Chapter 71

79 11 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(71)

ဖန့်ချီ အတွက် ဒီကမ္ဘာကြီး ၏ ဗဟုသုတ များမှာ အရင်ခန္ဓာကိုယ်ပိုင်ရှင် ၏ မှတ်ဥာဏ်တွေ နှင့် အင်တာနက်ကဖေးဆိုင် လာသည့် ဖောက်သည့်များအကြားက ဆွေးနွေးမှု များသာသာ လောက်ပဲ အကန့်အသတ် ရှိပေသည်။

အမှန်တရားက​တော့..ဒီကမ္ဘာကြီးကို ရောက်ပြီး ကတည်းက သူ့အနေဖြင့် လင်းယန်ကျောင်းတော် တွင် ဝင်ခွင့် စာမေးပွဲဖြေရန် နှင့် ဒိုဂျိုတွင် သိုင်းပညာလေ့ကျင့်ရေး လုပ်တာမှ လွဲ၍ ဒီလမ်းကြားလေး ထဲမှ အပြင်ထွက်ခဲပေသည်။

သူ၏ အင်တာနက်ကဖေးဆိုင် မဖွင့်ခင်ကဆိုလျှင်..သူကဒီလမ်းကြား လေးထဲမှ မထွက်ခွာခဲ့ချေ။ အကြောင်းမှာ စွမ်းအားနှင့် ပါရမီ မရှိသောသူသည် ကိုယ့်ကိုယ်ကို ပင် ကာကွယ်မှု မရှိနိုင်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ဆိုင်ဖွင့်ပြီးနောက် အခုချိန်ကျတော့လည်း သူ့တွင် အပြင်ထွက်လည်ရန် အချိန်က မရှိခဲ့ပေ။

နောက်ဆုံးသော အချိန်က သူ၏ ဆိုင်မှ သူထွက်စဥ်အခါကလည်း သူ၏ ခရီးမှာ မနက်စာ စားပြီးအမြန် ပြန်လာခဲ့ရသည်။
(စကီလေးတွေ နဲ့တွေ့တာ...ငိငိ..)

ထို့ကြောင့်..သူပြန်လာရတုန်း ကလည်း ဘာခံစားချက်မှ မကောင်းချေ။ အခုချိန်တွင် သူက ရော့ကတ်လောင်ချာ ကို သူ၏ ကျောတွင်လွယ်ကာ အပြင်ထွက်လာရသည့် အခါ သူ၏ စိတ်ထဲ လုံးဝကို ကြေနပ်ပီတိတွေ ဖြာနေမိပေသည်။

သူက ဂျူဟွားမြို့တော် ၏ မြို့လယ်ခေါင်ကို လျှောက်လာခဲ့ရာ ထိုလမ်းများက အရမ်းရှုပ်ရှက်ခက် နေသည်ကို သတိထားမိသည်။ သူအခု ရှိနေသည့် လမ်းကို ထျန်းဖုလမ်းမ ဟုခေါ်ကာ.. မြို့တွင်း၏ စီးပွားရေး နှင့် ကုန်သွယ်ရေး အဓိက လမ်းဖြစ်ပေသည်။

သူ့လို လက်နက်များကို ကျောတွင်လွယ်ကာ ရှိနေသည့် လူကလည်း အများအပြားရှိပေသည်။ နောက်ပြီးတော့ ဤကမ္ဘာကြီးသည် ကျင့်ကြံသူ တွေ နှင့် စစ်သည်တော် များ၏ ကမ္ဘာဖြစ်သည်။

ဒီနေရာတွင် လူများစွာရှိနေကာ... မြင့်မြတ် သိမ်မွေ့ကာ အထက်တန်းဆန်သည့် ဝတ်စုံ များနှင့် လူများရှိသလို..၊ သူတော်စင်တွေ ကဲ့သို့ ကျင့်ကြံသူများကလည်း နေရာအနှံ့တွေ့နေရပေသည်။ သူ့အနေဖြင့် ဒီကမ္ဘာကြီးကို ရောက်တာ ကြာပေသည့်တိုင်အောင် အခုလို အံ့မခန်းမြင်ကွင်းမျိုးကို မမြင်ဖူးချေ။ မရေမတွက် နိုင်သည့် နှစ်ထပ် ဆိုင်များက လမ်း၏ တစ်ဖက်တစ်ချက်တွင် ရှိနေကာ... ဖန်ခေါင်မိုး များ၊ အရောင်စုံ အုတ်ကြွပ်ပြား များဖြင့် ဒီဇိုင်းကာလာ ဘာညာအနေအထားများကို အလှဆင်ထားပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now