Chapter 29

288 41 0
                                    

ကဲ...မဝင်ရသေးတဲ့ ချိဖတို့ အထဲမှာ မိုက်နေပြီနော်...သိတဲ့အတိုင်း ငချီက နည်းလဲ မိုက်တယ်နော် 😍😍 အခုမှသာ စတာဖြစ်ပေမယ့် ၅ရက်လောက်ဆို တော်တော်ကွာသွားပြီနော်...
ဒါကြောင့် ကြိုဖတ်ခြင်ရင် paid gpထဲ လာခဲ့...၇၁ပိုင်းမှ ၁၀၀၀ထဲ😘😘 ..
ယူတို့ရဲ့ ချိဖ ၂၄နာရီလုံး စောင့်နေတယ်...ဝင်ခြင်ရင် cbပြေးခဲ့ကြပါ😘😘

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(29)

"ဒီဆိုင်က ဂိမ်းကစားဖို့လား ..."
လန်ယန် ၏ အမူအရာမှာ အထင်သေးမှုများ ပြည့်နှက်နေပေသည်။ အကယ်၍  ဒီဆိုင်က အဖိုးတန်သည့် ပစ္စည်းတွေရောင်းချခဲ့လျှင် ဒီနေရာကား တိတ်ဆိတ်ခြင်းနှင့် သင့်တော်ပေသည်။ အကယ်၍  ဒီဆိုင်သာ မှောင်ခိုစျေးကွက် ကိုဝင်ထားရင် အဆင်ပြေပေသည်။ ဒီနည်းနဲ့သာဆိုရင် သူမအနေဖြင့် ဒီနေရာကား ဘာကြောင့် လူကြိုက်များသည်ကို သူ​မ နားလည်ပေလိမ့်မယ်။

သို့သော် ဆိုင်ရှင်က ပြောသည်မှာ ဒီနေရာကား ဂိမ်းဆော့သည့် နေရာဖြစ်သည်ဟု ပြောပေသည်။

ထို့ကြောင့်...ဒီဆိုင်မှာလူတွေက ဂိမ်းလာကစားတာလား...

လန်ယန် နားမလည်နိုင်တော့ပေ..။

ရှီရှောင်းယွင် က ရှစီရှင်းဘေးနား ထိုင်ကာ သူမလေးက သူမ၏ ဓားမြှောင်နဲ့ အမဲလိုက်သားရဲကောင် များကို သတ်တာကို ထိုင်ကြည့်နေလိုက်သည်။ နောက်ဆုံးတော့ သူမ မနေနိုင်တော့ဘဲ မေးလိုက်သည်။
"စီနီယာအမ... ဒီနေ့မှ ဘာကြောင့် လူတိုင်းက ခါတိုင်းကထက် သန်မာနေကြတာလဲဟင်..."

"အကြောင်းကတော့ ရုပ်ရှင်အသစ်ကြောင့်ပဲ..."
ရှစီရှင်း က ပြန်ဖြေလိုက်သည်။
"အဲတာက တိုက်ခိုက်ရေး နည်းလမ်းတွေရဲ့ ကြီးကျယ်မှုတွေက ရုပ်ရှင်ထဲမှာ ပါလာတယ်။  ငါတို့က အမဲလိုက်သားရဲကောင် တွေကို အစက အကျွမ်းဝင်အောင်လုပ်နေရသေးတယ်..၊ ဒါပေမယ့်ရုပ်ရှင် ကြည့်လိုက်တဲ့အခါ ငါတို့က ဒီ အမဲလိုက်သားရဲကောင်တွေကို ဓားမြှောင်နဲ့ ဘယ်လိုသတ်ရမလဲ ဆိုတာ သင်ယူနိုင်ခဲ့တယ်လေ.."

"အဲဒါက အံ့သြစရာပဲ..၊ အဲတာက ဒဏ္ဍာရီလာ စစ်သည်တော်ရဲ့ အမွေအနှစ်ကြီး နဲ့တောင် တူနေသေးတာပေါ့..."
ရှီရှောင်းယွင်က စိတ်လှုပ်ရှား စွာ ပြောလိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now