♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

By Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင္း အမဲလိုက္ရတာကို ႀကိဳက္လား" "မေျပာတတ္ဘူး ဒါေပမယ့္... More

မိတ္ဆက္(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.6(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.7(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.8(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.9(ေ႐ွာင္ရမ္ဟြာ)
Arc.2.10(ေ႐ွာင္ရမ္ဟြာ)
Arc.2.11(ေ႐ွာင္ရမ္ဟြာ)
Arc.2.12(ေ႐ွာင္ရမ္ဟြာ)
Arc.2.13 - End (ေ႐ွာင္ရမ္ဟြာ)
Arc.3.1(ဖန္ခ်င္ယီြဘဝ)
Arc.3.2(ဖန္ခ်င္ယီြဘဝ)
Arc.3.3(ဖန္ခ်င္ယီြ)
Arc.3.4(ဖန္ခ်င္ယီြဘဝ)
Arc.3.5(ဖန္ခ်င္ယီြဘဝ)
Arc.3.6(ဖန္ခ်င္ယီြဘဝ)
Youngest GOD!
Arc.3.7(ဖန္ခ်င္ယီြဘဝ)
Arc.3.8(ဖန္ခ်င္ယီြဘဝ)
Arc.3.9(ဖန္ခ်င္ယီြဘဝ)🚫
Arc.3.10(ဖန္ခင္ယီြဘဝ)
Arc.3.11(ဖန္ခ်င္ယီြ ဘဝ)
Arc 3.12(ဖန္ခ်င္ယီြ ဘဝ End)
The seven gods
Arc.4.1(နဥ္ရြယ္လ်န္႔ ဘဝ)
Arc4.2(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.3(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.4(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.5(နဥ္ရြယ္လ်န္႔ဘဝ)
Arc 4.7(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.8(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.9(နဥ္ရြယ္လ်န္္ဘဝ)
Arc.4.10(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.11(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.12(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.13(နဥ္ရြယ္လ်န္႔ရဲ႕ဘဝ)
Arc.4.14(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.15(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.16(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.17(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.18(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.19(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.20(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.21(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.22(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.23(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4 End(နဥ္ရြယ္လ်န္႔ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.2(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc.4.6(နဥ္ရြယ္လ်န္႔ဘဝ)

14.5K 1.9K 71
By Neko_san_ZP


Zawgyi

"ဘာလုပ္တာလဲ ေအာက္ျပန္ခ်ေပး!!! " သူကို ခါးကေန ေပြ႔ခ်ီထားရင္း ကုတင္ဘက္သြားေနသည္ကို ျမင္လိုက္ေတာ့ ႐ုန္းကန္ရင္း ေအာ္ဟစ္ေျပာဆုိလိုက္သည္၊ဒါေပမယ့္ သူ႔စကားမ်ားကို အဖက္မလုပ္စြာ...ကုတင္ေပၚပစ္တင္လိုက္တာေၾကာင့္ 'အင့္ခနဲ' အသံနဲ႔အတူ နဥ္ရြယ္လ်န္႔ ကုတင္ေပၚ အိက်သြားေတာ့သည္...

က်န္းထိုက္ရန္ဟာ အေပၚကေန သူ႔ကိုယ္ေပၚ ဖိထားရင္း ေႏြးေထြးစြာ ျပံဳးျပရင္း...

"ကိုယ္ မင္းကို အခြင့္အေရးေပးလိုက္မယ္... ပထမ အခြင့္အေရးက မင္းရဲ႕ခ်စ္သူ ဘယ္သူလဲဆုိတာ ကိုယ့္ကို ေျပာျပရင္ ဒီေနရာမွာ ဘာမွဆက္မလုပ္ဘူးလို႔ အာမခံတယ္ ေနာက္ထပ္အခြင့္အေရးက..."

"မင္းခ်စ္သူနဲ႔ အဆက္အသြယ္ျဖတ္ၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္ေလ့လာရေအာင္"

" ... "

"အခြင့္အေရး...ဘယ္နားက အခြင့္အေရး ေပးလိုက္တာလဲ!"

"ဒါဆုိ... လုပ္လက္စကို ဆက္လုပ္က်တာေပါ့ ၿပီးရင္ ကိုယ္တို႔ႏွစ္ေယာက္ခ်စ္ကြၽမ္းဝင္တာကို အဘိုးနဥ္ကိုေျပာၿပီး ခ်က္ခ်င္းလက္ထပ္က်တာေပါ့"

သူကို ေအာက္ကေနဖိထားၿပီး ငံု႔ၾကည့္ေနသည့္ က်န္းထိုက္ရန္မ်က္ႏွာကို ေလး၊ငါးခ်က္ေလာက္ ပိတ္ထိုးလိုက္ခ်င္ေပမယ့္ လက္ကိုပါခ်ဳပ္ထားတာေၾကာင့္ သူမွာလႈပ္လို႔မရေခ်၊ ဘာေရြးခ်ယ္မလဲလို႔ ေမးေနသည့္ မ်က္ဝန္းမ်ားကို လ်စ္လ်ဴရႈလိုက္ၿပီး...ရြယ္လ်န္႔ လြတ္ေျမာက္မည့္နည္းလမ္းကို မ်က္ေမွာင္ေလးၾကဳတ္ကာ အသည္းအသန္စဥ္းစားလိုက္ၿပီး

'ငါ့ခ်စ္သူ ဘယ္သူလည္းဆုိတာေတာင္ ငါမသိေသးဘူးေလ!!!...ၿပီးေတာ့ ဒုတိယအခ်က္ကို ေရြးခ်ယ္ခဲ့လည္း ဟိုမေကာင္းဆုိးဝါးသိသြားလို႔ကေတာ့ မင္းပါ ေသမွာမဟုတ္ဘူး! ငါပါ အနိစၥေရာက္သြားမွာ!'

ဒါေပမယ့္ သူက ဘယ္သူလည္း ယြမ္နဥ္ခ်င့္ေလ... ေျမေအာက္ဂိုဏ္းေလာကရဲ႕ေျမေခြးအိုႀကီးေလ! ရြယ္လ်န္႔ စိတ္ထဲမွာ ရယ္ေမာလိုက္ၿပီး လက္ေတြ႔မွာေတာ့ အက်ပ္႐ိုက္ေနတဲ့ ပံုစံေလးျဖင့္...

"မင္းက ဘာလို႔ ငါ့ခ်စ္သူကို သိခ်င္ရတာလဲ...သူကို ဒုကၡေပးမလို႔လား" စိုးရိမ္ပူပန္ေနတဲ့မ်က္ဝန္းမ်ားျဖင့္ က်န္းထိုက္ရန္အား ၾကည့္လိုက္ရင္းေျပာလိုက္သည္၊ က်န္းထိုက္ရန္ရဲ႕မ်က္ဝန္းမ်ားဟာ သဝန္တိုမႈမ်ားနဲ႔အတူ သတ္ျဖတ္ခ်င္စိတ္မ်ား ျဖတ္သန္းသြားေပမယ့္... ၾကင္နာစြာ ျပံဳးလိုက္ၿပီး

" ကိုယ္က ဘာလို႔ သူကို ဒုကၡေပးရမွာလဲ လ်န္႔အာ ခ်စ္မိသြားတဲ့သူက ဘယ္သူလဲ သိခ်င္မိတာေလးပဲေလ"

"ငါခ်စ္သူက ... ဂ်င္လင္းအာ "

'ဂ်င္လင္းအာ... ဂ်င္လင္းအာ' က်န္းထိုက္ရန္ဟာ သူနာမည္ကို သူရဲ႕သတ္ျဖတ္မႈစာရင္းရဲ႕ထိပ္ဆံုးမွာ မွတ္ထားလိုက္ၿပီးေနာက္ ရြယ္လ်န္႔ကို လႊတ္ေပးလိုက္သည္... ေက်ာက္စိမ္းလိုျဖဴေဖြးေနတဲ့ လက္သြယ္သြယ္ေလးေတြဟာ သူဆုပ္ကိုင္ထားခဲ့တာေၾကာင့္ နီရဲေနသည္၊ စိတ္မေကာင္းျဖစ္သြားစြာျဖင့္ ရြယ္လ်န္႔ရဲ႕လက္ေလးကို ဆြဲယူလိုက္ၿပီး နီရဲေနတဲ့ လက္ေကာက္ဝတ္ေလးကို ျမတ္ႏိုးစြာ နမ္း႐ိႈက္လိုက္သည္ ထိုေနာက္ နီရဲေနတဲ့လက္ေကာက္ဝတ္ဝန္းက်င္ကို လ်ွာျဖင့္ လ်က္လိုက္ၿပီးေနာက္ လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားကိုလည္း လိုက္လံစုပ္ယူ နမ္း႐ိႈက္လိုက္သည္၊

"မင္း....မင္း...." က်န္းထိုက္ရန္ရဲ႕ ႐ုတ္တရက္ အျပဳအမႈေၾကာင့္ ရြယ္လ်န္႔ ေျပာစရာ စကားမ်ားပင္ ဆြံအသြားေတာ့သည္၊ လက္ေကာက္ဝတ္ကေန ေႏြးေထြးတဲ့အထိအေတြ႔မ်ားေၾကာင့္ ဓာတ္လိုက္သြားသလို ခံစားလိုက္ရၿပီး... ထူးဆန္းစြာ ထိုထဲတြင္ ေပ်ာ္ဝင္ေနသည္ကို သိလိုက္ရသည္၊ သူရဲ႕လက္ေခ်ာင္းမ်ား ေျဖးညႇင္းစြာ နမ္း႐ိႈက္ေနသည့္ က်န္းထိုက္ရန္ရဲ႕ခန္႔ညားသည့္ မ်က္ႏွာမ်ားကို ရြယ္လ်န္႔ မ်က္လံုးေလးစင္းကာ ေမွးၾကည့္လိုက္ၿပီး...

'ဒီမေကာင္းဆုိးဝါးေကာင္ ဘယ္ကမာၻေရာက္ေရာက္! ထိန္းမရ သိမ္းမရပဲ!'
လို႔ စိတ္ထဲမွာ ရြတ္လိုက္ၿပီး က်န္းထိုက္ရန္ ေဘာင္းဘီေအာက္ကေန ထိုးေထာင္ထည့္ေနသည့္ အရာကို ျမင္လိုက္ရတဲ့ အခ်ိန္မွာေတာ့ ရြယ္လ်န္႔လန္႔ျဖန္႔သြားကာ ကုတင္ေပၚက ကန္ခ်လိုက္ေတာ့သည္၊

ရြယ္လ်န္႔ရဲ႕ နားေလးနဲ႔ လည္ပင္းမ်ားဟာ နီရဲလာၿပီး က်န္းထိုက္ရန္ အား လက္ညိွဳးေလး ထိုးရင္း ႏူတ္ခမ္းေလးဟာ စကားေျပာရန္ ပြင့္သြားေပမယ့္ ဘာအသံမွ မထြက္လာေခ်

"ကိုယ့္ရဲ႕ ခင္ပြန္းေလာင္းကို ဒီလိုပဲ ရက္ရက္စက္စက္ ကုတင္ေပၚက ကန္ခ်ရက္တယ္ေပါ့... "

"ဘယ္သူက ခင္ပြန္းေလာင္းလဲ! မင္းကို ခုနက ငါ့ခ်စ္သူကို ေျပာျပၿပီးၿပီ လက္ေလ်ာ့လိုက္ေတာ့!"

"သူက မင္းရဲ႕စည္းစိမ္ေၾကာင့္ ကပ္တာလဲ ျဖစ္ႏိုင္တာပဲေလ လ်န္႔အာ လူတိုင္းကို အတင္း မ်က္စိမွိတ္မယုံၾကည္နဲ႔"

"လင္းအာက လူေကာင္းတစ္ေယာက္? မင္း လင္းအာ အေၾကာင္းမသိပဲ ဇြတ္မေျပာနဲ႔!!" ေဒါသေၾကာင့္ နီရဲေနေသာမ်က္ႏွာေလးဟာ လွပေနေပမယ့္... အျခားသူအတြက္ဆုိတာ သိေလာက္ရေတာ့ က်န္းထိုက္ရန္ရဲ႕မ်က္ႏွာဟာ စိတ္ပ်က္သြားၿပီး

"ကိုယ္ သူ႔အေၾကာင္းမသိဘူး ဒါေပမယ့္ နဥ္ရြယ္လ်န္႔ဆုိတာ ကိုယ့္အပိုင္ပဲ... ဒီေလာကမွာ ကိုယ္က လြဲၿပီး မင္းအေပၚ တကယ္ခ်စ္မဲ့သူမ႐ွိဘူး! "

ဘာဆက္ေျပာရမလဲ မသိေအာင္ နဥ္ရြယ္လ်န္႔ ဆြံအသြားေတာ့သည္၊ေလးနက္စြာ ေျပာေနေသာ က်န္းထိုက္ရန္ကိုယ္ထဲကသူက သူရဲ႕မေကာင္းဆုိးဝါးႀကီးေလ! ဒီမေကာင္းဆုိးဝါးမွန္း မသိလို႔! ဂ်င္လင္းအာေပၚ ဇတ္လိုက္အျမင္မၾကည္ေအာင္ ေကာက္ေျပာလိုက္တာေလ...သူရဲ႕မေကာင္းဆိုးဝါးမွန္း သိလို႔ကေတာ့ အမွတ္ တသိန္းေပးရင္ေတာင္ မေျပာဘူး ... ဒီမေကာင္းဆုိဝါးဟာ စိတ္သြားဆြလို႔မသင့္ေတာ္သည့္သူတစ္ေယာက္႐ွိသည္၊မဟုတ္ရင္ အသက္ကို ဖက္နဲ႔ထုတ္ထားရလိမ့္မယ္၊ဒါေၾကာင့္...

"ထြက္သြား... "
သူကို ေက်ာေပးလိုက္ၿပီး ထြက္သြားရန္ ေျပာလိုက္သည့္ နဥ္ရြယ္လ်န္႔ကို ၾကည့္ရင္း... သက္ျပင္းအႀကီးႀကီးခ်ကာ က်န္းထိုက္ရန္ ထြက္သြားေတာ့သည္၊

ဒါဟာ လြယ္လြယ္နဲ႔ လက္ေလ်ာ့တာ မဟုတ္ဘူး... ေျခတလွမ္း ေနာက္ဆုတ္ေပးလိုက္ျခင္း ျဖစ္သည္၊ နဥ္ရြယ္လ်န္႔အခန္းထဲကေနထြက္လာၿပီး အဘိုးနဥ္ကို ဝင္ႏူတ္ဆက္ၿပီး က်န္းထိုက္ရန္ ျပန္လာခဲ့သည္ ထိုေနာက္ ဂ်င္လင္းအာဆုိတဲ့ သူကိုစံုစမ္းခိုင္းလိုက္သည္၊

ဒီၿမိဳ႕မွာ ဂ်င္လင္းအာဆုိတဲ့နာမည္တူ အေယာက္ငါးဆယ္ေတာင္႐ွိေနေၾကာင္း သိလိုက္ရၿပီး က်န္သည့္ အေယာက္၃၀ကို ဖယ္လိုက္သည္၊႐ုပ္ဆုိးတဲ့သူေတြက လ်န္႔အာအႀကိဳက္မဟုတ္ဘူး၊ ဒီအေယာက္၂၀ထဲမွာလည္း ေနာက္ထပ္ ၁၈ေယာက္ကို ဖယ္လိုက္သည္၊ အရည္အခ်င္းမ႐ွိတဲ့သူေတြကလည္း လ်န္႔အာအႀကိဳက္မဟုတ္ဘူး... က်န္းထိုက္ရန္ လက္ထဲတြင္ ဖိုင္၂ခုသာ က်န္ေတာ့သည္...

နာမည္ - ဂ်င္လင္းအာ
အသက္ - 22
အလုပ္အကိုင္ - သ႐ုပ္ေဆာင္

နဥ္အင္တာတိန္းမန္႔မွာ (....)ခုႏွစ္မွာ ဝင္ေရာက္ခဲ့ၿပီး ငါးႏွစ္အတြင္း C.E.O.နဥ္ရဲ႕ ေထာက္ပံ့မႈေၾကာင့္ ေအအဆင့္သ႐ုပ္ေဆာင္ျဖစ္လာခဲ့သည္၊

ထိုအခ်က္အလက္ေတြကိုဖတ္ရင္း က်န္းထိုက္ရန္ မ်က္ေမွာင္ၾကဳတ္လာၿပီး... 'C.E.Oနဥ္နဲ႔ သ႐ုပ္ေဆာင္မင္းသားဂ်င္လင္းအာဟာ သာမန္တဲ့ပိုရင္းႏွီးသည့္ ဆက္ဆံေရးျဖစ္သည္' ထိုေနရာကို စူးစိုက္ၾကည့္ေနရင္း

နဥ္မိသားစုတဲ့အခ်က္အလက္ေတြကို သူရဲ႕လက္ေထာက္ဟာ လာေပးတာေၾကာင့္ လက္္ထဲ႐ွိဖိုင္ကိုခ်လိုက္ၿပီး ေကာက္ဖတ္လိုက္သည္၊တေျဖးေျဖး ေအးစက္လာသည့္ အခန္းေၾကာင့္ ေဘးနား႐ွိ က်န္းထိုက္ရန္လက္ေထာင္ပင္ ေခြၽးမ်ားပ်ံလာၿပီး အခုခ်က္ခ်င္း အခန္းထဲကထြက္သြားခ်င္ပင္ေပါက္သြားသည္၊ သခင္ေလးက်န္းက ဘယ္တုန္းက ဒီေလာက္ထိေၾကာက္ဖို႔ေကာင္းလာတာလဲ! အရင္က ေနတစင္းလို ႏူးညံ့ၿပီးၾကင္နာတတ္တဲ့ သခင္ေလးက်န္းဟာ ဒီေန႔ငရဲကေနတတ္လာတဲ့နတ္ဆုိးတစ္ပါးလို အရမ္းကိုေၾကာက္စရာေကာင္းေနတယ္!

လ်န္႔အာရဲ႕အေၾကာင္းကို သူတစိုးတစမွ မသိခဲ့ဘူး သူက စိတ္ထဲကေန၊ပါးစပ္ကေန ခ်စ္တယ္သာေျပာခဲ့တာ ၊လ်န္႔အာ ဒုကၡေရာက္ေနတဲ့အခ်ိန္၊အားငယ္ေနတဲ့အခ်ိန္ေတြမွာ သူမ႐ွိခဲ့ဘူး! လ်န္႔အာ သူ႔အေပၚေအးတိေအးစက္ျဖစ္တာ မထူးဆန္းေတာ့ဘူး သူက အသံုးမက်တဲ့သူတစ္ေယာက္ေလ၊ကိုယ့္ခ်စ္တဲ့သူရဲ႕ အေၾကာင္းကို တစိုးတစေတာင္ မသိဘူး... နဥ္မိသားစုရဲ႕ပစ္ပယ္မႈေတြ၊သူရဲ႕အိပ္မက္ေတြကို စြန္႔ပစ္ခံလိုက္ရတဲ့အခ်ိန္ေတြ ၊ေမြးစားသားကိုေထာက္ပံ့ဖို႔အတြက္ နဥ္အင္တာတိန္းမန္႔ကို ဦးစီးေနရၿပီး ထိုေမြးစားသား ေအာင္ျမင္ေက်ာ္ၾကားတာကိုသာ ထိုင္ၾကည့္ရင္း ဝမ္းနည္းေနတဲ့အခ်ိန္ေတြ! လ်န္႔အာနားမွာ သူတခါမွမ႐ွိခဲ့ဘူး

"လ်န္႔အာ...." 'စိတ္ခ်ပါ ေနာက္ဆုိ ကိုယ္မင္းအနားမွာ ရပ္တည္ေပးေတာ့မွာ.... မင္းကိုဘယ္သူမွလာဒုကၡမေပးေစရဘူး'

ေနာက္ထပ္အခ်က္အလက္တစ္ခုမွာလည္း သူရဲ႕လ်န္႔အာဟာ 'ဒ႑ာရီထဲက နဂါးဧကရာဇ္'ဆုိတဲ့ ႐ုပ္႐ွင္မွာ ပိုင္လီဆုိတဲ့ ဇာတ္ေကာင္ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္မယ္ဆုိတာ သူသိလိုက္ရသည္၊လ်န္႔အာက လြန္ခဲ့တဲ့ငါးႏွစ္တုန္းက သ႐ုပ္ေဆာင္ဖူးေပမယ့္ အခုလိုျပန္ဝင္မဲ့အခ်ိန္ဟာ တတ္္သစ္စသ႐ုပ္ေဆာင္အသစ္တစ္ေယာက္နဲ႔အတူတူျဖစ္တာေၾကာင့္ ဒီလိုနာမည္ႀကီး႐ုပ္႐ွင္မွာ ပါဝင္ဖို႔မလြယ္ကူေခ်၊

သူဟာ ခုံကိုလက္နဲ႔တေတာက္ေတာက္ ေတာက္လိုက္ရင္း...သူ႔ေဘး႐ွိလက္ေထာက္အား...

"ပိုင္လီဆုိတဲ့ေနရာကို တတ္သစ္စ သရုပ္ေဆာင္ေတြပါ လာေရာက္ေရြးခ်ယ္နိုင္တာကို ဇာတ္ညြွန္းေရးဆရာကို ေျပာလိုက္"

"သခင္ေလးနဥ္အတြက္ ပိုမခက္ခဲသြားဘူးလား"

"လုပ္လိုက္ လ်န္႔အာက အရည္အခ်င္း႐ွိတဲ့လူတစ္ေယာက္ပဲ ...ျဖစ္ႏိုင္ရင္ အဓိကဇာတ္ေကာင္ ဖီးနစ္နတ္ဘုရားေနရာကိုေတာင္ ေအးေဆးသ႐ုပ္ေဆာင္တယ္

"ဒါေပမယ့္..."

"ငါ သိတယ္...ငါ ေျပာသလို လုပ္" က်န္းထိုက္ရန္ရဲ႕စိတ္မ႐ွည္တဲ့အသံနဲ႔ အၾကည့္စူးစူးတခ်က္ေၾကာင့္ တကိုယ္လံုး႐ွိအေမႊးမ်ားေထာင္သြားသလိုခံစားလိုက္ရၿပီး... အလ်င္အျမန္ ေခါင္းညိတ္ကာ ေျပးထြက္သြားေတာ့သည္၊

"လီေ႐ွာင္ဟိုင္... ဂ်င္လင္းအာ... မင္းတို႔ ကိုယ့္ေနရာကိုယ္သိက်ရင္ ေကာင္းမယ္"

-----------------------

Fox: မိုးရြာေရ မိုးေရခ်ိဳးမယ္.... ပါးပါးယြမ္လာရင္ႏို႔စို႔မယ္!

စာေရးဆရာ : မင္းပါးပါးရဲ႕ ႏို႔က ကိတ္လား??

Fox: ေဖေဖLeoကို ေမးၾကည့္ေလ....

စာေရးဆရာ : ငါ့မွာ မင္းလို အသက္သံုးေခ်ာင္းနဲ႔မဟုတ္ဘူး
-*-*-*-*-*

Unicode

"ဘာလုပ်တာလဲ အောက်ပြန်ချပေး!!! " သူကို ခါးကနေ ပွေ့ချီထားရင်း ကုတင်ဘက်သွားနေသည်ကို မြင်လိုက်တော့ ရုန်းကန်ရင်း အော်ဟစ်ပြောဆိုလိုက်သည်၊ဒါပေမယ့် သူ့စကားများကို အဖက်မလုပ်စွာ...ကုတင်ပေါ်ပစ်တင်လိုက်တာကြောင့် 'အင့်ခနဲ' အသံနဲ့အတူ နဉ်ရွယ်လျန့် ကုတင်ပေါ် အိကျသွားတော့သည်...

ကျန်းထိုက်ရန်ဟာ အပေါ်ကနေ သူ့ကိုယ်ပေါ် ဖိထားရင်း နွေးထွေးစွာ ပြုံးပြရင်း...

"ကိုယ် မင်းကို အခွင့်အရေးပေးလိုက်မယ်... ပထမ အခွင့်အရေးက မင်းရဲ့ချစ်သူ ဘယ်သူလဲဆိုတာ ကိုယ့်ကို ပြောပြရင် ဒီနေရာမှာ ဘာမှဆက်မလုပ်ဘူးလို့ အာမခံတယ် နောက်ထပ်အခွင့်အရေးက..."

"မင်းချစ်သူနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်အကြောင်း တစ်ယောက်လေ့လာရအောင်"

" ... "

"အခွင့်အရေး...ဘယ်နားက အခွင့်အရေး ပေးလိုက်တာလဲ!"

"ဒါဆို... လုပ်လက်စကို ဆက်လုပ်ကျတာပေါ့ ပြီးရင် ကိုယ်တို့နှစ်ယောက်ချစ်ကျွမ်းဝင်တာကို အဘိုးနဉ်ကိုပြောပြီး ချက်ချင်းလက်ထပ်ကျတာပေါ့"

သူကို အောက်ကနေဖိထားပြီး ငုံ့ကြည့်နေသည့် ကျန်းထိုက်ရန်မျက်နှာကို လေး၊ငါးချက်လောက် ပိတ်ထိုးလိုက်ချင်ပေမယ့် လက်ကိုပါချုပ်ထားတာကြောင့် သူမှာလှုပ်လို့မရချေ၊ ဘာရွေးချယ်မလဲလို့ မေးနေသည့် မျက်ဝန်းများကို လျစ်လျူရှုလိုက်ပြီး...ရွယ်လျန့် လွတ်မြောက်မည့်နည်းလမ်းကို မျက်မှောင်လေးကြုတ်ကာ အသည်းအသန်စဉ်းစားလိုက်ပြီး

'ငါ့ချစ်သူ ဘယ်သူလည်းဆိုတာတောင် ငါမသိသေးဘူးလေ!!!...ပြီးတော့ ဒုတိယအချက်ကို ရွေးချယ်ခဲ့လည်း ဟိုမကောင်းဆိုးဝါးသိသွားလို့ကတော့ မင်းပါ သေမှာမဟုတ်ဘူး! ငါပါ အနိစ္စရောက်သွားမှာ!'

ဒါပေမယ့် သူက ဘယ်သူလည်း ယွမ်နဉ်ချင့်လေ... မြေအောက်ဂိုဏ်းလောကရဲ့မြေခွေးအိုကြီးလေ! ရွယ်လျန့် စိတ်ထဲမှာ ရယ်မောလိုက်ပြီး လက်တွေ့မှာတော့ အကျပ်ရိုက်နေတဲ့ ပုံစံလေးဖြင့်...

"မင်းက ဘာလို့ ငါ့ချစ်သူကို သိချင်ရတာလဲ...သူကို ဒုက္ခပေးမလို့လား" စိုးရိမ်ပူပန်နေတဲ့မျက်ဝန်းများဖြင့် ကျန်းထိုက်ရန်အား ကြည့်လိုက်ရင်းပြောလိုက်သည်၊ ကျန်းထိုက်ရန်ရဲ့မျက်ဝန်းများဟာ သဝန်တိုမှုများနဲ့အတူ သတ်ဖြတ်ချင်စိတ်များ ဖြတ်သန်းသွားပေမယ့်... ကြင်နာစွာ ပြုံးလိုက်ပြီး

" ကိုယ်က ဘာလို့ သူကို ဒုက္ခပေးရမှာလဲ လျန့်အာ ချစ်မိသွားတဲ့သူက ဘယ်သူလဲ သိချင်မိတာလေးပဲလေ"

"ငါချစ်သူက ... ဂျင်လင်းအာ "

'ဂျင်လင်းအာ... ဂျင်လင်းအာ' ကျန်းထိုက်ရန်ဟာ သူနာမည်ကို သူရဲ့သတ်ဖြတ်မှုစာရင်းရဲ့ထိပ်ဆုံးမှာ မှတ်ထားလိုက်ပြီးနောက် ရွယ်လျန့်ကို လွှတ်ပေးလိုက်သည်... ကျောက်စိမ်းလိုဖြူဖွေးနေတဲ့ လက်သွယ်သွယ်လေးတွေဟာ သူဆုပ်ကိုင်ထားခဲ့တာကြောင့် နီရဲနေသည်၊ စိတ်မကောင်းဖြစ်သွားစွာဖြင့် ရွယ်လျန့်ရဲ့လက်လေးကို ဆွဲယူလိုက်ပြီး နီရဲနေတဲ့ လက်ကောက်ဝတ်လေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည် ထိုနောက် နီရဲနေတဲ့လက်ကောက်ဝတ်ဝန်းကျင်ကို လျှာဖြင့် လျက်လိုက်ပြီးနောက် လက်ချောင်းသွယ်သွယ်လေးများကိုလည်း လိုက်လံစုပ်ယူ နမ်းရှိုက်လိုက်သည်၊

"မင်း....မင်း...." ကျန်းထိုက်ရန်ရဲ့ ရုတ်တရက် အပြုအမှုကြောင့် ရွယ်လျန့် ပြောစရာ စကားများပင် ဆွံအသွားတော့သည်၊ လက်ကောက်ဝတ်ကနေ နွေးထွေးတဲ့အထိအတွေ့များကြောင့် ဓာတ်လိုက်သွားသလို ခံစားလိုက်ရပြီး... ထူးဆန်းစွာ ထိုထဲတွင် ပျော်ဝင်နေသည်ကို သိလိုက်ရသည်၊ သူရဲ့လက်ချောင်းများ ဖြေးညှင်းစွာ နမ်းရှိုက်နေသည့် ကျန်းထိုက်ရန်ရဲ့ခန့်ညားသည့် မျက်နှာများကို ရွယ်လျန့် မျက်လုံးလေးစင်းကာ မှေးကြည့်လိုက်ပြီး...

'ဒီမကောင်းဆိုးဝါးကောင် ဘယ်ကမ္ဘာရောက်ရောက်! ထိန်းမရ သိမ်းမရပဲ!'
လို့ စိတ်ထဲမှာ ရွတ်လိုက်ပြီး ကျန်းထိုက်ရန် ဘောင်းဘီအောက်ကနေ ထိုးထောင်ထည့်နေသည့် အရာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ရွယ်လျန့်လန့်ဖြန့်သွားကာ ကုတင်ပေါ်က ကန်ချလိုက်တော့သည်၊

ရွယ်လျန့်ရဲ့ နားလေးနဲ့ လည်ပင်းများဟာ နီရဲလာပြီး ကျန်းထိုက်ရန် အား လက်ညှိုးလေး ထိုးရင်း နူတ်ခမ်းလေးဟာ စကားပြောရန် ပွင့်သွားပေမယ့် ဘာအသံမှ မထွက်လာချေ

"ကိုယ့်ရဲ့ ခင်ပွန်းလောင်းကို ဒီလိုပဲ ရက်ရက်စက်စက် ကုတင်ပေါ်က ကန်ချရက်တယ်ပေါ့... "

"ဘယ်သူက ခင်ပွန်းလောင်းလဲ! မင်းကို ခုနက ငါ့ချစ်သူကို ပြောပြပြီးပြီ လက်လျော့လိုက်တော့!"

"သူက မင်းရဲ့စည်းစိမ်ကြောင့် ကပ်တာလဲ ဖြစ်နိုင်တာပဲလေ လျန့်အာ လူတိုင်းကို အတင်း မျက်စိမှိတ်မယုံကြည်နဲ့"

"လင်းအာက လူကောင်းတစ်ယောက်? မင်း လင်းအာ အကြောင်းမသိပဲ ဇွတ်မပြောနဲ့!!" ဒေါသကြောင့် နီရဲနေသောမျက်နှာလေးဟာ လှပနေပေမယ့်... အခြားသူအတွက်ဆိုတာ သိလောက်ရတော့ ကျန်းထိုက်ရန်ရဲ့မျက်နှာဟာ စိတ်ပျက်သွားပြီး

"ကိုယ် သူ့အကြောင်းမသိဘူး ဒါပေမယ့် နဉ်ရွယ်လျန့်ဆိုတာ ကိုယ့်အပိုငၸဲ... ဒီလောကမှာ ကိုယ်က လွဲပြီး မင်းအပေါ် တကယ်ချစ်မဲ့သူမရှိဘူး! "

ဘာဆက်ပြောရမလဲ မသိအောင် နဉ်ရွယ်လျန့် ဆွံအသွားတော့သည်၊လေးနက်စွာ ပြောနေသော ကျန်းထိုက်ရန်ကိုယ်ထဲကသူက သူရဲ့မကောင်းဆိုးဝါးကြီးလေ! ဒီမကောင်းဆိုးဝါးမှန်း မသိလို့! ဂျင်လင်းအာပေါ် ဇတ်လိုက်အမြင်မကြည်အောင် ကောက်ပြောလိုက်တာလေ...သူရဲ့မကောင်းဆိုးဝါးမှန်း သိလို့ကတော့ အမှတ် တသိန်းပေးရင်တောင် မပြောဘူး ... ဒီမကောင်းဆိုဝါးဟာ စိတ်သွားဆွလို့မသင့်တော်သည့်သူတစ်ယောက်ရှိသည်၊မဟုတ်ရင် အသက်ကို ဖက်နဲ့ထုတ်ထားရလိမ့်မယ်၊ဒါကြောင့်...

"ထွက်သွား... "
သူကို ကျောပေးလိုက်ပြီး ထွက်သွားရန် ပြောလိုက်သည့် နဉ်ရွယ်လျန့်ကို ကြည့်ရင်း... သက်ပြင်းအကြီးကြီးချကာ ကျန်းထိုက်ရန် ထွက်သွားတော့သည်၊

ဒါဟာ လွယ်လွယ်နဲ့ လက်လျော့တာ မဟုတ်ဘူး... ခြေတလှမ်း နောက်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်၊ နဉ်ရွယ်လျန့်အခန်းထဲကနေထွက်လာပြီး အဘိုးနဉ်ကို ဝင်နူတ်ဆက်ပြီး ကျန်းထိုက်ရန် ပြန်လာခဲ့သည် ထိုနောက် ဂျင်လင်းအာဆိုတဲ့ သူကိုစုံစမ်းခိုင်းလိုက်သည်၊

ဒီမြို့မှာ ဂျင်လင်းအာဆိုတဲ့နာမည်တူ အယောက်ငါးဆယ်တောင်ရှိနေကြောင်း သိလိုက်ရပြီး ကျန်သည့် အယောက်၃၀ကို ဖယ်လိုက်သည်၊ရုပ်ဆိုးတဲ့သူတွေက လျန့်အာအကြိုက်မဟုတ်ဘူး၊ ဒီအယောက်၂၀ထဲမှာလည်း နောက်ထပ် ၁၈ယောက်ကို ဖယ်လိုက်သည်၊ အရည်အချင်းမရှိတဲ့သူတွေကလည်း လျန့်အာအကြိုက်မဟုတ်ဘူး... ကျန်းထိုက်ရန် လက်ထဲတွင် ဖိုင်၂ခုသာ ကျန်တော့သည်...

နာမည် - ဂျင်လင်းအာ
အသက် - 22
အလုပ်အကိုင် - သရုပ်ဆောင်

နဉ်အင်တာတိန်းမန့်မှာ (....)ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး ငါးနှစ်အတွင်း C.E.O.နဉ်ရဲ့ ထောက်ပံ့မှုကြောင့် အေအဆင့်သရုပ်ဆောင်ဖြစ်လာခဲ့သည်၊

ထိုအချက်အလက်တွေကိုဖတ်ရင်း ကျန်းထိုက်ရန် မျက်မှောင်ကြုတ်လာပြီး... 'C.E.Oနဉ်နဲ့ သရုပ်ဆောင်မင်းသားဂျင်လင်းအာဟာ သာမန်တဲ့ပိုရင်းနှီးသည့် ဆက်ဆံရေးဖြစ်သည်' ထိုနေရာကို စူးစိုက်ကြည့်နေရင်း

နဉ်မိသားစုတဲ့အချက်အလက်တွေကို သူရဲ့လက်ထောက်ဟာ လာပေးတာကြောင့် လက်ထဲရှိဖိုင်ကိုချလိုက်ပြီး ကောက်ဖတ်လိုက်သည်၊တဖြေးဖြေး အေးစက်လာသည့် အခန်းကြောင့် ဘေးနားရှိ ကျန်းထိုက်ရန်လက်ထောင်ပင် ချွေးများပျံလာပြီး အခုချက်ချင်း အခန်းထဲကထွက်သွားချင်ပင်ပေါက်သွားသည်၊ သခင်လေးကျန်းက ဘယ်တုန်းက ဒီလောက်ထိကြောက်ဖို့ကောင်းလာတာလဲ! အရင်က နေတစင်းလို နူးညံ့ပြီးကြင်နာတတ်တဲ့ သခင်လေးကျန်းဟာ ဒီနေ့ငရဲကနေတတ်လာတဲ့နတ်ဆိုးတစ်ပါးလို အရမ်းကိုကြောက်စရာကောင်းနေတယ်!

လျန့်အာရဲ့အကြောင်းကို သူတစိုးတစမှ မသိခဲ့ဘူး သူက စိတ်ထဲကနေ၊ပါးစပ်ကနေ ချစ်တယ်သာပြောခဲ့တာ ၊လျန့်အာ ဒုက္ခရောက်နေတဲ့အချိန်၊အားငယ်နေတဲ့အချိန်တွေမှာ သူမရှိခဲ့ဘူး! လျန့်အာ သူ့အပေါ်အေးတိအေးစက်ဖြစ်တာ မထူးဆန်းတော့ဘူး သူက အသုံးမကျတဲ့သူတစ်ယောက်လေ၊ကိုယ့်ချစ်တဲ့သူရဲ့ အကြောင်းကို တစိုးတစတောင် မသိဘူး... နဉ်မိသားစုရဲ့ပစ်ပယ်မှုတွေ၊သူရဲ့အိပ်မက်တွေကို စွန့်ပစ်ခံလိုက်ရတဲ့အချိန်တွေ ၊မွေးစားသားကိုထောက်ပံ့ဖို့အတွက် နဉ်အင်တာတိန်းမန့်ကို ဦးစီးနေရပြီး ထိုမွေးစားသား အောင်မြင်ကျော်ကြားတာကိုသာ ထိုင်ကြည့်ရင်း ဝမ်းနည်းနေတဲ့အချိန်တွေ! လျန့်အာနားမှာ သူတခါမှမရှိခဲ့ဘူး

"လျန့်အာ...." 'စိတ်ချပါ နောက်ဆို ကိုယ်မင်းအနားမှာ ရပ်တည်ပေးတော့မှာ.... မင်းကိုဘယ်သူမှလာဒုက္ခမပေးစေရဘူး'

နောက်ထပ်အချက်အလက်တစ်ခုမှာလည်း သူရဲ့လျန့်အာဟာ 'ဒဏ္ဍာရီထဲက နဂါးဧကရာဇ်'ဆိုတဲ့ ရုပ်ရှင်မှာ ပိုင်လီဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်မယ်ဆိုတာ သူသိလိုက်ရသည်၊လျန့်အာက လွန်ခဲ့တဲ့ငါးနှစ်တုန်းက သရုပ်ဆောင်ဖူးပေမယ့် အခုလိုပြန်ဝင်မဲ့အချိန်ဟာ တတ်သစ်စသရုပ်ဆောင်အသစ်တစ်ယောက်နဲ့အတူတူဖြစ်တာကြောင့် ဒီလိုနာမည်ကြီးရုပ်ရှင်မှာ ပါဝင်ဖို့မလွယ်ကူချေ၊

သူဟာ ခုံကိုလက်နဲ့တတောက်တောက် တောက်လိုက်ရင်း...သူ့ဘေးရှိလက်ထောက်အား...

"ပိုင်လီဆိုတဲ့နေရာကို တတ်သစ်စ သရုပ်ဆောင်တွေပါ လာရောက်ရွေးချယ်နိုင်တာကို ဇာတ်ညွှန်းရေးဆရာကို ပြောလိုက်"

"သခင်လေးနဉ်အတွက် ပိုမခက်ခဲသွားဘူးလား"

"လုပ်လိုက် လျန့်အာက အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ ...ဖြစ်နိုင်ရင် အဓိကဇာတ်ကောင် ဖီးနစ်နတ်ဘုရားနေရာကိုတောင် အေးဆေးသရုပ်ဆောင်တယ်

"ဒါပေမယ့်..."

"ငါ သိတယ်...ငါ ပြောသလို လုပ်" ကျန်းထိုက်ရန်ရဲ့စိတ်မရှည်တဲ့အသံနဲ့ အကြည့်စူးစူးတချက်ကြောင့် တကိုယ်လုံးရှိအမွှေးများထောင်သွားသလိုခံစားလိုက်ရပြီး... အလျင်အမြန် ခေါင်းညိတ်ကာ ပြေးထွက်သွားတော့သည်၊

"လီရှောင်ဟိုင်... ဂျင်လင်းအာ... မင်းတို့ ကိုယ့်နေရာကိုယ်သိကျရင် ကောင်းမယ်"

-----------------------

Fox: မိုးရွာရေ မိုးရေချိုးမယ်.... ပါးပါးယွမ်လာရင်နို့စို့မယ်!

စာရေးဆရာ : မင်းပါးပါးရဲ့ နို့က ကိတ်လား??

Fox: ဖေဖေLeoကို မေးကြည့်လေ....

စာရေးဆရာ : ငါ့မှာ မင်းလို အသက်သုံးချောင်းနဲ့မဟုတ်ဘူး

Continue Reading

You'll Also Like

5.8K 407 6
(###) : ဇာတ်လိုက်မ လာနေပြီလား လိပ်လေး : လာနေပြီ လာနေပြီ (###) ရယ်ကျဲကျဲ အပြုံးနဲ့ ကောင်းတယ်. ကိုယ်တော် အိပ်လိုက်ဦးမယ်. ကုတင်ပေါ်ရောက်ရင်နှိုးလိုက် ...
1.2M 90.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
25.3K 3.6K 9
zawgyi/unicode Started date: 7.9.2020 End date: ???? ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System)
2.1K 250 2
(N;) Homesickness for a place which you can't return to or never was