Chapter 76

82 8 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း- (76)


"အိမ်မက်တစ်ခုလား..."

ဟုတ်တာပေါ့....ဒါက အိမ်မက်တစ်ခုပင် ဖြစ်သည်။

ဂိမ်းကား အခုမှ အစရှိပေသေးသည်။ ယခုအချိန်မှာ လီရှောင်းယောင် သည် ယွင်လိုင် တည်းခိုဆောင်မှ စားပွဲထိုးလေး တစ်ယောက်ထပ်မပိုသေးချေ ။ အကယ်၍ သူသာ အရင်ကတည်းက စွမ်းအားကြီးပြီး ပျံသန်း နိုင်ကာ မွန်းစတား များနှင့် တိုက်ခိုက်နေနိုင်လျှင် သူ့အနေဖြင့် ပူးယွဲ့ အုပ်စု သရာသခင်ကို ကြောက်နေစရာ မလိုချေ။

ရုပ်ဆိုးဆိုး မွန်းစတားကြီးက တဖြည်းဖြည်းနှင့် လီရှောင်းယောင်၏ အဒေါ် ရုပ်ရည်အဖြစ် ပြောင်းလာကာ သူမ၏ ဒယ်အိုးက လွင့်ပျံကာ သူ့မျက်နှာဆီကို အရှိန်ပြင်းစွာ ဝင်လာခဲ့သည်။

လူတိုင်းကား မြန်ဆန်လှသော အပြောင်းအလဲကို အံ့အားသင့်ကာ တုန်လှုပ်နေမိသည်။

ထို့​နောက်...သူတို့အားလုံးက စိတ်ဂယောက်ဂယက် ဖြစ်ကာ ကျယ်လောင်စွယ ရယ်မောလိုက်သည်။

"ဟားဟားဟား.....ဆိုင်ရှင် ဒီဂိမ်းက ဟာသဂိမ်းကြီးလားဗျ...."

"အဓိက ဇာတ်ကောင် က ဒီနေရာမှာ အရမ်းရယ်ရတာပဲ...."

"သူက တကယ်ကြီး ဓားကျင့်ကြံသူ တစ်ယောက်လား...."
အန်းချန်က မရပ်နိုင်သည့်အလား ရယ်မောနေရင်း-

"ကောင်းကင်ဘုံဓားတစ်လက်နဲ့အတူ သာဆိုရင်....သူက ကောင်းကင်ဘုံကိုရော အသူရာဘုံကိုရော၊ ငရဲဘုံကိုရော သွားရဲတယ်ဆို...၊ ဒါကေမယ့် အခု သူကို့ ကြည့်ပါဦး တည်းခိုဆောင်မှာ လုပ်ကိုင်ရုံသာမက အိပ်ယာထနောက်ကျလို့ အရိုက်ခံနေရပြီ...."

"ကြည့်ပါလား... အဒေါ်ဖြစ်သူကတောင် သူ့ကို နေ့ခင်းကြောင်တောင် အိမ်မက် မက်နေတာ ရပ်ဖို့ပြောနေပြီ..."
ရှန်းချင်းချင်း နှင့် အခြားလူများ က ကူရာမရစွာ တခစ်ခစ် ရယ်မောနေသည်။

"ဒါကသာ ရယ်စရာ တစ်ခုဆိုရင် ဒါက ငါ့ကို ရယ်အောင်လုပ်နိုင်တာကို ငါဝန်ခံပါတယ်...."
လင်းရှောက် က ရယ်မောလိုက်သည်။

အခြားလူများက သူ့ကို လှောင်ပြောင်သည့် အသံကို ကြားသည့်အခါ ဖန့်ချီ၏ မျက်နှာမှာ ရှုံ့သွားပြီး သူ၏ အိပ်ယာမှ ထလိုက်သည်။ ဟုတ်တာပေါ့.... အနာဂတ်မှာ သူ့ကို ဘာတွေကစောင့်ဆိုင်းနေလဲ ဆိုတာကို သူ၏ နောက်ကလူများကတော့ သိမည်မဟုတ်ချေ။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang