♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...
By Neko_san_ZP
1.4M 158K 7.2K
Zawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့်... More
မိတ်ဆက်(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(တော်ဝင်ပြည့်တန်ဆာ)
Arc.2.6(တော်ဝင်ပြည့်တန်ဆာ)
Arc.2.7(တော်ဝင်ပြည့်တန်ဆာ)
Arc.2.8(တော်ဝင်ပြည့်တန်ဆာ)
Arc.2.9(ရှောင်ရမ်ဟွာ)
Arc.2.10(ရှောင်ရမ်ဟွာ)
Arc.2.11(ရှောင်ရမ်ဟွာ)
Arc.2.12(ရှောင်ရမ်ဟွာ)
Arc.2.13 - End (ရှောင်ရမ်ဟွာ)
Arc.3.1(ဖန်ချင်ယွီဘဝ)
Arc.3.2(ဖန်ချင်ယွီဘဝ)
Arc.3.3(ဖန်ချင်ယွီ)
Arc.3.4(ဖန်ချင်ယွီဘဝ)
Arc.3.5(ဖန်ချင်ယွီဘဝ)
Arc.3.6(ဖန်ချင်ယွီဘဝ)
Youngest GOD!
Arc.3.7(ဖန်ချင်ယွီဘဝ)
Arc.3.8(ဖန်ချင်ယွီဘဝ)
Arc.3.9(ဖန်ချင်ယွီဘဝ)🚫
Arc.3.10(ဖန်ခင်ယွီဘဝ)
Arc.3.11(ဖန်ချင်ယွီ ဘဝ)
Arc 3.12(ဖန်ချင်ယွီ ဘဝ End)
The seven gods
Arc.4.1(နဉ်ရွယ်လျန့် ဘဝ)
Arc4.2(နဉ်ရွယ်လျန့်ဘဝ)
Arc.4.3(နဉ်ရွယ်လျန့်ဘဝ)
Arc-4.4(နဉ်ရွယ်လျန့်ဘဝ)
Arc.4.5(နဉ်ရွယ်လျန့်ဘဝ)
Arc.4.6(နဉ်ရွယ်လျန့်ဘဝ)
Arc 4.7(နဉ်ရွယ်လျန့်ဘဝ)
Arc.4.8(နဉ်ရွယ်လျန့်ဘဝ)
Arc.4.9(နဉ်ရွယ်လျန်ဘဝ)
Arc.4.10(နဉ်ရွယ်လျန့်ဘဝ)
Arc.4.12(နဉ်ရွယ်လျန့်ဘဝ)
Arc.4.13(နဉ်ရွယ်လျန့်ရဲ့ဘဝ)
Arc.4.14(နဉ်ရွယ်လျန့်ဘဝ)
Arc.4.15(နဉ်ရွယ်လျန့်ဘဝ)
Arc.4.16(နဉ်ရွယ်လျန့်ဘဝ)
Arc.4.17(နဉ်ရွယ်လျန့်ဘဝ)
Arc.4.18(နဉ်ရွယ်လျန့်ဘဝ)
Arc.4.19(နဉ်ရွယ်လျန့်ဘဝ)
Arc.4.20(နဉ်ရွယ်လျန့်ဘဝ)
Arc.4.21(နဉ်ရွယ်လျန့်ဘဝ)
Arc-4.22(နဉ်ရွယ်လျန့်ဘဝ)
Arc-4.23(နဉ်ရွယ်လျန့်ဘဝ)
Arc-4 End(နဉ်ရွယ်လျန့်ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန်းကျအရှင်ကြင်ယာတော်)
Arc-6.2(နန်းကျအရှင်ကြင်ယာတော်)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse
14.3K 2K 111
By Neko_san_ZP
Zawgyi
အဖြူရောင်တိမ်တိုက်တွေဟာ စားကောင်းတယ်: အမလေး ဒါမျိုးမှ မshareရင် ကျုပ်လူမလုပ်တော့ဘူး... တဆိတ်လောက် ကလေးရဲ့ကျောက်စိမ်းလိုအသားရေလေးနဲ့ ဆွယ်တာဖြူလေးက အရမ်းလိုက်ဖက်တာပဲ...ဒီနေ့ကစပြီး ကျုပ်အဖြူပဲဝတ်တော့မယ် လာမတားနဲ့
-------------------------
"လင်းအာ ညနေကျရင် ကိုယ်နဲ့အတူ ညစာလိုက်စားနိုင်မလား"လို့ မတ်တပ်ရပ်လာကာ...  လင်းအာရဲ့နောက်ထပ်ဆံပင်တစ်ဖက်ကိုပါသပ်တင်ပေးလိုက်ရင်း ညှို့အားပြင်းသည့် အပြုံးများဖြင့် မလွန်ဆန်နိုင်တဲ့အကြည့်များဖြင့် ကြည့်ကာပြောလိုက်တော့... ဂျင်လင်းအာရဲ့ပါးများပင်မက လည်ပင်းတောက်လျောက်ပါ နီရဲသွားပြီး ခေါင်းအကြိမ်ကြိမ်ညိတ်ကာ လက်ခံမလို့ ရှိသေးသည်၊ ကျန်းထိုက်ရန်ရဲ့ မျက်ဝန်းများဟာ မှောင်မိုက်လာပြီး...  ရွယ်လျန့်လက်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲကာ ထွက်သွားတော့သည်၊ ရိုက်ကွင်းရှိ လူအားလုံးဟာ တိတ်ဆိတ်သွားတော့သည်၊ဒါဘာတွေလားပဲ!!!
'ညီလေးရေ ကြိုးစားထား'
-----------------
-*-*-*-*-*-*
Arc.4.11(နဉ်ရွယ်လျန့်ဘဝ)
Unicode
သရုပ်ဆောင်ရွေးချယ်ပွဲပြီးဆုံးခဲ့ပြီး လုဖေးရန်ဟာလည်း ကျန်းထိုက်ရန်ဟာ ဂျင်လင်းအာကို စိတ်ဝင်စားတယ်ထင်မြင်မိပြီး 'ရာဇဝင်ထဲက နဂါးဧကရာဇ်' ဇာတ်လမ်းရဲ့ နောက်ထပ်အရေးပါသည့် ဇာတ်အိမ်ဖြစ်သည့် နွေဦးနတ်ဘုရားနေရာကို ပေးလိုက်သည်၊ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူမှဘာမှမပြောကျပေ၊ ဂျင်လင်းအာရဲ့နောက်ခံမှာ နဉ်အိမ်တော်ရဲ့သားကြီးရှိသလို ၊အခုလည်း နတ်ဘုရားကျန်းထိုက်ရန်ပါရှိနေပြီကိုး...၊
နောက်နေ့ အွန်လိုင်းပေါ်ရှိ အွန်လိုင်းအသုံပြုသူတွေကြား ဟုန်းဟုန်းတောက်ကျော်ကြားလာသည့်သတင်းတစ်ပုဒ် ပေါ်လာတော့သည်၊ ထိုသတင်းထဲမှာ ဆွယ်တာအဖြူရောင်ကို ဝတ်ထားပြီး ခုံပေါ်မှာ မျက်လုံးလေးမှိတ်ကာထိုင်နေသည့် လူငယ်တစ်ယောက်ပုံဖြစ်သည်၊ အဝေးကနေ ခိုးရိုက်ထားသည့်ပုံပေမယ့် မသိရင် တကယ်ကို အနီးကပ် ရိုက်ထားကာ အလှရိုက်ဓာတ်ပုံအတိုင်းပင်၊ လူငယ်လေးဟာ ခုံစောင်းပေါ် လက်တင်ထားပြီး သူဟာ ဘေးနားရှိလူတွေနဲမတူ တစ်ယောက်ထဲကမ္ဘာပုံစံလေးဖြင့် တည်တည်ငြိမ်ငြိမ်လေးသာ နေနေသည်၊ ဒါပေမယ့် ကင်မရာဟာအရမ်းကောင်းလွန်းတာကြောင့် အဝေးကနေရိုက်ထားပေမယ့် ပုံဟာ ထင်ထင်ရှားရှားပင်၊ ဘေးစောင်းပုံရိုက်ထားသည့် လူငယ်ရဲ့ တစောင်းပုံဟာ အရမ်းကိုကြည့်ကောင်းလွန်းသည်၊လူတိုင်းဟာ ခေါင်းစဉ်ထက် ပုံကိုအရင်သာမြင်မိကြပြီး ...ဘယ်သူလည်းလို့ သိချင်စိတ်တွေပြင်းပြသွားအခါ ခေါင်းစဉ်ကိုပြေးကြည့်လိုက်တော့...
ခေါင်းစဉ်စာသားဟာ ပိုပြီး အံ့သြစရာကောင်းသေးသည်၊
{နတ်ဘုရားလေးရွယ်လျန့် အနုပညာလောကကို ပြန်လည်ဆင်းသက်လာခြင်း}ထိုအွန်လိုင်းသတင်းကြောင့် ရွယ်လျန့် သရုပ်ဆောင်မည့်သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားတော့သည်၊ ရွယ်လျန့်ရဲ့အရင် အနပညာရှင် weibo အကောင့်ဟာလည်း တစ်ညထဲနဲ့ Followerပေါင်း တသိန်းကျော်တက်ခဲ့တော့သည်၊ အချို့ မသိသူများပင် ရွယ်လျန့်အကြောင်းကို စတင်ရှာဖွေလာကျတော့သည်၊
[မိန်းမလေးနဲ့ပန်းအလှ: Oh my god!  ငါ ထင်တယ် ငါအကြားအာရုံတွေ ရနေခဲ့တာ!!! ငါရဲ့ရွယ်ရွယ်လေး ဟိုတစ်နေ့ထဲက Postကောက်တင်ထဲက... အကြားအာရုံတွေရနေခဲ့တာ...ကြည့်စမ်းပါ ဘေးစောင်းပုံလေးကအစ... အရမ်းကိုချောတာပဲ!! ရွယ်ရွယ်လေးကို ရော့ ရော့ ကျွန်မအသည်းတွေပေးတယ်
ဂူးဂူးနဲ့ကျန်ကျောင်း: ရွယ်ရွယ်လေး ကျွန်မယောကျာ်းလေး!! ချစ်လိုတာရှင့်  ကလေးမွေးပေးပါရစေ!!!
အကောင့်တုတွေကို ဘုမယ်: ရွယ်ရွယ်...ကိုယ့်ရဲ့babyလေး အခုတော့ကြီးလာခဲ့ပြီ... ဒီမှာကြည့်စမ်း babyလေးအတွက် ကိုယ် ချောကလပ်များတွေတောင် ထွက်အောင်လုပ်ခဲ့တာ [imags:] [image:]
အဖြူရောင်တိမ်တိုက်တွေဟာ စားကောင်းတယ်: အမလေး ဒါမျိူးမှ မshareရင် ကျုပ်လူမလုပ်တော့ဘူး... တဆိတ်လောက် ကလေးရဲ့ကျောက်စိမ်းလိုအသားရေလေးနဲ့ ဆွယ်တာဖြူလေးက အရမ်းလိုက်ဖက်တာပဲ...ဒီနေ့ကစပြီး ကျုပ်အဖြူပဲဝတ်တော့မယ် လာမတားနဲ့
ကြာပန်းနက်: @အဖြူရောင်တိမ်တိုက်တွေဟာ စားကောင်းတယ် ဆိုတဲ့ တစ်ယောက်! ဝတ်ရင်ပြောပါ တူတူဝတ်ကျရအောင်...စကားမစပ် ရွယ်လျန့်ရေ ကျွန်မယောကျာ်းရေ!! ကျွန်မလည်း ရှင့်ကလေးမွေးပေးချင်တယ်ရှင့်!!!!!!!]
ရွယ်လျန့်တစ်ယောက်ကတော့ သူ့အိပ်ယာထဲမှာ ထိုသို့ ပွက်လောရိုက်နေသည်ကိုမသိပဲ အိပ်ကောင်းဆဲပေ၊အခြားဘက်ရှိ တစ်စုံတစ်ယောကိကတော့ ရွယ်လျန့်နဲ့ဆန့်ကျင်စွာ...ထိုသတင်းများကို ကြည့်ပြီး သူရဲ့မျက်ဝန်းများဟာ ရွှေရောင်သန်းနေကာ...
"ဒီနိမ့်ကျတဲ့လူသားတွေကတော့ ဒီအရှင်သခင်ရဲ့ချစ်ဇနီးလေးကို!! လာထိချင်နေကျတယ် "
"...ကလေးမွေးပေးချင်တယ်??? " commentများဖတ်ရင် ကျန်းထိုက်ရန်ရဲ့မျက်နှာဟာ ပိုမိုမှောင်မည်းလာကာ... သဝန်တိုအူတိုနေသည့်အသံဖြင့်
"ဒီအရှင်သခင်တောင် ကလေးယူဖို့မစဉ်းစားရသေးဘူး! သူတို့က မွေးပေးချင်နေကျတယ်... "
[System: အရှင်သခင် အဲ့တာ Fanတစ်ယောက်က သူသဘောကျတဲ့ Idolပေါ် ဖွင့်ဟတဲ့ထုတ်ခေါ်မှုတစ်မျိုးပါ...ဒါကြောင့် စိတ်လျော့လိုက်ပါ] လို့ ပြောလိုက်တော့ ကျန်းထိုက်ရန်စိတ်များဟာ တည်ငြိမ်သွားပြီး သူကိုယ်သူဖြေသိမ့်လိုက်ရင်း သူရဲ့မျက်ဝန်းများဟာ ပုံမှန်အရောင်ပြန်ဖြစ်သွားကာ...Laptop screen ပေါ်ရှိ ဆွယ်တာအဖြူလေးနဲ့ဘေးစောင်းထိုင်နေသည့် လူငယ်လေးကို အမြတ်တနိုးစိုက်ကြည့်လိုက်ပြီး
"လျန့်အာ... ကိုယ့်ရဲ့လျန့်အာ..."
-------------------------
တစ်ပတ်လောက်အကြာမှာ 'ရာဇာဝင်ထဲက နဂါးဧကရာဇ်'ရုပ်ရှင်ရိုက်ကူးရေးကိုစတင် ရိုက်တာ့သည်၊ အရင်ရက်တွေဟာ ကျန်းထိုက်ရန်ဟာ သူ့အခန်းတွေကို ကြိုရိုက်ထားပြီး ဒီနေ့ ရွယ်လျန့်နဲ့စတင် ရိုက်ရမည့်အခန်းဖြစ်သည်၊အကုန်လုံးဟာ ရွယ်လျန့်ရဲ့အရည်အချင်းတွေဟာ အရင်ထက်ဆိုးဝါးသွားမလား၊ပိုမိုကောင်းမိုလာမလားဆိုပြီး စောင့်ကြည့်နေကျတော့သည်၊
ရိုက်ကွင်းစတူဒီယိုအတွင်းတွေ အားလုံးဟာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေကျပြီး ရိုက်ကူးရေးအဖွဲ့သားတွေဟာလည်း ကင်မရာကိုအဆင့်သင့်ဖြစ်အောင်လုပ်နေကျပေမယ့် မျက်ဝန်းများကတော့ ထောင့်တထောင့်ရဲ့တစ်နေရာမှာပင်... ၊ သူတို့ ကြည့်နေသည့်နေရာကတော့ အဖြူရောင်ချည်ထည်ကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်ရှည်လေးများကို ဖြာချထားသည့် လူငယ်ဖြစ်သည်၊ ထိုလူငယ်လေးဟာ ခုံပေါ်မှာ သက်သောင့်သက်သာလေးထိုင်နေပြီး မျက်လုံးလေးများမှိတ်ထားတာကြောင့် ရှည်လျားပြီးကော့နေသည့်မျက်တောင်လေးဟာအထင်းသားလေး၊ နှာတံချွန်ချွန်နဲ့ နူတ်ခမ်းပါးလေးဟာလည်း မေးရိုးချွန်နဲ့ လိုက်ဖက်စွာ တွဲဖက်ထားသေးသည်၊ လည်ပင်းလေးရှိ လည်စေ့လေးများဟာ တစ်ချက်တစ်ချက်အပေါ်အောက် လှုပ်သွားသည့်အချိန်မှာ ကြည့်နေသည့်သူများဟာ တံထွေးများပင် မြိုချမိသည်၊
ထိုလူငယ်လေးရဲ့တည်ရှိဟာ ဒီလောကနဲ့မဆိုင်သလို လှပသည့်ပန်းချီကားထဲကနေ သက်ရှိနတ်ဘုရားပန်းပုထွက်လာသလိုပင်၊ ထိုလူငယ်လေးရဲ့ လှုပ်ရှားသေးသေးလေးတွေက အစသူတို့မှာ အလုပ်ထဲစိတ်မပါဝင်နိုင်ချေ၊ ထိုလူငယ်လေးရဲ့မျက်လုံးလေးများဟာ ပွင့်လာကာ ကန်ရေပြင်လို တည်ငြိမ်ပြီး နက်ရှိုင်းသည့် ချောကလပ်ရောင်မျက်ဝန်းလေးများဟာ သူတို့ဘက် တစ်ချက်ရောက်လာပြီး...
"ကင်မရာ ဘက်မှားနေတယ်" လို့ အေးတိအေးစက်အသံလေးဟာ သူတို့နားထဲ ပျားရည်လောင်းချလိုက်သလိုပင်၊ နတ်ဘုရားလေးရွယ်ရွယ်က သူတို့လုပ်နေတာကို စောင့်ကြည့်နေတာပဲ...၊နတ်ဘုရားလေးရွယ်ရွယ်က အေးစက်ပေမယ့် နွေးထွေးတဲ့နှလုံးသားပိုင်ရှင်လေးပဲ... ၊သူရဲ့ပုံစံလေးက ပူလောင်နေတဲ့နွေလယ်မှာ သတ္တဝါတိုင်းကို အေးချမ်းပြီး၊သက်သောင့်သက်တောင်ရှိအောင် လုပ်ပေးသည့် လေညှင်းလေးလိုပဲ! ငါတို့ကို နတ်ဘုရားလေးရွယ်ရွယ်က စောင့်ရှောက်နေတာပဲ! ငါတို့ ဒီထက်ပိုပြီးအလုပ်ကြိုးစားရမယ်!
'ဒီ ကင်မရာမန်းသမားတွေ ဘာဖြစ်နေကျတာလဲ??? သူတို့က ငါ့စကားကိုအလေးထားကျပေမယ့် ဘာလို့သူတို့နားမှာ ပန်းတစ်သောင်းလောက် ပွင့်နေပြီး အပျော်တွေစို့နေတဲ့ခံစားချက်မျိုး ရနေရတာလဲ??' သူတို့ ကင်မရာချိန်ထားသည့် ဘက်က အရမ်းကိုမှားနေတာ သိသာနေတာပဲလေ...ဘာလို့ ငါ့ကိုအရမ်းကိုးကွယ်ချင်နေသလို ခံစားနေရတာလဲ
ထိုချိန်မှာ အနက်ရောင်သာမန်အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး အညိုရောင်ဆံပင်တွေကို မြင့်မြင့်စီးနှောင်ထားကာ အကုန်လုံးကို နွေးထွေးစွာပြုံးပြပြီး ရွယ်လျန့်နားကို ထိုလူဟာရောက်လာကာ...နှစ်ကိုယ်တည်းသာ ကြားနိုင်သည့်အသံဖြင့်
"ဇနီးလေး ကိုယ့်ရဲ့လျန့်အာ ဒီနေ့ အရမ်းကိုလှပနေပါလား"လို့ အခြားသူတွေလို အပြုံးဖြင့်သာ ပြုံးပြနေပေမယ့် ကျန်းထိုက်ရန်ရဲ့အကြင်နာများယိုဖိတ်နေသည့်မျက်ဝန်းများကတော့ ဖုံးကွယ်မထားနိုင်ချေ၊
နဉ်ရွယ်လျန့်ဟာ ကျန်းထိုက်ရန်စကားကြောင့် ပျော်ရွှင်သွားပေမယ့် သူရဲ့ဒီကမ္ဘာရဲ့ကာရိုက်ဒါကိုတော့ အပျက်မခံစွာဖြင့် 'ဟမ့်"ဆိုပြီး အသံပြုလိုက်ပြီး...အဓိက အကြောင်းရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်၊
"လင်းအာကို ပိုးပန်းဖို့ကြိုးစားဖို့ မစဉ်းစားနဲ့ " လို့ ကျန်းထိုက်ရန်ရဲ့ အနက်ရောင်မျက်ဝန်းများကိုစိုက်ကြည့်ရင်းပြောလိုက်တော့ ထိုအနက်ရောင်မျက်ဝန်းများဟာ ရှုပ်ထွေးသွားပြီး...သူကို မေးခွန်းထုတ်သလိုပြန်ကြည့်လာတော့...
"မကြိုက်ဘူး...သူနဲ့ပတ်သတ်နေတာကို"
'ခင်ဗျား ကျွန်တော့်ကိုပဲ အာရုံစိုက်စမ်းပါ ဘာလို့အဲ့ဂျင်လင်းအာကိုပဲ သွားအာရုံစိုက်နေတာလဲ' လို့ နဉ်ရွယ်လျန့်စိတ်ထဲမှာ ပြောလိုက်ပြီး ကျန်းထိုက်ရန်ကို ကြည့်လိုက်တော့ ထိုလူ့မျက်ဝန်းများဟာ ရိုက်ကူးရေးသမားတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နူတ်ဆက်နေသည့် ဂျင်လင်းအာပေါ်တို့ရောက်ရှိသွားတော့သည်၊ ကျန်းထိုက်ရန်ရဲ့မျက်ဝန်းထဲရှိ အမှောင်ဖုံးကာ သတ်ဖြတ်ချင်စိတ်ပြင်းပြနေသည့်ဆန္ဒကို အခြားသူများဟာ မမြင်ပေမယ့် ရွယ်လျန့်ကတော့ မြင်တွေ့နေရတာကြောင့် သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်၊
'ဒီမကောင်းဆိုးဝါးရဲ့ တလွဲတွေးထင်မှုက အံ့သြစရာပဲ'
ဂျင်လင်းအာဟာ သူ့ကို ကျန်းထိုက်ရန်ကြည့်နေသည်ကို မြင်တော့ ပါးလေးတွေဟာ ရဲတက်သွားပြီး ကျန်းထိုက်ရန်တို့ဆီ လျှောက်လာကာ ရိုသေအပိုးကျိုးသည့်ပုံစံလေးဖြင့် သူရဲ့မျက်မှာပေါ် ဖြာချနေသည့် အဝါရောင်ဆံနွယ်များကို နားရွက်နောက်သပ်လိုက်ပြီး ဖြူစင်သန့်စင်ပြီး နွေးထွေးကြင်နာသည့် အပြုံးလေးဖြင့်...
"အကိုထိုက်ရန် မင်္ဂလာ မနက်ခင်းပါ" လို့ နူတ်ဆက်ရင်း ခုံပေါ်မှာ ထိုင်နေသည့် နဉ်ရွယ်လျန့်ကိုမြင်တော့ မျက်လုံးများဟာ အံအားသင့်သွားသည့်ပုံစံဖြင့်
"ရွယ်လျန့် မင်္ဂလာ မနက်ခင်းပါ"လို့ စိတ်မလုံမလဲပုံစံလေးပြုမူလိုက်ရင်း နူတ်ဆက်လိုက်သည်၊ထိုပုံစံဟာ နဉ်ရွယ်လျန့်မျက်ဝန်းထဲ အမြင်မကြည်ဖြစ်သွားပေမယ့် အနားမှာကျန်းထိုက်ရန်နဲ့ သူတို့ကို ဒေါသမီးလောင်ရှိုက်မတတ်ကြည့်နေသည့် လီရှောင်ဟိုင်လည်းရှိသေးတာကြောင့်...
"လင်းအာ ညနေကျရင် ကိုယ်နဲ့အတူ ညစာလိုက်စားနိုင်မလား"လို့ မတ်တပ်ရပ်လာကာ...  လင်းအာရဲ့နောက်ထပ်ဆံပင်တစ်ဖက်ကိုပါသပ်တင်ပေးလိုက်ရင်း ညိုှ့အားပြင်းသည့် အပြုံးများဖြင့် မလွန်ဆန်နိုင်တဲ့အကြည့်များဖြင့် ကြည့်ကာပြောလိုက်တော့... ဂျင်လင်းအာရဲ့ပါးများပင်မက လည်ပင်းတောက်လျောက်ပါ နီရဲသွားပြီး ခေါင်းအကြိမ်ကြိမ်ညိတ်ကာ လက်ခံမလို့ ရှိသေးသည်၊ ကျန်းထိုက်ရန်ရဲ့ မျက်ဝန်းများဟာ မှောင်မိုက်လာပြီး...  ရွယ်လျန့်လက်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲကာ ထွက်သွားတော့သည်၊ ရိုက်ကွင်းရှိ လူအားလုံးဟာ တိတ်ဆိတ်သွားတော့သည်၊ဒါဘာတွေလားပဲ!!!
' ဘာလို့ ငါ့စိတ်ထဲ သရုပ်ဆောင်ဂျင်လင်းအာကို တတိယဘီးလုံးအဖြစ် ခံစားနေရတာလဲ'
'ငါ တကယ် ဂျင်လင်းအာပေါ် နည်းနည်းသနားစိတ်တောင် ဝင်သွားသေးတယ်'
ဂျင်လင်းအာတစ်ယောက်ကတော့ ကြောင်အသွားပြီး သူ့ဘာသာသူပဲ ဖြည့်တွေးကာ...'အကိုကျန်းထိုက်နဲ့ရွယ်လျန့် ငါ့အတွက်နဲ့ရန်ဖြစ်နေအုန်းမယ်...'လို့ တွေးရင်း ကျန်းထိုက်ရန်တို့ ထွက်သွားသည့် ဘက်ကိုကြည့်ကာ လိုက်သွားရန်အလုပ်...ရုပ်ရှင်ဒါရိုက်တာထျန့်ရှောင်ဟိုက်ဟာ တားဆီးလိုက်ကာ...
"ဒီနေ့ သရုပ်ဆောင်ဂျင်လင်းအာနဲ့ လီရှောင်ဟိုင်အခန်းအရင် ရိုက်ကျတာပေါ့... "လို့ ပြောလိုက်ရင်း သူ့ညီထွက်သွားသည့်ဘက်ကို ကြည့်ကာ အပေါ်နူတ်ခမ်းများဟာ ကော့ညွှတ်သွားပြီး...
'ညီလေးရေ ကြိုးစားထား'
-----------------
စာရေးဆရာပြောစရာရှိသည်၊
ကိုယ် စိတ်ကောက်ပြီး မတင်တာ မဟုတ်ပါဘူးဗျ...ဒီArcက ကိုယ့်အတွက် အနည်းငယ်အခက်အခဲဖြစ်နေလို့ပါဗျ၊ဒါကြောင့် အချို့အကြောင်းအရာတွေကို လေ့လာနေတာပါ...
Continue Reading
You'll Also Like
1.1M 48.3K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
286K 20.6K 72
Omega တွေဆို နှိမ်ချဆက်ဆံချင်ကျတဲ့လူတွေအမြင်ကိုပြောင်းလဲပစ်မဲ့ယွင်အာဆိုတဲ့အဆိုတော်မင်းသားလေးကလူတ​ယာက်ကိုရေထဲတွန်းချမိသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ p...
1M 35.9K 42
401K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...