Chapter 57

175 32 2
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(57)

ထိုညပိုင်းတွင် ...ကစားသမားများ အင်တာနက်ကဖေးဆိုင် မှ ထွက်ခွာသွားသည်နှင့် ဖန့်ချီက ကျန်းရှောင်ယွဲ့ ကို အပေါ်ထပ်အိပ်ခန်းများကို သပ်သပ်ရပ်ရပ် လုပ်ရန် လွှတ်လိုက်သည်။

"ဆိုင်ရှင် ရေ....ငါတို့ R.E ရုပ်ရှင်ဗားရှင်း ကို ကြည့်ခြင်လို့ပါ..."
စစ်သည်တော် ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူငယ်နှစ်ယောက်က ဆိုင်ထဲသို့ လျှောက်လာကာ အော်ဟစ်လိုက်သည်။

[တာဝန်:R.E ပထမတွဲ ရုပ်ရှင်ဗားရှင်း လတ်မှတ် အစောင်(100)ရောင်းချပါ {ပြီးမြောက်သည်}

တာဝန်ဆုလာဒ်: ဒီအားဘလိုနှစ်: ပုံရိပ်ယောင်စစ် ပြန်လည်ဆန်းသစ်ထားမှု အခန်းကြီး 2]

ဖန့်ချီက သူ၏ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ စနစ်၏ သတင်းပေးချက်ကို ဖတ်လိုက်သည်။

R.E ကို အဓိက ကစားသွားသူများမှာ လင်းယန်အကယ်ဒမီ ကျောင်းတော်က ကျောင်းသား များနှင့် စစ်သည်​တော်များ ဖြစ်ပေသည်။

မှန်ပေသည်။
ကျင့်ကြံသူ အများစုကတော့ ဒီကိုလာကာ'ရုပ်ရှင် ´ဆိုတာ ဘာလဲဆိုသည်ကို လာဖော်ထုတ်ကြရာမှ ပြည့်လာခြင်း ဖြစ်ပေသည်။

ထို့နောက်တွင် ... ဖန့်ချီ၏ ဆိုင်က ဂျူဟွားမြို့ တွင် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပေသည်။

ရုပ်ရှင် လတ်မှတ် အစောင် (100) ရောင်းချပြီးနောက်... ဆိုင်ငယ်လေးကား ဒီအားဘလိုနှစ် ၏ အခန်းကြီး ၂ကို ပိုင်ဆိုင်ခဲ့ပေသည်။ တစ်ချိန်တည်းတွင် ဖန့်ချီက အခန်းကြီး ၃ကို ဘယ်လိုရနိုင်မလဲ ဆိုတာကို ရှာဖွေခြင်နေမိသည်။

[တာဝန်အသစ်: ဒီအားဘလိုနှစ်: ပုံရိပ်ယောင်စစ် ပြန်လည်ဆန်းသစ်မှု,အခန်းကြီး 1 ကို ဖောက်သည် အယောက် ၈၀ ရောင်းချပါ....

ပြီးစီးမှုအခြေအနေ:  28/80

တာဝန်ဆုလာဒ် : ဒီအားဘလိုနှစ် : ပုံရိပ်ယောင်စစ် ပြန်လည်ဆန်းသစ်မှု , အခန်းကြီး 3 ]

သို့သော်လည်း...ဖန့်ချီ တွင် ညပိုင်းကို ကစားဖို့အချိန် မရှိသေးချေ။ သူက သူ၏ အခန်းအတွက် အိပ်ယာအသစ် တစ်ခုရပြီးတော့ သူ၏ ခေါင်မိုးကို ပြင်ထားရပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now