Chapter 49

225 36 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(49)


"ဒီနေရာလို့...ကျွန်တော်ထင်တာပဲ..."

ထိုလူအိုကြီးက ဆံပင်များသာ ဖြူနေသော်လည်း သူတို့၏ ​ခြေလှမ်းများမှာ သူတို့နဲ့ အသက်အရွယ်တူသည့် အခြားလူများလို မဟုတ်ဘဲ အားမာန်ပြည့်ဝနေပြီး စွဲထင်နေပေသည်။

ရှေ့မှလျှောက်လာသည့်  အကြီးအကဲ က ပိန်ပိန်ပါးပါး ပုံပေါက်သော်လည်း သူ၏ အရိုးဖွဲ့စည်းပုံမှာ ထူထပ်ရုံသာမက နှဖူးရေ ဒူးရေမှာလည်း ပြောင်နေပေသည်။ သူ၏ တည်ကြည်သော အမူအရာ နှင့် အလွန်ဂရုစိုက်သည့် လှုပ်ရှားမှုများက အခြားတစ်ဖက်သားကို အစွမ်းထက်သော တည်ရှိမှု တစ်ခုပမာ ဖြစ်စေသည်။

သူထုတ်လွတ်နေသော အရှိန်အဝါ က စစ်ပွဲအပြီးတွင် ကျန်ရစ်သည့် ရတနာများကဲ့သို့ အမှုထမ်းတွေ နဲ့ မတူညီပေ။ မြင့်မြတ်သော လူမှ မွေးဖွားလာသော သူ၏ သွေးထဲတွင် ဂုဏ်သရေကား အသားထဲမှာ တံဆိပ်ခတ် ထားသလို ဖြစ်ကာ တစ်ဖက်သားကို မာနကြီးစွာ အထင်တသေး ကြည့်နိုင်စွမ်းရှိပေသည်။

ထိုလူအိုကြီး၏ ဘေးက အရာများက ပြောပြနေသည့်အချက်မှာ သူကား သာမန်အရပ်သား တစ်ယောက် မဟုတ်ဘူး ဆိုသည့် အချက်ပင်ဖြစ်သည်။

သူ၏အနောက်မှ လိုက်လာသည့် အရပ်ရှည်ရှည် ခန္ဓာကိုယ် ခပ်ကြီးကြီးနဲ့ အကြီးအကဲ က သူ့အတွက် တံခါးကို ဖွင့်ပေးလိုက်သည်။ ထို့နောက်... ထိုအကြီးအကဲ က ဦးညွတ်လိုက်ပြီး သူ၏ဘေးတွင် ရပ်စောင့်နေလိုက်သည်။

"ဆိုင်ရှင်က ဘယ်သူလဲ.. "
နလန်ဟုန်ဝူ က ဝင်လာသည့်အခါ အကြီးအကဲ ဖူ က အော်မေးလိုက်သည်။

ဖန့်ချီ က ကျောက်သင်ပုန်း အသေးလေးကို ညွန်ပြကာ ပြန်​ဖြေလိုက်သည်။
"ခင်ဗျားတို့ ဘာကို ကစားခြင်လဲ... "

အကြီးအကဲဖူ က ဖန့်ချီကို အထက်အောက် စုန်ဆန်ကြည့်သော်လည်း သူမြင်ရသည်မှာ ထိုအကောင်ငယ်လေးကား သာမန်လူငယ်တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူက ခပ်ယဲ့ယဲ့ ပြုံးကာ လက်ကို ဝှေ့ရမ်းကာ ပြောလိုက်သည်။
"ဆိုင်ရှင် ကို ထွက်လာခိုင်းလိုက်ပါ...၊ ငါ့ရဲ့ သခင် က သူနဲ့ တွေ့ခြင်နေတယ်..."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now