Chapter 24

293 36 1
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(24)

မကြာခင်တွင် မွန်းလွဲပိုင်းကို ရောက်လာခဲ့သည်။ ထို့နောက် အစောပိုင်း လာဆော့သည့် ကစားသမားများသည် သူတို့၏ ကစားချိန်ကား ပြည့်သွားချေပြီ။ ဖန့်ချီက စူးစမ်းနေမိသည်။  အကယ်၍ သူသာ ဒီအချိန်မှာ ကစားလိုက်ပါက ဟု တွေးနေကာ ထွက်လာချိန်မှာဘဲ ရုတ်တရက် အော်လိုက်သည့် အသံတစ်သံကို သူကြားလိုက်ရသည်။

" ဟေး...စီရှင်း...ဒီမှာ ခုံတစ်ခုံ လွတ်နေတယ်.."

ထို့နောက် အစိမ်းရောင် နှင့် ခရမ်းရောင် အလင်းတန်း နှစ်ခုက သူ့ကို ကျော်တက်ကာ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

'သောက်ကျိုးနည်း ဖလက်ရှ် တွေများလားဟ...´

"ဆိုင်ရှင်....နောက်ဆုံးတော့ ငါတို့ စက်တွေ ရပြီ.."
တခစ်ခစ် ရယ်မောကာ ထွက်လာသည့်အသံကား ရှန်းချင်းချင်း ၏ အသံဖြစ်သည်။

ဖန့်ချီက သူ့ဆိုင်ကို ကြည့်လိုက်ပြီး ခုံအလွတ်ကို ရှာလိုက်သည်။ သူတို့က လွတ်နေသည့် ခုံများကို ယူသွားခဲ့လေသည်။

"အာ....တစ်ကယ်ကြီးပေါ့... "
ဖန့်ချီ တစ်ယောက် စက္ကန့်အနည်းငယ် အေးခဲသလို ဖြစ်သွားသည်။

"ဆိုင်ရှင်....ရှင် ကစားချင်နေတာလား..."
ရှန်းချင်းချင်း က လှည့်စားတက်ကာ မာယာများသည့် မြေခွေးမလေးလို ရယ်နေသည်။ "ကျွန်မတို့ ဒီနေ့အတွက် နာရီအနည်းငယ်လောက် ကစားပါရစေဦး...ပြီးရင်တော့ ကျွန်မက ရှင့်ကို ပထမဆုံး ကစားခိုင်းမယ်လေ...အဆင်ပြေတယ်မလား..."

"မင်းက...ငါ့ကို ခြိမ်းခြောက်နေတာလား..."
ဖန့်ချီ တစ်ယောက် ဒေါသထွက်စွာ ပြန်ဖြေလိုက်သည်။ "ငါ့ဆိုင်ကို အခုပိတ်ချပြီး ငါတစ်နေကုန်လုံး ထိုင်ဆော့လို့ရတယ်နော်..."

ဖန့်ချီ၏ စကားကိုကြားသောအခါ ရှန်းချင်းချင်း ၏ ဖြစ်ပျက်သွားပုံမှာ ကြက်မကြီး တစ်ကောင်က သူ၏ကလေးတွေကို ကာကွယ်ပေးနေသလို သူမနားက ကွန်ပြူတာကို ဖက်ထားလိုက်သည်။

"ရှင်...ရှင် လုပ်ရဲလား..."

သူမက ကွန်ပြူတာတွေကို ကာကွယ်နေရာမှ သူမလေးက ကွန်ပြူတာကို အမြန်နှိပ်ကာ ဖွင့်လိုက်ပြီးတော့ ကျယ်လောင်စွာ အော်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now