Chapter 53

207 42 1
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(53)

"မင်း...အတည်ကြီးလား..."
နောက်ဆုံးတော့..  မျက်တောင်တခတ်အဆုံး စက္ကန့် အနည်းငယ်ကြာပြီးနောက် ဖန့်ချီတစ်ယောက် ပြန်လည်သတိဝင်လာခဲ့သည်။

"ဒါပေါ့.."
လိုလီလေးက သူ့ကိုယ်သူ ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မရဲ့ စောင့်ရှောက်မှုအောက်မှာ ရှင် စိတ်အေးအေးနဲ့ နေလို့ရတယ်..၊ ကျွန်မသာ တစ်ကယ်သတ်ခြင်ရင် ဟိုမြွေလေးလို ၁၀ ကောင်လောက်တော့ အသာလေးပဲ..."

"ပြီးတော့... ကျွန်မက စွမ်းအားအပြင် နောက်ထပ်... ကူကျန့် ,ကျားကွက်၊ လက်ရေးလှ နဲ့ ပန်းချီပညာ ဆိုတဲ့ အနုပညာစွမ်းရည် လေးပါးတောင် ကျွမ်းကျင် သေးတယ်..၊ ဒါ့အပြင်...ကျွန်မက စိတ်စွမ်းအား မန္တန်တွေမှာလည်း ပါရမီရှိတယ်နော်..."
သူမလေးက မာနကြီးစွာ ဆက်ပြောလိုက်သည်။
"ရှင်သာ...ကျွန်မကို ဒီမှာ လုပ်ခိုင်းရင် ရှင့်ကို ကာကွယ်ခံရရုံသာမကဘူး...ကျွန်မက ရှင့်ကို စိတ်စွမ်းအားမန္တန် တွေနဲ့ သိုင်းပညာ ကိုတောင် သင်ပေးလို့ရတယ်နော်...၊ တကယ်လို့ ရှင့်ရဲ့ စီးပွားရေးကသာ အဆင်မပြေရင်...ဟောဒီက စွယ်စုံရ ကျွန်မက သီချင်းဆို ဖျော်ဖြေပြီး ဖောက်သည်တွေကို ဆွဲဆောင်ပေးလို့ ရတယ်နော်..."
(အစားစားရဖို့အရေး..လိုလီလေး တစ်ယောက်..စွယ်စုံမတ်မတ်လုပ်ပြီလေ...ငိငိ..)

"တစ်ကယ်လို့ ကျွန်မက စားတာများတယ်လို့ ရှင်ထင်နေရင်လည်း..."
လိုလီလေးက သူမ၏ နူတ်ခမ်းလေးများကို ဆူလိုက်ကာ ကို့ရိုးကားယား ဆန်သည့်ဟန်လုပ်ကာ-
"ကျွန်မကိုယ် ကျွန်မ နည်းနည်းလေး ထိန်းချုပ်မယ်လေ..."

"မင်းက ပြောနေတာပဲ..."
ဖန့်ချီ က သူ၏ နှဖူးကိူ သူပြန်ရိုက်ကာ မေးလိုက်သည်။
"တစ်ကယ်လို့... မင်းကိုသာ ငါက အလုပ်သမားတစ်ယောက် အနေနဲ့ ငါက ငှားခဲ့ရင်...ငါက နောက်ထပ် ဘာကိုမဆို စိတ်ပူစရာမလိုတော့ဘူးလား..၊ မင်းရဲ့ အစားလိုခြင်တာကိုရောလား..."

"မင်းလို တစ်ယောက်ယောက်ကို ငွေပမာဏ နည်းနည်းသုံးပြီး ငှားရတာက သတင်းကောင်းပဲ ၊ မင်းရဲ့ စွမ်းအား နဲ့သာဆိုရင် ဒီနေရာမှာ ဘယ်သူမှ ပြသနာမရှာရဲမှာသေချာတယ်..၊ ငါအရမ်းကံကောင်းတာပဲ..မင်းလို ဂုဏ်ပုဒ် နဲ့လူတစ်ယောက်ကို ငါ့ဆိုင်မှာ အလုပ်လုပ်တာက ကောင်းချီးပေးတာပဲ...၊ အသေအချာပဲ ဒါက ကောင်းကင်ကနေ ပိုင်မုန့်တွေ ပြုတ်ကျလာတာပဲ(ကံကောင်းတာကို ပြောချင်တာပါ)...၊
"
ဖန့်ချီ က ထိုအကြောင်းကို တွေးကာ သူ၏ မေးစေ့ ကိုပွတ်လိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now