Chapter 75

81 7 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(75)


"နတ်မိမယ်နှင့်ဒဏ္ဍာရီလာဓား ဆိုတာက ဘာကြီးလဲ...,အဲ့နာမည်ကို ခေါ်ရတာ ကောင်းကင်ဘုံ စစ်သည်တော် ဝတ္ထုနဲ့ တူသလိုပဲနော်..."

"အဲ့တာက ဘယ်လောက်တောင် ပျော်စရာ ကောင်းနေလို့လဲ...,ခင်ဗျား ဒီအားဘလို ကိုသာ ကစားသင့်ပါတယ် ဆိုင်ရှင်ရာ..."
အန်းချန် က ကျယ်လောင်စွာ ပြောကာ လှောင်ရယ်ကာ ကန့်ကွက်လိုက်သည်။

"ဒီအဖိုးကြီးက... ရွက်ကြမ်းရေကျို အပျော်ဂိမ်းတွေဆိုရင် စိတ်မဝင်စားဘူးနော်...  "
နလန်ဟုန်ဝူ က သူ၏ နောက်ကျောဘက်ကို လက်ပစ်လိုက်ကာ နှာခေါင်းရှုံကာ ပြောသည်။

"အဲ့ဒါက အရမ်းကို ရိုးပြီး ပုံတုံးတယ်နော်...၊ ပျော်စရာဆိုတာ ဘာလဲကွာ...၊ မင်း စဥ်းစားကြည့်စမ်းပါဦး....အဓိကဇာတ်ကောင် တွေက သူတို့ရဲ့ တစ်ဘဝလုံးကို လေ့ကျင့်ပြီး ဖြတ်သန်းနေရတာ...ဒါပေမယ့် ပိုပြီးပြောတာတော့ မဟုတ်ဘူးနော်... ငါသာ အဲ့လို ကောင်တွေကို သတ်ခြင်ရင် လက်တစ်ချောင်းပဲ လိုတယ်....၊ငါ လိုခြင်တာက စာအုပ်တွေမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေထက် ပိုသိခြင်တာလေ..."
(ဘိုးတော်က စကေးကြမ်းကြောင်း ကြွားပြီ..ငိငိ)

"ဆိုင်ရှင်....ခင်ဗျားရဲ့ ဂိမ်းတွေကို ဘာကြောင့် ခေတ်နောက်ပြန်သွားနေရတာလဲ...."
စွန်းချင်းဖန် က ပြောသည်။
" ခင်ဗျားအနေနဲ့ R.E(မကောင်းဆိုဝါး တို့ နေထိုင်ရာ) နဲ့ ဒီအားဘလို တို့ရဲ့ နောက်ဆက်တွဲ တွေကို ဖန်တီးသင့်တယ်နော်...၊ ဘာကြောင့် ကောင်းကင်ဘုံ စစ်သည်တော် နဲ့တူတဲ့ တစ်ခုခုက ထွက်လာရတာလဲ...၊ ပြီး​တော့ အဲဒီ နတ်မိမယ် နှင့် ဒဏ္ဍာရီလာဓား ဆိုတာက ဘာကောင်းလို့လဲ.... "

"ရှင်တို့အားလုံးက ဘာကြောင့် ဒီနေရာမှာ စုနေရတာလဲ...၊ ကောင်းကင်ဘုံစစ်သည်တော် အကြောင်းဆိုတာက ဘာလဲဟင်..."
ရှစီရှင်း နှင့် ရှန်းချင်းချင်း တို့က အခြားသူများက ဂိမ်းအသစ်အကြောင်း ပြောဆိုသည်ကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့က မကူညီနိုင်သော်ငြားလည်း အခြေအနေကို တစ်ချက်အစ်လိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now