Chapter 60

189 32 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(60)


ဒီနေ့တွင်  ဖန့်ချီက သူ၏ ဂိမ်းကို မကစားဖြစ်ပေ။ ထိုအစား.. သူ၏ လက်ထဲတွင် အနုစိတ်သည့် စာအုပ်တစ်အုပ်ကို ကိုင်ထားပေသည်။

ပထမဆုံး စာမျက်နှာတွင် သင့်တင်သော လက်ရေးဖြင့် ရေးသားထားသည်က-
"ဒီအားဘလို: အတွဲတစ်.."

သူ၏ ရှေ့တွင်ရှိသည့် လွပေသာ မျက်နှာလေးကို သူက မော့ကြည့်လိုက်သည်။

ရှန်းချင်းချင်း က သူမ၏ လက်လေးများကို နောက်ဘက်ကို ပစ်ထားပြီး ဖန့်ချီအနီးကို ကပ်ကာ မျှော်လင့်စောင့်စား စွာဖြင့်ပြောလိုက်သည်။

"ကြည့်,ကြည့်ပါဦး... "

ဖန့်ချီ က ခေါင်းငြိမ့်ကာ သူက ပထမ စာမျက်နှာ ကိုလှန်လိုက်သည်။ စာရေးသူသည် သူ၏ နှလုံးသားကို ထိုအပေါ်နှစ်ထားရမည်ဟု သူပြောခဲ့သည်။ ဒါက ပထမဆုံး စာမူကြမ်းပင် ဖြစ်သော်လည်း သေသပ်ကာ ဖတ်ရအဆင်ပြေပေသည်။

ရှန်းချင်းချင်း က စာပေအနုပညာ နှင့် သိုင်းပညာတွင် အရည်အချင်း ရှိသည်ဟု ရှစီရှင်း ဆိုတာက မှန်ပေသည်။ ထို့အပြင် ဖန့်ချီ က ပါလားဒန် ကို ရွေးချယ်ပေးကာ ရှန်းချင်းချင်း ကလည်း ဒါကိုပဲ ရွေးချယ်ခဲ့သည်။ ထို့ကြောင့်ပင် သူမက ပထမတွဲ  တွင် ပါလားဒန် ကို အဓိကဇာတ်ကောင် အဖြစ်သုံးခဲ့ပေသည်။

ဖန့်ချီ၏ အရင်ကမ်ဘာတွင် ဒီအားဘလိုနှစ် ထွက်လာသည့် အချိန်ကလည်း ထို ဇာတ်ကြောင်း နှင့် ဂိမ်းမှာ လက်ဖျားခါလောက်အောင်ပင် အံ့သြဖွယ် ကောင်းတာကို သိလိုက်ကြရသည်။

ထို့နောက် အွန်လိုင်းစာပေများတွင် စတင်၍ လူကြိုက်များလာပြီးနောက် စာရေးသူများစွာက သည် ဒီအားဘလို နှင့်သက်ဆိုင်သော စာအုပ်များကို ရေးသားထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ဖန့်ချီ က ရှန်းချင်းချင်း ဆီက တရားဝင်ဝတ္ထု ၏ စာမူကြမ်းကို လက်ခံမိချိန်က သူ၏ အမူအရာက အနည်းငယ် ပြောင်းသွားသည်။

...

ထိုအချိန်တွင်... အင်တာနက်ကဖေးဆိုင် တွင်ကား ဖောက်သည်များ ပြည့်နေခဲ့သည်။ နလန်ဟုန်ဝူ၊ အန်းချန် ၊ စွန်းချင်းဖန် နှင့် အခြားသူများ က အန်ဒါဒီရယ် ၏ ပုန်းခိုရာနေရာ သို့ရောက်ရန် ကြိုးစားနေကြသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now