Chapter(94)သက်သေတွေချန်မထားနဲ့
ဝူဇူသည် စူချင်ခြံဝင်းကို ပြန်လာတော့ ဝူချွင်ချင်သည် သူ့ကိုခြံရှေ့မှာစောင့်နေသည်ကိုတွေ့လိုက်ရတယ်။
"မင်းဒီနေ့လုပ်ခဲ့တာတွေကို အဖေကြားပြီးသွားပြီ။မကောင်းတဲ့လူဆိုတာ ဝူယုကိုပြောတာမဟုတ်လား?ဒါကြောင့်မနေ့တုန်းက ပြောလိုက်ရင် ငါကတားမှာဆိုးလို့မပြောတာမလား?"ဝူချွင်ချင်ကပြောလိုက်တယ်။
"ဟုတ်"
"မင်းကဥာဏ်ကိုမသုံးဘူး။တကယ်လို့ မင်းကတစ်စုံတစ်ယောက်ကို ရိုက်တယ်ဆိုရင်တောင် သက်သေတွေမချန်ထားနဲ့။လူတိုင်းက မင်းကိုမှန်တာကို လုပ်တာလို့ဘဲ ထင်ပါစေ။မင်းဒီနေ့လုပ်ခဲ့တာက ဖြစ်နိုင်တဲ့ အကျိုးဆက်ကို မတွေးထားဘူးလား။အခုတော့ မင်းရဲ့ဒေါသကိုဖွင့်ချလိုက်ရပေမဲ့ မင်းလည်းအပြစ်ပေးခံရတယ်မလား?နောက်ကို မစဉ်းစားဘဲ ဘာမှမလုပ်နဲ့။အဖေပြောတာနားလည်ရဲ့လား?"ဝူချွင်ချင်ပြောလိုက်တယ်။
"အဖေက ကျွန်တော် ဝူယုကိုရိုက်လိုက်တာကိုအပြစ်မတင်ဘူးလား?"ဝူဇူအံ့သြစွာမေးလိုက်တယ်။
"မင်းအဖေကို စာအုပ်ကြီးအတိုင်းလုပ်တဲ့သူလို့ထင်နေတာလား?ငါက ငါ့ကလေးကို အနာကျင်စေတဲ့သူကို ကာကွယ်ပေးလိမ့်မယ်လို့ထင်နေတာလား?"ဝူချွင်ချင်က မဲမှောင်နေတဲ့မျက်နှာနှင့်ပြောလိုက်တယ်။
သူက တခြားလူတွေနှင့် ကောင်းမွန်စွာ ဆက်ဆံပြီး အလျော့ပေးခဲ့တာက သူ့ကလေးတွေကို ထိခိုက်စေခဲ့တယ်။သူက သူ့ကိုယ်သူ ပြောင်းလဲမှဖြစ်တော့မယ်။မဟုတ်ရင် သူ့ကလေး
တွေအတွက် ဖခင်ကောင်ဖြစ်တော့မှာမဟုတ်ဘူး။
"ကျန်တဲ့ကိစ္စတွေကို အဖေကဘဲရှင်းလိုက်မယ်။မင်းကအိမ်မှာဘဲ အနားယူ။မင်းက မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်ပြီးရင် လေ့ကျင့်ရေးဆင်းရတော့မယ်"
"ဟုတ်။ကျွန်တော်သိပါပြီ"ဝူဇူက ပြောလိုက်တယ်။
ဝူယု၏မိသားစုသည် ဝူယုအကြောင်းသတင်းကြားတော့ ရန်လန်ယုနှင့် ဝူအန်းရီသည် အပြေးအလွှားကျောင်းကို ရောက်လာပြီးဝူယုကိုလာကြည့်ကြတယ်။သူတို့ရောက်လာတော့ ဝူယုက ထထိုင်နေပြီဖြစ်တယ်။
"ယုအာ အဆင်ပြေရဲ့လား?"ရန်လန်ယုက ဝူယု၏ထိခိုက်ထားသောပါးရိုးကို ထိမလို့ လက်လှမ်းရင်း မေးလိုက်တယ်။
"အမေ ကျွန်တော်အဆင်ပြေတယ်"ဝူယုသည် သူ့အမေ၏လက်ကိုရှောင်လိုက်ရင်း ဖြေလိုက်တယ်။
ဘယ်လိုလုပ်ပြီး ဝူဇူက သူနဲ့ယုထန်းပေါင်တို့လုပ်ထားတာကိုသိသွားတာလဲ?
"အဲဒီခွေးကောင် ဝူဇူက ဘယ်လိုလုပ် မင်းကိုရိုက်ရက်တာလဲ?သူက မင်းကဒီလိုဖြစ်အောင်တောင် လုပ်ရက်တယ်။ငါ သူ့ကိုအလွတ်မပေးဘူး"ရန်လန်ယုက ဒေါသထွက်စွာပြောလိုက်တယ်။
"ယုအာ ငါပြောသားဘဲ။မင်းကိုသူတို့နဲ့နီးနီးကပ်ကပ်မနေပါနဲ့ဆို။အခုတော့ မင်းကိုသူတို့ ဘယ်လိုလုပ်လဲ"ဝူအန်းရီကပြောလိုက်တယ်။
"ငါကလည်း မင်းအတွက်သာ မဟုတ်ဘူးဆိုရင် သူတို့နဲ့နီးနီးကပ်ကပ်နေချင်တယ်မှတ်နေလား?"ဝူယုက ဝူအန်းရီကိုအေးစက်စွာ ကြည့်ပြီးပြောလိုက်တယ်။
တောင်ဘက်ခြံဝင်းသည် ဝူရှောင်ရန်၏ဦးဆောင်မှုအောက်တွင်ရှိသည်။ဒါပေမဲ့ အရေးကြီးကိစ္စတွေမဟုတ်ဘူးဆိုရင်တောင် ဝူပုဖန်၏ခွင့်ပြုချက်ကိုတောင်းခံရတယ်။ဝူရှောင်ရန်က သာမန်အရည်အချင်းသာရှိပြီး ဥာဏ်မကောင်းသလို သူရဲ့အခြားညီအကိုတွေလောက်စိတ်စွမ်းအင်လည်း မရှိဘူး။တကယ်လို့ ဘိုးဘိုးကြီးမှာသာ ရွေးချယ်စရာမရှိလို့ မဟုတ်ရင် ဝူရှောင်ရန်က တောင်ဘက်ခြံဝင်းကို ဦးဆောင်ခိုင်းမှာမဟုတ်ဘူး။ဒါကြောင့် ဝူပုဖန်သည် နောင်တစ်ချိန်ကျရင် တောင်ဘက်ခြံဝင်းရဲ့ဦးဆောင်သူကို ပြန်ရွေးချယ်လိမ့်မယ်။
တောင်ဘက်ခြံဝင်းတွင် ဝူချွင်ချင်နှင့် ဝူဇူသည်ရွေးချယ်ဖို့အတွက် အသင့်လျော်ဆုံးဖြစ်တယ်။သူတို့က ဝူမိသားစု၏ခေါင်းဆောင်တောင်ဖြစ်လာနိုင်တယ်။ဒါ့ကြောင့် သူက သူတို့ကို အခုချိန်ထဲက မဖိနှိပ်နိုင်ခဲ့ရင်သူ့အဖေနဲ့အကိုကြီးအတွက် အခွင့်ရေးမရှိဘဲနေလိမ့်မယ်။
"မင်းဘာကိုဆိုလိုတာလဲ"ဝူအန်းရီကမျက်မှောင်ကြုတ်လိုက်တယ်။
ဝူယုက စကားတစ်လုံးတောင်ပြန်မပြောဘဲ အပြင်ကို ထွက်ခဲ့တယ်။
ရန်လန်ယုနှင့်ဝူအန်းရီတို့လည်း ဝူယုနောက်ကိုလိုက်ပြီး အပြင်ထွက်လာကြတယ်။
သူတို့အပြင်ထွက်လာတော့ ကျောင်းသားတွေကသူတို့ကို လက်ညှိုးထိုးပြီးပြစ်တင်ဝေဖန်ကြတယ်။
"ငါပြောသားဘဲ။ဝူယုကကြောင်သူတော်ဆိုတာ။သူက အပြင်ပိုင်းမှာကြည့်ရင် ကြင်နာတတ်သလို နူးညံ့သလိုနဲ့ အတွင်းမှာတော့ မြွေဟောက်လိုစိတ်ထားဘဲ။နောက်ကျောကိုဓားနဲ့ထိုးလိမ့်မယ်။ငါတို့က သူနဲ့ဝေးဝေးမှာနေသင့်တယ်"ကျောင်းသားတစ်ယောက်က ပြောလိုက်တယ်။
"ငါထင်တာက တောင်ဘက်ခြံဝင်းမှာ စူချင်ခြံဝင်းကလွှဲရင် ဝူယုကိုကြင်နာတတ်တဲ့သူလို့။ဒါပေမဲ့ အခုတော့ သူကလူယုတ်မာဘဲ။ဒါကြောင့်လူတွေကိုအပေါ်ယံဘဲကြည့်လို့မရဘူးလို့ပြောတာပေါ့"ကျောင်းသားတစ်ယောက်က ပြောလိုက်တယ်။
ဝူအန်းရီသည် မွေးကတည်းက ဒီလိုမျိုးပြောတာကို တစ်ခါမှမခံရဖူးဘူး။ဒါကြောင့် လူတွေက သူတို့ကို လက်ညှိုးထိုးပြီးဝေဖန်သည့်အခါ ခံနိုင်ရည်မရှိတော့ဘူး။
************
(1500/6/9)