Chapter 33

270 36 1
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(33)

သူမ၏ အသံကား ခံစားချက်မဲ့ နေပေသည်။

"ကျွန်မ အနေနဲ့ ရှင့်ဆိုင်လို မှော်ဆန်တာမျိုးကို တစ်ခါမှ မမြင်ဘူးဖူး...လူကြီးမင်း ဖန့်...၊
ရှင်လည်း စစ်သည်တော် တစ်ယောက်ပါပဲ..ဒါပေမယ့် လွန်ခဲ့တဲ့ ၁၆နှစ်က အထိ ရှင့်မှာ ဘာအတွေ့အကြုံ မှမရှိခဲ့ဘူး..၊ဒါ့ကြောင့် ရှင့်ဆိုင်မှာ ရှိတဲ့ဟာတွေက အထူးပစ္စည်းတွေနဲ့ ဖန်တီးထားတာပဲ...ကျင့်ကြံခြင်း နည်းလမ်းတွေထဲက အခက်ဆုံး လျှပ်စီးနည်းစနစ် ကိုတောင် ရှိနေလိုက်သေးတယ်၊ ဒါပေမယ့်လည်း မနေ့က ကျွန်မ ရှင့်ဆိုင်က အထူးပစ္စည်းတွေကို မမြင်ခဲ့ရဘဲ....လျှပ်စီး နည်းစနစ် ကို သုံးကြိမ်မြင်တွေ့ခဲ့ရတယ်..၊ ဒါကြောင့်...ကျွန်မ ခန့်မှန်းရသလောက် 'ကွန်ပြူတာ´လို့ခေါ်တဲ့ ဝိဥာဥ် ပစ္စည်းတွေတောင် ကျင့်ကြံသူ တစ်ယောက် ဒါမှမဟုတ် အုပ်စုလုပ်က ဖန်တီးထားတာပဲ..၊ လူကြီးမင်း ဖန့်...ရှင်ကတော့ ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်...ကျွန်မပြောတာ မှန်ရဲ့လား..."

ဖန့်ချီ တစ်ယောက် စက္ကန့်အနည်းငယ် အေးခဲသွားသည်။
" မင်းရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက အရမ်းကို ကောင်းတာပဲ..."

'ဒါပေမယ့်...မင်းစိတ်ကူးယဥ်တာထက် ပါနေပါတယ်ကွာ...´
သူ၏ ခေါင်းထဲတွင် ထပ်ပေါင်းဆိုလိုက်သည်။

"သာမန်လူသားတွေနဲ့ ကျင့်ကြံသူတွေကြားက ကွာခြားမှုက မိုးကောင်းကင် နဲ့ မြေကြီးလိုပဲ..၊ အဲဒါက တော်တော်ကြီးကို ကွာခြားပါတယ်..."
သူမက တစ်စက္ကန့် မျှရပ်နားလောက်ပြီးနောက် ဆက်ပြောလေသည်။
"ရှင့်နောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေက ဒီပစ္စည်းတွေကို ကမ္ဘာမှာ ချပြဖို့ အလွန်ယုံကြည်မှုတွေ ရှိနေသလိုပဲ.."

"ဒါပေမယ့်...သူတို့က ရှင့်ကိုမမေးဘူးလား လူကြီးမင်းဖန့်...၊သူတို့က ဒီလိုဆိုင်တွေ၊ပစ္စည်းတွေကို ဖန်တီးထားတာကို ချပြတာနဲ့.. ဆိုင်ရှင်ဖြစ်တာကို သူတို့ဆီက ကမ်းလှမ်းခံရတာကို တစ်ကမ္ဘာလုံး မသိရဘူး...ဟုတ်တယ်မလား...၊ ဒါမှမဟုတ် သူတို့တည်ရှိ နေတာကို ဘယ်သူမှ မသိစေခြင်ဘူးမလား..."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now