Chapter 31

275 43 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(31)

အနီရောင်ဘုရင်မက အရာအားလုံး ကို ထိန်းချုပ်ထားပေသည်။ ဖျက်ဆီးခြင်းဖုတ်ကောင်အုပ်စုကြီးကား နေရာအနှံ့ ရှိနေပြီးတော့ လစ်ကာများကလည်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဖန်သားပြင်ပေါ်က အရာအားလုံးမှာ ထိတ်လန့်တုန်လှုပ်စရာပင်ဖြစ်သည်။ ထို့အပြင် ဒီရုပ်ရှင်က ကြည့်ရှုသူများကိုယ်တိုင် မြင်ကွင်းတွေကို ခံစားလို့ရအောင် ပြုလုပ်ထားသည်။ ဒဏ်ရာများရပါက စိတ်ပူပန်စေရန် ဖုတ်ကောင်တွေလို ရုပ်ဆိုးသော မွန်းစတားတွေ အဖြစ် ပြောင်းလဲစေပေသည်။

ဇာတ်ရှိန်တက်လာသည်နှင့်အမျှ... လန်ယန်က ဇာတ်ကြောင်းကို စိတ်လှုပ်ရှားရုံသာမက၊ လျင်မြန်စွာ တိုက်ခိုက်တတ်ခြင်း နှင့် အံ့သြဖွယ်ရာ လစ်ကာများကို တွန်းလှန်သည့် နောက်ဆုံးတိုက်ပွဲမှာ ရင်တုန်ပန်းတုန် ဖြစ်စေကြောင်း သတိထားလိုက်မိသည်။ သူမက ပို၍ကြည့်လေလေ..ပို၍တုန်လှုပ်ရလေလေ ဖြစ်လာသည်။

'ဒီဝတ္ထုရေးသူက ဘယ်လိုတွေများ ရေးတတ်ရတာလဲ...' သူမကား အလွန်အံ့အားသင့် နေသည်။

ဒီဂိမ်းကား ပြိုင်ဘက်ကင်း အဖြစ်အပျက်တစ်ခုလိုပင်...။ ဒီအရာက သူမလေးကို အံ့သြစေသည်။

ဒီလိုတစ်စုံတစ်ခုမျိုး ကမ္ဘာပေါ်မှာ တည်ရှိနေမည်ဆိုတာကို သူမတွေးပင် မတွေးဖူးပါချေ။ ဒီအရာကား သူမ၏ စိတ်ကူးနိုင်သည့် အတိုင်းအတာထက် ကျယ်ပြန့်ပေသည်။

သူမကား နောက်ဆုံးတွင်တော့ ဒီလူများမှာ လိမ်ညာခံရ၍ ဒီနေရာကို လာနေသူများမဟုတ်ကြောင်း ယုံကြည်သွားခဲ့ပေသည်။ ဒီဆိုင်လေးကလွဲ၍ ဘယ်လိုဆိုင်မျိုးကများ ဒီလူတွေ အကုန်လုံးကို စွဲ​ဆောင်ဖို့ ကမ်းလှမ်းနိုင်သေးလို့လဲ...

"ငါတို့မြင်လိုက်ရတာတွေက အစစ်တွေလား..၊ ဘာတွေလဲ..." ဒီအချိန်မှာပင် နလန်မင်ရွယ် လည်း ရုပ်ရှင်ကို ကြည့်၍ ပြီးသွားခဲ့သည်။ သူမ၏ အမူအရာမှာ လန်ယန်ထက်စာလျှင် ပို၍တည်ငြိမ်နေသော်လည်း လူတွေက သေချာသာ အနီးကပ်ကြည့်ပါက သူမတွင် အံ့သြသည့်အရိပ်အယောင်လေးအနည်းငယ်ကို မြင်နိုင်ပေသည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now