Chapter 70

84 10 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(70)


"ကျွန်တော့်ကို..ဝင်ပြောခွင့်ပြုပါ လူကြီးမင်း. .."
ဖန့်ချီက လေသံအေးအေးလေး ဖြင့်ပြောလိုက်သည်။

" လူကြီးမင်း အနေနဲ့ အမှန်တရားကိုသိမှသာ ..သမီးဖြစ်သူကို အပြစ်တင်ပါလားဗျာ..၊ ဒါကသာမန် ဖျော်ဖြေရေး ဟေးလေးဝါးလေး အရာမဟုတ်ပါဘူးဗျာ...၊
ဒီဆိုင်က ဂိမ်းတွေကို ကစားတာက သူမရဲ့ စွမ်းရည်တွေနဲ့ တိုက်ခိုက်မှု အတွေ့အကြုံတွေကို တိုးမြှင့်ပေးတယ်ဗျ..."

" မင်းနဲ့ ငါနောက်မှ တွေ့မယ်..."
ယဲ့စုန့်ထောင် က သူ၏ နောက်မှ ဖန့်ချီ ကိုကြည့်ကာ ဒေါသထွက်သော လေသံဖြင့် ပြောလိုက်သည်။

ဖန့်ချီ ၏ နူတ်ခမ်းများက အနည်းငယ် တွန့်ကွေး သွားကာ စိတ်မဝင်စားဟန် ပြုလိုသည်။

သူ၏ အသိပေးသည့် ကျေးဇူးကြောင့်.. ယဲ့ရှောင်ရီ က ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။

"ဆိုင်ရှင် ပြောတာအမှန်ဘဲ..၊ ဒီအားဘလိုကစားတာက သမီးရဲ့ ကျင့်ကြံခြင်း ကို ပိုသန်မာအောင် ကူညီပေးတယ်၊ အဲဒီအထဲမှာ  ကွဲပြားတဲ့ စိတ်ဝိဥာဥ် မန္တန် တွေကို သမီးသင်ယူလို့ရတယ်...၊နောက်ပြီး..အဲတာက တိုက်ခိုက်ရေး အတွေ့အကြုံ နဲ့ နည်းစနစ်တွေလည်း အတွေ့အကြုံရစေတယ်...၊ သမီးတို့ ဂိုဏ်းမှာ လေ့ကျင်တယ်ဆိုတာဘာလဲ...၊ မဟုတ်ဘူး...တစ်ကယ်လေ့ကျင့်တာဆိုက အင်အားအကုန်၊ အစွမ်းရှိသလောက်ထုတ်ပြီး အပြင်းအထန် လေ့ကျင့်ရတာလေ..၊ ဂိုဏ်းထဲမှာ လေ့ကျင့်တုန်းကဆို သမီးရဲ့ စွမ်းအားအကုန်ထုတ် လေ့ကျင့်ပေးတာလေ..."

" ဟုတ်တယ်... သမီးဂိမ်းဆော့တယ်...ဒါပေမယ့်...သမီးရဲ့ ကျင့်ကြံသူမှုကိုလည်း တိုးတက်စေတယ်လေ..."
ယဲ့ရှောင်ရီ က နည်းလမ်းတကျ ဆက်ပြောလိုက်သည်။

" အဖေကတော့ သမီးကို ဂိမ်းကစားနေတယ်လို့ ထင်မှာပေါ့....ဒါပေမယ့်... တစ်ကယ်​တော့ သမီးက သင်ယူနေတာပါ...၊ အခုလက်ရှိ 'ရေခဲချပ်ဝတ်´ လို့ခေါ်တဲ့ မန္တန် တစ်ခုကို သင်ယူနေတာ....အဲတာက အရမ်းကိုစွမ်းအားကြီးတဲ့ ခုခံရေး ချပ်ဝတ်ပဲ...၊ တစ်ကယ်လို့ အဖေ မယုံရင်...အဖေ စမ်းကြည့်လိုက်ပါ...၊ သမီးရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ နဲ့ ကျင့်ကြံခြင်း သန်မာမှုက သက်သေပြလိမ့်မယ်...."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now