Chapter(92)ဖေဖေ ဖေဖေရဲ့မိန်းမက သားသားကို နိုင်ကျင့်နေတယ်(2)
ဝူဇူသည် ဝူတတို့အိမ်ကထွက်လာတာနဲ့ သူကဟေးအိမ်တော်ကို တန်းပြန်လာခဲ့တယ်။
ဝူဇူ၏မဲမှောင်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးတွေကြောင့် ဂေါင်တုန်က စိုးရိမ်ပြီးမေးလိုက်တယ်။
"ဇူအာအဲဒီလူကိုတွေ့ခဲ့တာလား?"
"အင်း အဲဒီလိုမျိုးဘဲ"ဝူဇူက အက်ကွဲနေသည့်အသံနှင့် ပြောလိုက်တယ်။
ဝူရုန်သည် ရှိယန်ကို သူ့အကိုကြီးအတွက် ရေနွေးတစ်ခွက်ထည့်ပေးဖို့ ပြောလိုက်တယ်။
"အဲဒီလိုမျိုးဆိုတာက မင်းကဘာကိုပြောချင်တာလဲ?"ဝူချွင်ချင်ကမေးလိုက်တယ်။
ဝူဇူသည် ရေနွေးသောက်လိုက်ပြီး ဝူချွင်ချင်ကို ကြည့်ပြီးပြောလိုက်တယ်။
"အခုတော့ ကျွန်တော် အဲဒီလူအကြောင်းကိုဟမပြောချင်သေးဘူး"
ဝူချွင်ချင်သည် သူ့သားကအမှန်တရားကို မပြောတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။
"သားမပြောချင်ရင်လည်းအဆင်ပြေတယ်။သားကိုယ်တိုင် အဲဒီလူကို သိထားရင်အဆင်ပြေတယ်။ဟေးရှင်းက သားအဲဒီလူကို ဝေးဝေးရှောင်ရင် သားရဲ့လေ့ကျင့်ရေးခရီးမှာ လုံခြုံလိမ့်မယ်လို့ပြောတယ်။သားကဟအဲဒီလူနဲ့ ဝေးဝေးရှောင်ရမယ်။အမေပြောတာနားလည်တယ်မလား?"ဂေါင်တုန်က ပြောလိုက်တယ်။
"အင်း"ဝူဇူကခေါင်းငြိမ့်လိုက်တယ်။
ဂေါင်တုန်က ဝူရုန်ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်"ရုန်အာ အခုတော်တော်နောက်ကျနေပြီ။မင်းအဖေနဲ့အမေတို့က ပြန်တော့မယ်"
ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ်"ရှိယန် ငါ့မိဘတွေကိုလိုက်ပို့ပေးလိုက်"
ရှိယန်သည် ဝူချွင်ချင်တို့ကို လိုက်ပို့ပေးလိုက်တယ်။
ဝူရုန်က သူမိဘတွေ ထွက်သွားတာကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။သူဒီနေ့အရမ်းပျော်နေတယ်။သူက သူ့မိဘတွေကို ထပ်ပြီး စိုးရိမ်စရာမလိုတော့ဘူး။အထူးသဖြင့်သူ့အကိုကြီးကို ဝူယုကသိုးရေခြုံထားတဲ့ ဝံပုလွေဆိုတာပြလိုက်နိုင်တယ်။
ဥကလေးရဲ့လက်ကိုတွဲထားတဲ့ ဟေးရှင်း ဟေးရွမ်ရီနှင့်ဟေးဂန်းတို့ကခန်းမထဲကိုဝင်ရောက်လာတယ်။
"ပါးပါး"ဥကလေးသည် ပြေးလာပြီး ဝူရုန်၏ခြေထောက်ကိုဖက်ပြီးပြောလိုက်တယ်။
"ပါးပါးကခိုးပြုံးနေတယ်။ပါးပါးက မကောင်းတာလုပ်ထားလို့လား?"
ဟေးရှင်းက ဥကလေး၏ဟာသကြောင့် ပြုံးလိုက်တယ်။
"..."ဝူရုန်
ဝူရုန်သည် ဥကလေးရဲ့မျက်နှာကိုဆွဲဆိတ်လိုက်ပြီး ပြုံးပြီးပြောလိုက်တယ်။
"ဒါဆိုမင်းလေးရဲ့မျက်နှာပေါ်က အပြုံးတွေက ရိုးသားပြီးချိုမြိန်နေတာဘဲ။ဒါက မင်းလေးကကောင်းတာတွေလုပ်ထားလို့ပေါ့လေ"
ဥကလေးက ချက်ချင်းဘဲ ဟေးရွမ်ရီထံကိုပြေးသွားပြီးခြေထောက်ကိုဖက်လိုက်ပြီး နှုတ်ခမ်းဆူပြီးပြောလိုက်တယ်။
"ဖေဖေ ဖေဖေရဲ့မိန်းမကသားကိုအနိုင်ကျင့်နေ
တယ်"
ဟေးရွမ်ရီက ဥကလေးကိုကောက်ချီလိုက်ပြီး ပြောလိုက်တယ်"ဖေဖေမြင်တာတော့ မင်းလေးက မင်းပါးပါးကိုအနိုင်ကျင့်မနေရင် ကံကောင်းနေတာဘဲ"
"ဖေဖေ ဖေဖေနဲ့ပါးပါးက လက်အိတ်တစ်ခုထဲနဲ့အလုပ်လုပ် နေတာဘဲ"ဥကလေးက နှုတ်ခမ်းဆူလိုက်ပြီး မပျော်မရွှင်ပြောလိုက်တယ်။
ဝူရုန်ကဆွံ့အသွားပြီး ပြောလိုက်တယ်"ဒီစကားတွေကို ဘယ်သူသင်ပေးထားတာလဲ?စကားလုံးတွေက မှားနေတယ်"
ဟေးရှင်းက ရှက်ရွံ့မှုကြောင့် သူ့မျက်နှာကနီရဲသွားတယ်။
သူကလည်း သခင်ငယ်လေးကို ဒီစကားတွေမသင်ထားပေးပါဘူး။
ဟေးရွမ်ရီဘေးတွင် ရပ်နေတဲ့ ဟေးဂန်သည် ရုတ်တရက် ဝင်ပြောလိုက်တယ်။
"သခင်ငယ်လေးက မနက်တိုင်း ကွတ်ခူးကိုစီးပြီး ဇန်းယန်းစားသောက်ဆိုင်ကိုသွားပြီး မုန့်သွားခိုးတယ်။ပြီးရင် ခေါင်မိုးပေါ်တက်ပြီး မုန့်စားရင်းနဲ့ ပုံပြင်နားထောင်တယ်။ပြီးရင် နေ့လယ်ရောက်ရင် ပြဇာတ်ရုံကို သွားပြီးပြဇာတ်သွားကြည့်တယ်။ပြီးရင် ညနေရောက်ရင် အပျော်ဂေဟာကိုသွားပြီး အပျော်မယ်တွေ သီချင်းဆိုတာကို နားထောင်တယ်။သူ့ဘဝက တစ်နေ့လုံးအလုပ်များ နေပြီးအချိန်ပြည့်အလုပ်ရှိတယ်"
ဥကလေးသည် ပုံပြင်တွေကိုမှတ်မိနေပြီး သီချင်းတွေကို ညည်းတတ်နေပြီဖြစ်တယ်။ပြီးတော့ဥကလေးသည် လူငယ်တွေရွတ်ဆိုသွားတဲ့ကဗျာတွေကိုလည်းမှတ်မိနေတယ်။ဒါ့အပြင် ဥကလေးသည် လူငယ်တွေက အပျော်မယ်လေးတွေကို ဘယ်နှခါနမ်းလည်း ရေတွက်ထားသေးတယ်။
"....."ဝူရုန်
"....."ဟေးရွမ်ရီ
"....."ဟေးရှင်း
ကလေးတစ်ယောက်သည် အရွယ်ရောက်ပြီး လူတစ်ယောက်ထက်တောင် တက်ကြွနေသေးတယ်။
ဥကလေးသည် ခေါင်းငုံ့လိုက်ပြီး သနားစရာကောင်းသည့်အသံနှင့်ပြောလိုက်တယ်။
"ဖေဖေက အမြဲတမ်းမှော်လက်နက်တွေ သန့်စင်ရင်း အလုပ်ရှုပ်နေတယ်။ပါးပါးကလည်း အပြင်မသွားဘူး။သားက အမြဲတမ်းကွတ်ခူးနဲ့ဘဲ ကစားနေရတာ။ဒါ့ကြောင့် သားသားက သွားလည်တာပါ"
ဝူရုန်က ကလေးအတွက် စိတ်မကောင်းဖြစ်သိလို ခံစားနေရတယ်။သူက အခုချိန်မှာ ကလေးနှင့် ကစားပေးချင်ရင်တောင် သူ့ခန္ဓာကိုယ်ကြောင့် မဖြစ်နိုင်ဘူး။သူ ဝိတ်ကျဖိုကလည်း တစ်လလောက်လိုသေးတယ်။
"မနက်ဖြန်ကျရင် ဇန်နဝါရီလလယ်ပွဲတော်"ဟေးရွမ်ရီက ရုတ်တရက် ပြောလိုက်တယ်။
"ဖေဖေ သားတို့ကို သွာလည်ဖို့ ခေါ်သွားမှာလား?"ဥကလေး၏မျက်လုံးတွေက တောက်ပသွားပြီး မေးလိုက်တယ်။
"အင်း"
"ဟိုးရေး"ဥကလေးက ဟေးရွမ်ရီ၏ခန္ဓာကိုယ်ပေါ်က ခုန်ချပြီး ပျော်ရွှင်စွာပြောလိုက်တယ်။
"သားသားက ပြင်ဆင်စရာတွေအများကြီး ရှိသေးတယ်"
ဝူရုန်က အံ့သြသွားပြီး သိချင်တာကြောင့် မေးလိုက်တယ်"သားက ဘာတွေပြင်ဆင်မလို့လဲ?ဒါက တစ်ရက်ဘဲ သွားမှာလေ"
ဝူရုန်၏စကားမဆုံးခင်မှာဘဲ ဥကလေးက အပြင်ကို ပြေးထွက်သွားပြီ။
"ဒါက သခင်ငယ်လေးအတွက် သခင်တို့နှစ်ယောက်နဲ့ အတူသွားတာ ပထမဆုံးလေ။သခင်ငယ်လေးက စိတိလှုပ်ရှားနေပုံဘဲ"ဟေးရှင်းက ပြုံးပြီးပြောလိုက်တယ်။
"မင်းကရော ဘယ်လိုလဲ?"ဟေးရွမ်ရီက ဝူရုန်ကို ဆက်မေးလိုက်တယ်"မင်းကရော ပျော်ရဲ့လား?"
"ဘာလို့မေး"ဝူရုန်သည် ဟေးရွမ်ရီ၏စိုက်ကြည့်မှုကြောင့် ပြောမယ့်စကားက လည်ချောင်းထဲ ပြန်ဝင်သွားတယ်။
ဝူရုန်၏ နှလုံးခုန်နှုန်းက မြန်ဆန်လာပြီး ပေါက်ထွက်တော့မလိုဘဲ။သူက ရှိရီ၏အကူအညီနှင့် ထရပ်လိုက်ပြီး ပြောလိုက်တယ်။
"ကျွန်တော်လည်း ပြင်ဆင်စရာရှိသေးတယ်"
ဟေးရှင်းသည် ဝူရုန်ထွက်သွားတာကို ကြည့်ပြီးပြုံးပြီးပြောလိုက်တယ်။
"ကြင်ယာတော်က ရှက်သွားပုံဘဲ"
"......."ဟေးရွမ်ရီ
အပြင်မှာတော့ နှင်းတွေက အဆက်မပြတ်ကျဆင်းနေပြီး မှောင်မဲနေတယ်။
--------------------
paid groupဝင်လို့ရပြီနော်
************
(1900/5/9)