Chapter 68

92 13 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(68)

မှန်ပေသည်။

တိမ်ပင်လယ်ဂိုဏ်း မှ တပည့်များက ပျောက်နေကြခြင်း မဟုတ်ချေ။

ယွင်လျန် က ဒီအားဘလို ၏ မြေပုံထဲက ထရစ်စထရန် ကို ရောက်ရှိနေခဲ့သည်။ သူက မေးကို ပွတ်ကာ တွေးနေမိသဘ်။ တပည့်တွေကြား အတူတကွ ဖေးမ ကူညီကာ အဆင့်တက်ခြင်း အားဖြင့် တပည့်များအကြား နားလည်မှု တိုးလာကာ၊ အတူတကွ တိုက်ခိုက်သည့် အတွေ့အကြုံ များလည်း ပါရနိုင်ပေသည်။

'ဒါဂျင်က အခုလက်ရှိ ငြိမ်းချမ်းနေပေမယ့်...ဒါက ဘယ်အချိန်ထိဆိုတာ ငါတို့မသိနိုင်ဘူး...´

'ငါတို့ ဂိုဏ်းက တပည့်အများစုက တကယ်ကို ပျော့ညံ့တယ်..၊ သူတို့က ဂိုဏ်းရဲ့အပြင်ဘက်က တကယ့်အတွေ့အကြုံယူဖို့ ခရီးတွေ မသွားနိုင်သေးဘူးပဲ...၊
ဒါက..ဒီ တပည့်တွေက အတွေ့အကြုံ ကင်းမဲ့နေလို့ပဲ..၊ တကယ်လို့ သူတို့သာ အန္တရာယ်နဲ့ နှဖူးတွေ့ဒူးတွေ့ သာကြုံရရင် ဒီကောင်တွေက သူတို့ရဲ့ စွမ်းအားတွေ ထုတ်မသုံးနိုင်တာနဲ့...သူတို့ဘဝက ယီးတွေ ဖြစ်ကုန်မှာပဲ..."

'ဒါပေမယ့်...ဒီဂိမ်းက... ငါတို့ကောင်တွေရဲ့ လက်ရှိအခြေအနေကို ပြောင်းပေးမှာပဲ...´

"စီနီယာ အစ်ကိုကြီး...ဒီက...မွန်းစတား တွေက ငါတို့ရှေ့မှာနော်...၊
ခင်ဗျားက ဒီမှာ ဘာကြောင့် ရပ်နေရတာလဲ.."
ယွင်လျန် အတွေးများနေစဉ် တပည့်တစ်ယောက် က အော်ဟစ်လိုက်သည်။

"ငါ...လာပါပြီဟ..."
ထို့နောက်..,  ယွင်လျန် က သူတို့ဆီကို ချက်ချင်း  ပြေးဝင်သွားသည်။

"ငါ့ကို... အရင်ဆုံး ဂိမ်းနဲ့ ရင်းနှီးအောင် လုပ်ပါရစေဦး...၊ နောက်ပြီး...ငါက ဂိုဏ်းချုပ်ကို အစီအရင်ခံရဦးမှာလေကွာ..."
ယွင်လျန်က သူ့ရဲ့ အဖွဲ့သားတွေ ဆီကို ပြေးနေရာမှ သူ့ဘာသာရေရွတ်လိုက်သည်။
 
ထိုအချိန်တွင်..ယဲ့ရှောင်ရီ က သူ့ဆီကို လျှောက်လာကာ မေးလိုက်သည်။
" စီနီယာအစ်ကိုကြီး... ,ကျွန်မတို့ မပြန်သေးဘူးလား..."

ယွင်လျန်၏ အမူအရာက မည်းမှောင်သွားကာ -

" ဒီဂိမ်းကို နည်းနည်းကြာအောင် အဖြေရှာကြည့်ရအောင်...၊ အရင်ဆုံး ငါ...ဒီမစ်ရှင်လေး ပြီးအောင်လုပ်ပါရစေ..."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now