Chapter 3

519 59 2
                                    

Zawgyi

ကျင့်ကြံခြင်းကမ္ဘာ မှ အင်တာနက်ကဖေးစနစ်..

အပိုင်း(3)

ဖက်တီးလေး ဝမ်တိုင် သည် ထိုကဲ့သို့သော ဂိမ်းမျိုး ရှိသည် ဟု တစ်ခါမှ မကြားဖူး ခဲ့ပေ။

ဒါ့ကြောင့် သူက VR နားကြပ်[အစစ်အမှန် ကဲ့သို့ ပုံရိပ်ယောင် နားကြပ်ဆိုတာက ထောက်နေမှာ ဆိုးလို့ ဒီလို ပြန်လိုက်တာပါ။ အောက်တွင်ရှိသည့် ပုံထဲက အရာလေးပါ]ကို ပြန်တပ်ကာ ထပ်ကစားဖို့ ပြင်လိုက်ပါတယ်။ သူ ရှေ့ပြေး ကစားနေစဉ် အလ်ဖာ(alpha) အဖွဲ့ သည် ရဟတ်ယာဉ် ပေါ်မှ ဆင်းလာခဲ့ သည်။

အလ်ဖာ အဖွဲ့ ခေါင်းဆောင် အဲလ်ဘတ် ဝါစကာ ကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်သည်။ ထိုဂိမ်း၏ အဓိကဇာတ်ကောင် နှစ်ကောင် ဖြစ်သော ခရစ် ရတ်ဖီး နဲ့ ဂျေးဗယ်လင်တိုင်း တို့ လျှောက်လာခဲ့သည်။

သူတို့သည် မူလ မကောင်းဆိုးဝါးတို့ နေထိုင်ရာ ဂိမ်ထဲမှ ဇာတ်ကောင်များနဲ့ တူလှပေသည်။ သူတို့ နှစ်ဦး၏ ပုံစံဟာ တကယ့်လူသား နဲ့ပင် တူလှပေသည်။

သူတို့ရဲ့ ခန္ဓာကိုယ်ဟာ အပြစ်ကင်းစင်ကာ   အသားအရေ တွေ၊ဆံပင် တွေ နဲ့ ယုတ်စွ အဆုံး ချွေးပေါက်များပင် သန့်ရှင်းနေလေသည်။

ဝမ်တိုင် ရောက်တဲ့အခါ သူတို့ရဲ့ ကိုယ်တွင်းအပူချိန် များကိုပင် ခံစားလို့ ရသည်။

သူတို့ရဲ့ မျက်နှာတွေက အလွန်သဘာဝ ဆန်ပြီး တစ်ကယ့်လူသားများဟု ပင် ထင်ရစေသည်။

ဝမ်တိုင်သည် ပါဝင်သည့်  ဂိမ်းဇာတ်ကောင်များကို တစ်ဆေ တစ်ကောင်ကဲ့သို့ အနီးကပ် ကြည့်ရှုနေရင်း-
"သူတို့က ဒဲလင်း အင်ပါယာ ( Daling) က လူတွေ နဲ့ အတော်တူတာပဲ"

"တစ်ကယ် မဟုတ်ဘူး...လူတွေ က ဒီလို ဝတ်စားဆင်ယင် မှု မရှိဘူး၊ ဒဲလင်း အင်ပါယာက အမျိုးသမီး တွေက ကျယ်ပြန့်တဲ့ ပခုံး တွေ တင်ပါးတွေ ရှိပြီး ၊သူမလောက် ဘယ်သူမှ မလှကြဘူး..."

မကောင်းဆိုးဝါးတို့ နေထိုင်ရာ ပထမတွဲ မှ အဓိက အမျိုးသမီး ဇာတ်ကောင် ဖြစ်သည့် ဂျေးဗယ်လင်တိုင်း သည် မကောင်းဆိုးဝါးတို့နေထိုင်ရာ ဒုတိယ ရုပ်ရှင် ဇာတ်ကား ၏ အမျိုးသမီး ခေါင်းဆောင် လည်း ဖြစ်ပေသည်။ ရုပ်ရှင်ထဲတွင် ကော့ကေးရှန်(အိန္ဒိယ ဥရောပ လူမျိုး) သရုပ်ဆောင်ဟု မထင်ရလောက်အောင်ပင် ရုပ်ရှင်တွင် ဂျေး က လှပစွာ စတင်ခဲ့သည်။ ဂျေး တွင် အရှေ့တိုင်း နဲ့ အနောက်တိုင်း ပုံစံများကို ဂိမ်းထဲတွင် တွေ့ရနိုင်သည်။ သူမ၏ စစ်ဝတ်စုံ နဲ့ သူမှသည် ရဲရင့်သည့် သူရဲကောင်းဟန် ပေါ်စေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now