Chapter 5

410 54 3
                                    

Zawgyi

"ကျင့်ကြံခြင်းကမ္ဘာ မှ အင်တာနက်ကဖေးစနစ်"

အပိုင်း(5)

ဖန့်ချီက ဝမ်တိုင်၏ သလင်းကျောက် များကို လက်ခံလိုက်သည့် နှင့် ကွန်ပြူတာ မျက်နာပြင် ရှိ သတိပေးစာများ ပျောက်ကွယ် သွားလေသည်။

ဝမ်တိုင် တစ်ယောက် ပျော်ရွင်စွာ ပြန်ဆော့နေချိန်,ဆိုင်၏ အပြင်ဘက်တွင် အစိမ်းရောင် ဝတ်ရုံ ဝတ်ထားသော ကြည့်ကောင်းသည့် လူငယ်တစ်ယောက်သည် ဆိုင်းဘုတ်ကို ကြည့်ကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

မှန်တံခါး မှ တစ်ဆင့် ဆိုင်တွင်းသို့ ဝင်ရောက် လာပြီး ဆိုင်ထဲရှိ လူများကိုတစ်ချက် ကြည့်ကာ မေးလိုက်သည်။

" ဒီဆိုင်ပိုင်ရှင်က ဘယ်သူလဲ?..."

"ဆိုင်ရှင် က ငါပါ... ဘာများကူညီပေးရမလဲ..."
ဖန့်ချီ က ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေလိုက်သည်။

"သာမန်လူ?.."

ထိုလူငယ်က အထင်သေးစွာ ကြည့်ကာ အပြင်ကို ညွန်ပြလိုက်ပြီး-

"ဘယ်လိုလူ ကများ ကိုယ့်ဆိုင်ကို ဒီလို နာမည် ပေးသလဲ လို့၊ မင်း ဆိုင်က ဘာဆိုင်လဲ?.."

ဖန့်ချီ က ရှင်းမပြဘဲ ဂိမ်းဆော့ နေတဲ့ ဝမ်တိုင် ကို ညွန်ပြကာ-

"ကိုယ့်ဘာသာကိုယ် ကြည့်ပါ!..."

ထိုလူငယ်ကလည်း ပြန်မပြောတော့ဘဲ ဝမ်တိုင် အနောက်ကို လျှောက်သွားကာ ကွန်ပြုတာ မျက်နှာပြင် ကို ကြည့်လိုက် သည်။ ကွန်ပြူတာ မျက်နှာပြင် ပေါ်ရှိ မြင်ကွင်း ကမယုံနိုင်စရာ လက်တွေ့ဆန် လွန်းလှကာ လူငယ်ကို အလွန် ထိတ်လန့်စေသည်။

သူက မေးလိုက်သည်။

"အဲ့ဒါ ကဘာလဲ?...၊
ဒီ ဖက်တီးကောင်က ဘာလုပ်နေတာလဲ "

"သူက အဲ့ဒီ မျက်နှာပြင်ပေါ်က လူကို ထိန်းချုပ် နေတာ.."

ဖန့်ချီ ရှင်းပြ လိုက်သည်။ သို့သော် လေသံကား အပြောင်းအလဲ မရှိ အေးစက်စွာ ပင်ရှိသည်။

ထို အစိမ်းရောင်ဝတ် လူငယ်က ဖန့်ချီစကား ကို လက်မခံပဲ အထွန့်တက်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Onde as histórias ganham vida. Descobre agora