Chapter(91)အမှန်တရား
ဝူဇူသည် ဒေါသကို ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်ခန်းကို ပြေးသွားလိုက်တယ်။သူက ယုထန်းပေါင်၏အင်္ကျီကိုဆွဲပြီး ဒေါသတကြီးမေးလိုက်တယ်။
"ဝူယုက မင်းတို့ကို ငွေပေးပြီး ရုန်အာကိုအနိုင်ကျင့်ခိုင်းတယ်ဆိုတာအမှန်ဘဲလား?"
"ဘယ်သူလဲ"လူငယ်သုံးယောက်သည် အမူလွန်းနေတာကြောင့်ဘယ်သူမှန်းမမှတ်မိကြဘူး။
"မင်းတို့ကို ဝူယုက ငွေပေးပြီး ဝူရုန်ကိုအနိုင်ကျင့်ခိုင်းတယ်ဆိုတာအမှန်ဘဲလား?"ဝူဇူက ထက်မေးလိုက်တယ်။
"မင်း ဘာ ဘာတွေလာပြောနေတာလဲ?"
ယုထန်းပေါင်သည် ဝူဇူ၏ဒေါသထွက်နေသည့်မျက်နှာကို ကြည့်ပြီး သူ အမှန်အတိုင်းမပြောရင် ဒုက္ခရောက်နိုင်တာကို ခံစားမိတာကြောင့် အမှန်အတိုင်းပြောလိုက်တယ်။
"အမှန်ဘဲ။ငါတို့ကိုဝူယုက ငွေပေးပြီး ဖက်တီးကိုအနိုင်ကျင့်ခိုင်းတာ။တကယ်လို့မင်းမယုံဘူးဆိုရင်ဝူရုန်ရဲ့အစေခံတွေကိုမေးကြည့်လို့ရတယ်။သူတို့ကိုလည်း ဝူယုကလာဘ်ထိုးထားတယ်။ဒါကြောင့် ငါတို့ဖက်တီးကိုအနိုင်ကျင့်တိုင်းဝူယုက သူရဲကောင်းလုပ်လို့ရအောင် သူတို့ကသတင်းပေးတာဘဲ"
"အစေခံလား?"ဝူဇူသည် အစေခံဆိုတာနှင့် ရှိယန်တို့နှင့်အလောင်းကောင်အစေခံတွေကို မျက်လုံးထဲမြင်လာပေမဲ့ မဖြစ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။နောက်မှ သူက လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက မတွေ့မိတဲ့ ဝူတနှင့်ဝူရှောင်ကို သတိရသွားတယ်။ဝူဇူသည် ယုထန်းပေါင်ကို တွန်းထုတ်လိုက်ပြီးနောက် ဝူတတို့အိမ်ကိုထွက်လာခဲ့တယ်။
ဝူဇူသည် သူ့ဒေါသတွေကို ချုပ်တီးဖို့ကြိုးစားလိုက်တယ်။သူက ဝူတတို့အိမ်ကို ရောက်တာနဲ့ တံခါးကို ကန်ဖွင့်လိုက်ပြီး ဝင်ရောက်သွားလိုက်တယ်။သူက အိပ်ရာပေါ်မှာ ရှိနေသည့်ဝူတကို ဆွဲချလိုက်ပြီး ဒေါသတကြီးမေးလိုက်တယ်။
"ဝူယုက ယုထန်းပေါင်တို့ကို ငွေပေးပြီးရုန်အာကိုအနိုင်ကျင့်ခိုင်းတာ မင်းသိလား?"
"ဘာ ဘာပြောနေတာလဲ?"ဝူတသည် ကြောက်လန့်တကြားပြောလိုက်တယ်။သူက ဝူဇူဒေါသထွက်နေသည့် ပုံကိုဘယ်တော့မှမမြင်ဖူးဘူး။အခုတော့ ဝူဇူ၏နူးညံ့သိမ်မွေ့ပုံရသည့်မျက်နှာသည်ကြောက်စရာကောင်းနေတယ်။
"ဝူတ မင်းအသက်ရှင်ချင်သေးရင် အမှန်အတိုင်းပြောရင်ကောင်းမယ်"ဝူဇူသည် သွားကြားထဲက လေသံနှင့်ခြိမ်းခြောက်လိုက်တယ်။
အဲဒီအချိန်မှာဘဲ ဝူတ၏ဇနီးလုရှောင်ယုသည် ရှေ့ထွက်လာပြီးပြောလိုက်တယ်။
"သခင်လေး တကယ်ဘဲ ကျွန်မယောကျာ်းက ဝူယုက ယုထန်းပေါင်တို့ကို ငွေပေးပြီးသခင်လေးဝူရုန်ကို အနိုင်ကျင့်ခိုင်းတာကိုသိပါတယ်။ကျေးဇူးပြုပြီး သက်ညှာပေးပါ။ကျွန်မတောင်းပန်ပါတယ်"
သူတို့လက်ထပ်ပြီးကတည်းက ဝူတသည် သူမကိုအရာအားလုံးပြောပြခဲ့တာဖြစ်တယ်။
"လုရှောင်ယု မင်းဘာတွေပြောနေတာလဲ"ဝူတကအော်လိုက်တယ်။
"ဒါဆိုရှင်ကသေချင်လို့လား?"လုရှောင်ယုကပြန်အော်လိုက်တယ်။
"..."ဝူတ
"ဝူတနှင့်ဝူရှောင်က ဝူယုဆီကငွေယူထားတယ်ဆိုတာကလည်းအမှန်ဘဲလား?"
"အမှန်ပါဘဲ။ကျေးဇူးပြုပြီး ကျွန်မယောကျာ်းရဲ့အသက်ကိုချမ်းသာပေးပါ"လုရှောင်ယုက အသနားခံလိုက်တယ်။
"မင် မင်းခွေးတိရစ္ဆာန်"ဝူဇူသည် ဒေါသတကြီးဝူတကို ကန်လိုက်ပြီးနောက် ထွက်ခွာသွားတယ်။
ဝူတသည် နာကျင်မှုကြောင့် သတိလစ်မေ့မျောသွားတယ်။
"ရှင်ကခွေးတိရစ္ဆာန်ဘဲ"လုရှောင်ယုသည် ဝူတ၏ဗိုက်ကို ကန်လိုက်ပြီးနောက် အဝတ်အစားဝတ်ပြီး အပြင်ထွက်လာခဲ့တယ်။
ရုတ်တရက်အပြင်ဘက်မှ အရိပ်တစ်ခုနှင့်တိုက်မိမလိုဖြစ်သွားတာကြောင့် လုရှောင်ယုသည် ထိတ်လန့်စွာအော်လိုက်တယ်။
"မရီး ငါပါ"
"ရှငါက အသံမပေးဘဲ ဘာလို့လာရတာလဲ?ကျွန်မကို သေအောင်ခြောက်နေတာဘဲ"လုရှောင်ယုသည် ရင်ဘတ်ကိုဖိပြီးပြောလိုက်တယ်။
"သခင်လေးဝူဇူက မင်းတို့အခန်းထဲက ထွက်သွားတာလား?"ဝူရှောင်က မေးလိုက်တယ်။
"ဟုတ်တယ်။သူဘဲ။သူက မင်းနဲ့ဝူယုတို့လုပ်ထားတာကို သိသွားပြီ။အခု သူက မင်းအကိုကို မင်းတို့လုပ်ထားတာ အမှန်လားဆိုတာ ခြိမ်းခြောက်ပြီးမေးသွားတာဘဲ။ငါလည်း မင်းအကိုသေမှာစိုးလို့ အမှန်အတိုင်းပြောလိုက်တာဘဲ"
"ဘာလို့အမှန်အတိုင်းပြောလိုက်တာလဲ?ဒီတိုငိးဆို ငါတို့ဝူမိသားစုမှာ အလုပ်လုပ်လို့ရတော့မှာ မဟုတ်ဘူး"ဝူရှောင်က စိုးရိမ်စွာပြောလိုက်တယ်။
"ငါမပြောရင် သူက မင်းကိုလာရိုက်မှာလေ"
"မရီး မင်း ငါ့ကိုစိုးရိမ်နေတာလား?"ဝူရှောင်သည် အခန်းထဲကို လှမ်းကြည့်လိုက်တော့ ဝူတသည် မြေကြီးပေါ်မှာ အသေကောင်လို လဲနေတာကို တွေ့လိုက်ရတယ်။သူက လုရှောင်ယုကို ဆွဲပြီး အခန်းထဲကို ဝင်သွားပြီးနောက် နံရံနှင့်ဖိကပ်ပြီး နမ်းလိုက်တယ်။
"မင်းအကိုကမြေကြီးပေါ်မှာလဲနေတုန်းဘဲ"လုရှောင်ယုသည် ဝူရှောင်၏ရင်ဘတ်ကို တွန်းပြီးပြောလိုက်တယ်။
"ပစ်ထားလိုက်!"ဝူရှောင်သည် ဝူတ၏ရင်သားတွေကို ဖျစ်ညစ်လိုက်တယ်။
လုရှောင်ယုသည် ညည်းတွားလိုက်ပြီး"ဒါပေမဲ့ မင်းမိန်းမကို ဘယ်လိုလုပ်မလဲ?"
"ငါက သူမကိုရေချိုးမယ်လို့ပြောခဲ့တယ်။ငါက ငါ့အကိုမနိုးခင်အထိအချိန်ရှိတယ်"
သူတို့နှစ်ယောက်လုံးမသိတာက အခြေအနေကိုလာကြည့်သည့် ဝူရှောင်၏ဇနီးရောက်လာတာကိုဘဲ။
"ညီအကိုနှစ်ယောက်စလုံးလူယုတ်မာတွေဘဲ"သူမက တီးတိုးပြောလိုက်ပြီးနောက် ဘာမှမတွေ့သလိုမျိုး တိတ်တဆိတ်ထွက်သွားလိုက်တယ်။
***********
paid groupဝင်လို့ရပြီနော်
(1600/5/9)