Chapter 10

392 46 4
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(10)

ဖန့်ချီ တစ်ယောက် အားတဲ့အချိန်မှာ သူသည်လည်း ဂိမ်းဆော့ကာ မကောင်းဆိုးဝါး များကို သတ်ဖြတ်လေ့ရှိသည်။ သို့သော်သူ၏ ပြိုင်ဘက် သားရဲများမှာမူ 'အမဲလိုက်သားရဲကောင် ကြီးများ ဖြစ်သည်။ ထို့အပြင် သူက ဓားမြှောင်လေးဖြင့်သာ တိုက်ခိုက်ရပေသည်။

သေခြင်းနှင့် နာကျင်မှုက သူ့ကို သွေးထွက်သံယို သင်ခန်းစာ များကိုရရှိ စေသည်။ သူက ခရစ်ကို ရွေးကာ တိုက်ခိုက်ရေး စွမ်းရည်များကို အကြိမ်ကြိမ် အခါခါ လေ့ကျင့်ခဲ့သည်။ ဂိမ်းထဲတွင် ခရစ်ကို ရွေးချယ်ရသည်မှာ ခရစ်၏ အတွေ့အကြုံ နှင့် စွမ်းရည်(စကေး)များကို ရရှိရန်ဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် ထိုအရာများနှင့် မရင်းနှီးသေးပေ။

သို့သော်လည်း အခုတော့ သူ့သည် ခရစ်၏ တိုက်ပွဲဝင် စွမ်းရည် နည်းစနစ်တစ်ခုခြင်းစီတိုင်းကို လျင်မြန်စွာဖြင့် ပရိုဆန်စွာ ကျွမ်းကျင် သည်အထိ သင်ယူနိုင်ခဲ့၏။

တစ်ချိန်တည်း မှာပင် သူအနေဖြင့် အမဲလိုက်သားရဲကောင် များပြုလုပ်သည့် အကျင့်များကို မှတ်မိခဲ့လေသည်။

သူ၏ သူငယ်ချင်းဖြစ်သူ အမောင်ဖက်တီးလေး ဝမ်တိုင်ကား သူ၏ဆိုင်ကို နေ့ခင်းတွင် ရောက်လာခဲ့သည်။ သူ၏ ခြေလှမ်းများက တက်ကြွကာ 'ကြေနပ်ပီတိတွေ ဖြာ ကာ အီအီးတွေ ပါချတော့မတက် တက်ကြွနေသည်။ ထို ပုံစံကို မြင်ပြီး ဖန့်ချီသည် မေးစရာ မလိုအောင်ပင် သိလိုက်မိသည်။

"ဟားဟား.....ချီ ရေ ဒီနေ့မှာတော့....၊
နောက်ဆုံးတော့ ဝင်ခွင့်စာမေးပွဲ ကို ငါအောင်မြင်ခဲ့ပြီ..."

ဖန့်ချီ ကူကယ်ရာမရ ဖြစ်သွားကာ ရယ်မောလိုက်မိသည်။

"အေးအေး...သကာအိုးထဲ နှစ်လာသလို ဖြစ်နေတဲ့ မင်း မျက်နှာကြီးကို ကြည့်ကတည်းက သိနေတာကို.. ၊
ငါအနေနဲ့ ခန့်မှန်းစရာကို မလိုဘူး..."

ဝမ်တိုင် တစ်ယောက် လုံးဝ ဆွံအ, သွားလေ၏။ သို့သော်လည်း သူကတော့ အချေ ဒီဇိုင်းကာလာ ဘာညာအနေအထား နဲ့ ပြန်လုပ်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now