Chapter 35

236 37 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(35)

-လေနှင့်လမင်း နန်းတော်-

စားသောက်ဆိုင်၏အတွင်းက တောင်ပိုင်းထောင့်ရှိ တစ်မူထူးခြားသည့် ပြိုင်ဘက်ကင်း အသွင်အပြင်ရှိသော သီးသန့် အခန်းတစ်ခု ဖြစ်သည်။

နှုတ်ခမ်းမွှေးနှင့် လူလတ်ပိုင်းက သူ့၏ အတွင်းအိတ်ကပ်ထဲမှ ကောင်းမွန်သည့် ပြွန်ပိုက်လေးတစ်ခုကို(ဆေးတံပေါ့) ထုတ်လိုက်သည်။  သူသည် မီးထွန်းလိုက်သည်နှင့် ချက်ချင်းပင် မီးခိုးများ စတင် ထွက်လာခဲ့သည်။

သူက ထိုအရာလေးကို စုပ်လိုက်ပြီးတော့ ပြတင်းပေါက်မှ တစ်ဆင့် မှုတ်ထုတ်လိုက်သည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် အပြာတောက်တောက် ဝတ်ရုံဝတ်ထာသည့် လူငယ်တစ်ယောက် ရှိပေသည်။ သူ၏ ချုပ်တည်းထားမှု ရှိသည့် အရှိန်အဝါက သာမန်လူတစ်ယောက် မဟုတ်မှန်း သိသာပေသည်။ 

"လူကြီးမင်းမူ...မင်းဘာကို ကြည့်နေတာလဲ..."
ထိုကျင့်ကြံသူက ဘယ်လိုကြည့်ကြည့် ကျင့်ကြံသူ နဲ့တစ်စက်မှ မတူသည့် နူတ်ခမ်းမွေးနဲ့လူကို အလွန်တလေးတစား ဆက်ဆံနေရသည်။

"အဲဒီအရာက ပြောဖို့ တော်တော်ကို သင့်တော်တယ်..."
ထို လူငယ်က ပြုံးလိုက်ကာ ပြောလိုက်သည်။

"ဂျူဟွားမြို့မှာ ရှိတဲ့ တစ်ကယ်အဖိုးထိုက်တဲ့ အရာကို ငါမယူနိုင်ခဲ့ဘူး..."

"အဖိုးတန်တဲ့ ပစ္စည်းဟုတ်လား..."
ထို အပြာရောင်ဝတ် ကျင့်ကြံသူ က အလွန်ကို အံ့သြသွားလေသည်။

"မင်းအနေနဲ့ R.Eကို မကြာခဏ မကြားဖူးဘူးလား..."

လူငယ်က ပြုံးလိုက်သည်။

"အဲတာက ဘယ်ကြီးလဲ..."
ကျင့်ကြံသူ က နဂိုက ထက်အံသြသွားကာ မေးလိုက်သည်။

နူတ်ခမ်းမွှေးနဲ့ လူငယ်က ပြုံးလိုက်သည်။
"ဟောက်ရန်... မင်း ကျင့်ကြံသူ မဖြစ်ခင်က..မင်းရဲ့ အဆင့်အတန်းကြောင့် အကန်းတစ်ယောက်မဖြစ်စေနဲ့ လို့ ငါသတိပေးခဲ့ဖူးတယ်မလား.."

"သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း..."
အပြာရောင်ဝတ် လူငယ်က ချွေးများပင် ပျံစပြုလာခဲ့သည်။ သူသည် အခု ကျင့်ကြံသူ ဖြစ်သော်လည်း သူ့အရှေ့မှ လူရှေ့တွင် သူ့က ကမူးရှူးထိုး လုပ်ရဲ့သည့် သတ္တိမျိုးမရှိသေးပေ..

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now