Chapter 72

87 9 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(72)

"ဒါဆို...မင်းက ညီနောင်ဖန့် ပေါ့..."

ရွှေရောင်မိုးစက် မျှော်စင် အတွင်းတွင် ဖန့်ချီ နှင့် အဝါရောင်ဝတ်ရုံဝတ် လူငယ်လေးတို့မှာ လက်ဟန်ခြေဟန် ဖြင့်ပြောဆို နူတ်ဆက်နေကြသည်။

"ကျွန်တော့် နာမည်က... ဟွမ်ရွယ် ပါ..၊ ဒီနေရာမှာကတော့ ကောင်းမွန်တဲ့ စိတ်ဝိဉာဉ် အဆောင်ပစ္စည်းတွေ အများကြီး ရှိပါတယ်..၊မင်း ဘာကို ကြိုက်လဲ..၊ ဒီနေရာက စိတ်ဝိဉာဉ် အဆောင်ပစ္စည်းတွေက စစ်သည်တော် တွေအတွက်ပဲဗျာ..."

"ဒီ အဆောင်ပစ္စည်း တွေက စစ်သည်တော် တွေအတွက် သီးသန့် လုပ်ထားတာလား..."
ဖန့်ချီ က အံ့အားသင့်စွာ ပြောလိုက်သည်။

"မဟုတ်ပါဘူး..."
ဟွမ်ရွယ် က ရှင်းပြသည်။

" တချို့သော အထူးအစီအရင်ထားတဲ့ အ​ဆောင်ပစ္စည်းတွေ ဆိုရင် သုံးဖို့အတွက် စစ်သည်တော် ချီ နဲ့ အသုံးပြုရတယ်...၊ ဒါပေမယ့်လည်း...ကျင့်ကြံသူ တွေ သုံးလို့ရအောင်လည်း လုပ်ထားသေးတယ်...၊ဒါကြောင့်လည်း အထူးအစီအရင် အဆောင်ပစ္စည်း တွေက တခြားအရာတွေထက် ပိုစျေးကြီးတာပေါ့...."

" ကျွန်တော်...ဒါတွေနဲ့ ပတ်သတ်ပြီး သိပ်အကျွမ်းတဝင် မသိထားဘူး...."

ဖန့်ချီက စိတ်ဝင်စားစွာ ပြောလိုက်သည်။

"ဒါဆို သိုလှောင်လက်စွပ် လို အဆောင်ပစ္စည်း ကရော စစ်သည်တော်တွေ အတွက်ပဲလား...၊ ဆက်သွယ်ရေးကျောက်စိမ်း ကရော ...."

"ဟုတ်တာပေါ့...."

ဟွမ်ရွယ် က ဦးဆောင်ကာ ဖန့်ချီကို ဒုတိယ အထပ်ဆီကို ခေါ်ဆောင်သွားသည်။

"သိုလှောင် အ​ဆောင်ပစ္စည်းတွေက မြှင့်မားတဲ့ အရည်အသွေးရှိတဲ့ အ​ဆောင်ပစ္စည်းတွေပဲ...၊ မင်း တစ်ခုလောက် အားပေးသွားပါဦးလား...."

"ငါ....အရင်ဆုံးကြည့်ဦးမယ်...."
ဖန့်ချီ ကပြောသည်။

ဖန့်ချီ အတွက် ကျင့်ကြံရေးပစ္စည်းများသည် ဝတ္ထုဆန်လှပေသည်။ ထို့အပြင် အခြားကမ္ဘာမှ လာသည့် သူ့အနေဖြင့် ထိုပစ္စည်းများမှာ ဒဏ္ဍာရီ ဆန်သော ပစ္စည်း များဖြစ်သည်။ ထို့ကြောင့်ပင် သူက စိတ်ဝိဥာဥ် အဆောင်ပစ္စည်း များကို မြင်ရသည့်အခါတွင် စိတ်ထဲတွင် အလွန်ပင် ထိတ်လန့် အံဩ၊ ကြေနပ်စိတ်များ ခံစားခဲ့ရသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now