Chapter 20

344 41 0
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(20)

"ဆိုင်ရှင်.... ခင်ဗျား အဲဒါကို ဘယ်လိုမျိုးလုပ်လိုက်တာလဲ..၊
ကျွန်တော် တို့လည်း ကြိုးစားလို့ ရနိုင်လား.."

ထိုအချိန်တွင် လူအုပ်၏ အနောက်မှ အနက်ရောင်ဝတ်ရုံ နှင့် စစ်သည်တော် သုံးယောက်က လက်သီးကို ဆုပ်ကာမေးလိုက်သည်။

"ဘလက်ကီ...မင်းဘာကြောင့် ဒီမှာရှိနေတာလဲ..."
ဝူရှန် က ထိုလူတွေကို မြင်ပြီး သူ၏ အမူအရာမှာ မည်းမှောင်သွားသည်။

"မင်းတောင်လာ နိုင်သေးတာ..၊ ငါတို့ကဘာလို့ မလာနိုင်ရမှာလဲ.." ဘလက်ကီ လို့ ခေါ်ခံရသူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

၁၅မိနစ် ကြာပြီးနောက်...

"ဟေး... ငါက ဒီဂိမ်းမှာ တစ်ကယ်ဘဲ အဓိက ဇာတ်ကောင် လား...၊

ငါအခု လူဆိုးတွေကို ဒီမှာ လိုက်ရှာတော့မယ်...၊ မင်း ငါ့ကို ကြောက်အောင် မခြောက်လန့်နိုင်ပါဘူး..."

"ဟားဟာ...ဒီကောင်စုတ်တွေက ငါကို လဲကျအောင် မတိုက်နိုင်ပါဘူးကွာ...၊ ငါဒီနေရာက ရတနာတွေအကုန် ရှာပြီးပြီပဲ..၊ ငါက ဒီနေရာကို အထက်အောက် နှံ့အောင် သွားပြီးပြီပဲ..."

" ငါရှာတွေ့ထားတဲ့ ကျိန်စာက မျက်နှာဖုံးလေးခုလုံး ဒီနေရာမှာ ကျသွားရင် မကောင်းဆိုးဝါး နိုးထလာမယ်တဲ့၊ ကောင်းပြီ ဒီစာအုပ်ထဲမှာ ဒီကြံစည်မှု နောက်ကွယ်ဖြစ်ရပ် ရဲ့ အဖြေပါနိုင်ပါ့မလား..."

""

သူ၏ အင်တာနက်ကဖေးဆိုင် ကို ကြည့်ပြီး ဖန့်ချီ တစ်ယောက် ပြောစရာစကား မရှိတော့ပေ။ စွမ်းရည်အပြည့်အဝနဲ့ အဖြစ်ကို ထပ်ရောက်လာတာပဲ ။

ထို့နောက် သူကပြောလိုက်သည်။
"ကောင်းပြီ...အခုကစ မင်းတို့ အားလုံး ကမ္ဘာကြီးကို သိမ်းယူပြီး ကယ်တင်နိုင်ပါပြီ..."

မကြာမှီ နေ့လည်မွန်းတည့် အချိန်ကို ရောက်လာခဲ့သည်။ ဖန့်ချီက သူ၏ ဗိုက်ဟောင်းလောင်းကို ပွတ်သတ်ကာ သူအပြင်ထွက်ကာ သူ့စားဖို့အတွက် စားစရာ ဝယ်သင့်သလားဟု ပင် စူးစမ်းနေမိသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now