အသုံးပြုကြသည်။

"…"

ဖန့်ချီက ထိုကစားနေသူများ ကိုကြည့်လိုက်ပြီး-
"မင်းတို့တွေအကုန်လုံး ဒီအဆင့် ဓား​မြှောင်တွေသုံးပြီး ကျော်ဖြတ်ကြမလို့လား..."

"ဟားဟား.... ဒီဓားမြှောင်တွေကို ကိုင်ချင်လွန်းလို့ ငါ့လက်တွေတောင် ယားနေတာပဲ... " လျန့်ရှစ် က သူ၏ ခေါင်းကို ကုတ်ကာ အားရပါးရ ရယ်မောလိုက်သည်။

"မင်း အဲဒီလောက်ထိ အလောကြီးစရာ မဘိုဘူးလေ..." ဖန့်ချီက ရယ်မောလိုက်သည်။ "ဂိမ်းရဲ့ နောက်အပိုင်းတွေမှာ 'ဓားသီးသန့်သုံးပြီး အမြန်ပြေးခြင်း' အခန်းကျရင် မင်းရဲ့ ဓားစွမ်းရည် လေ့ကျင့်ဖို့ အခွင့်အရေးရလာပါလိမ့်မယ်.."

R.E ကို စတင်ကစားသူများထဲတွင် သိသာစွာပင် စွန်းချင်းဖန် နှင့် သူ၏သူငယ်ချင်းများက ခွန်အားများ တိုးတက်လာကြသည်။ ထို့အပြင် ဒီဂိမ်းက ပျော်စရာကောင်းရုံသာမက သူတို့၏ သိုင်းပညာကိုပါ လေ့ကျင့်၍ ရသည်။ သူတို့ပျင်းလာပြီဆိုလျှင် နိူင်းယှဥ်ကာ ခြေကုန်လက်ပမ်းကျသည်အထိ ပြိုင်ကြသည်။ ထို့ကြောင့် သူတို့က ဖန့်ချီ၏ အင်တာနက်ကဖေးဆိုင် ၏ နေ့စဥ်လာသော ဖောက်သည်များ ဖြစ်လာခဲ့သည်။

" ဓားသီးသန့်သုံးပြီး အမြန်ပြေးခြင်း ဆိုတာက ဘာကြီးလဲဗျ ..." စွန်းချင်းဖန်၊ လင်းရှောက်၊ ရှလော ၊လီရှီ နှင့် ဖျင် တို့က ဖန့်ချီ၏ ဆိုင်ကို ဒီနေ့မနက်စောစောကပင် အပြေးရောက်လာကြသည်။ မကြာခင်ကပဲ သူတို့က ဝေါဟာရအသစ်တစ်ခုကို ကြားလိုက်ရ၍ စွန်းချင်းဖန်က ချက်ချင်းမေးလိုက်သည်။
"အဲတာက ဘာကြီးလဲ..."

"အဲဒီနည်းလမ်းကတော့ ကစားသူတစ်ယောက်က အဆင့်တစ်ခုကို သူ့ရဲ့သန့်စင်တဲ့စွမ်းရည်သုံးပြီး ကျော်ဖြတ်ဖို့ ဖိအားပေးခံရတဲ့ အခန်းပဲ.." ဖန့်ချီက ရှင်းပြလိုက်သည်။ "မင်းဒီဂိမ်းကို အောင်မြင်တဲ့ အချိန်ကျရင် မင်းသိလာပါလိမ့်မယ်..."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now