Chapter 39

244 34 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(39)

R.Eပထမတွဲ ရုပ်ရှင်ဗားရှင်း ကိုပြန်လည်ကြည့်ရှုရန် ဒီနေ့တွင်လည်း အံ့သြဖွယ်ရာ ပမာဏမျှ လူများက ရောက်လာခဲ့သည်။  ဂျူဟွားမြို့တော် ရှိ သတင်းကိုကောင်းစွာ သိထားသောသူများဘအတွက် R.Eဆိုသည့် ထိုဝေါဟာရကို အကြိမ်ကြိမ် ပြောဆိုနေကြပေသည်။

"မင်း..R.Eကို သိလား...၊ အဲတာက အခုချိန်မှာ လူကြိုက်များ ရေပန်းစားနေတဲ့ စိတ်ဝိဥာဥ်ပစ္စည်းရုပ်ရှင် ဆိုပဲ....."

"ဘာကြီး...မင်းအခုထိ မသိသေးဘူး..၊မမြင်ရသေးဘူးပေါ့...၊ သားကြီး မင်းခေတ်နောက်ကို လုံးဝကျနေပြီ...."

တချို့ အကြောင်းပြချက်များကြောင့်...ဂျူဟွားမြို့၏ ဦးတည်ရာ တစ်ခုကား တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

ဒီနေ့ကား အင်တာနက်ကဖေးဆိုင် ၏ ကစားသမားဟောင်း များအတွက် အရေးကြီးသော နေ့ဖြစ်သည်။ အချို့သော လူများက R.Eပထမတွဲ ပုံရိပ်ယောင်စစ် ဗားရှင်း ကို ကျော်ဖြတ်မည် ဖြစ်သည်။

လူအုပ်စုတွေက ရှစီရှင်း ၊ လျန့်ရှစ် နှင့်ဝမ်တိုင် ၏ အနောက်တွင် ရှိနေပေသည်။

ထိုသုံးယောက်က ယနေ့တွင် ဂိမ်းကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ခြေများ ပေသည်။

အင်တာနက်ကဖေးဆိုင် လေးတွင် လက်ခုပ်သံများက ခဏပြီး ခဏထွက်လာခဲ့သည်။ နေရာကျယ်နေခြင်းကိုပင် ကျေးဇူးတင်ရပေမည်။ ခါတိုင်းထက် ဒီနေရာက ဤနေရာက လူပိုဆန့်နေပေသည်။

လီဟောက်ရန် ကား မီးတောက်ပြာ ဂိုဏ်းမှ ဝိဥာဥ်ပစ္စည်း ဖန်တီးရေးတွင် အထူးပြုသည့် ကျင့်ကြံသူ ဖြစ်သည်။ သူက ဂုဏ်သရေရှိ မိသားစုမှ လာသူ မဟုတ်သော်လည်း မီးတောက်ပြာဂိုဏ်း၏ လူစုဆောင်းရေး တွင် သူ၏ ပန်းပဲပညာတွက် ပါရမီကို တွေ့ရှိကြသည်။ ထိုအခါတွင် ဝူဝေ့တာအို မဟာမိတ်ကြီးမှ အဆင့်မြင့်ဆုံး မဟာဆရာသခင်အဆင့် ပန်းပဲပညာရှင် ကျွင်းယန်စီ တပည့် အဖြစ်ခေါ်ယူခဲ့သည်။ ထိုအချိန်က စ၍ သူ၏ ဂုဏ်သိက္ခာတွေက ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now