Chapter(87)မင်းအဆင်ပြေနေတာ တကယ်ကောင်းတယ်
"မင်းပြောတာက သူက ဒဏ်ရာရလာမှ မွန်းစတားတွေနဲ့ တိုက်ခိုက်လာတယ်ဆိုတာ သက်သေပြနိုင်မှာလို့လား?"ဝူချွင်ချင်က အေးစက်စွာ ပြောလိုက်တယ်။
"ငါထွက်မပြေးခဲ့ဘူး။အဲဒီအချိန်တုန်းက ငါကနောက်ဆုံးမှ တောထဲက ထွက်လာတာကို လူတိုင်းမြင်တယ်"ဝူဇူက ချေပပြောဆိုလိုက်တယ်။
"အဲဒီအချိန်တုန်းက အားလုံးထဲမှာ ဘယ်သူကများ မင်းဘာလုပ်နေတာလဲဆိုတာ လိုက်ကြည့်နေနိုင်မှာလဲ?မင်းက ထွက်ပြေးပြီး တစ်နေရာမှာ ပုန်းနေတာနေမှာပေါ့"ဝူရှောင်က ထေ့ငေါ့လိုက်တယ်။
"ဝူရှောင် နင် ငါ့အကိုကြီးကို သွားပုတ်လေလွင့်လျှောက်ပြောမနေနဲ့"ဝူရှိက အော်လိုက်တယ်။
"ဝူရှိ ငါ မင်းထက်အသက်ကြီးတယ်။ဒါကို မင်းက အကိုလို့ခေါ်ရမယ့်အစား ငါ့အမည်ခေါ်နေတယ်။မင်းကို မင်းအမေက မသင်ထားဘူးလား?"ဝူရှောင်က ပြောလိုက်တယ်။
"နင်"ဝူရှိက ဘာပြောရမှန်းမသိတော့ဘူး။
"ငါက ငါ့သမီးကိုကောင်းကောင်းသင်ထားတယ်။သူက မယဉ်ကျေးဘူးဆိုရင်တောင် မင်းလိုအရိုင်းအစိုင်းထက်သာတယ်"ဂေါင်တုန်က ဝင်ပြောလိုက်တယ်။
"ငါက အမှန်အတိုင်းပြောနေတာ။ဒါကို ငါက ဘာလို့မပြောရဲရမှာလဲ?"ဝူရှောင်သည် ဝူချွင်တုန်ကို ကူညီပြီးပြောပေးဖို့ အချက်ပြလိုက်တယ်။
ဒါကို ဝူရုန်က သတိထားမိလိုက်တာနှင့် ဝင်ပြောလိုက်တယ်"မင်းပြောသလိုဆို ဒဏ်ရာမရလာတဲ့သူက ထွက်ပြေးလာတယ်လို့ ဆိုလိုချင်တာလား?ဒါဆို ဦးလေးချွင်ဘင်နဲ့ဦးလေးချွင်တုန်တို့ကလည်း ထွက်ပြေးလာတာပေါ့။မင်းက သူတို့ကို ဒဏ်ရာရစေချင်တာလား?ဒါမှ မင်းကိုယ်မင်း တူကောင်းတစ်ယောက် သားကောင်းတစ်ယောက်လို့ သတ်မှတ်ထားတာလား?"
"...."ဝူရှောင်
ဝူရုန်၏ဝင်ပြောမှုကြောင့် လူတိုင်းက ကြောင်အသွားကြပြီး အံ့သြသွားတယ်။
သူတို့က ဝူရုန်ကိုကြည့်လိုက်တော့ ဝူရုန်က ဝိတ်ကျသွားတာကို တွေ့လိုက်ရတယ်။ဒါပေမဲ့ ဝူရုန်၏အဝတ်အထူကြီးကြောင့် ဘယ်လောက်ထိ ဝိတ်ကျသွားမှန်းတော့ မသိသာဘူး။သူတို့အတွက် သိသာနေတာက ဝူရုန်၏မျက်နှာသည် သေးငယ်သွားပြီး မျက်လုံးတွေက ပိုကြီးလာတာဖြစ်တယ်။
ဝူယုသည် သတိပြန်ဝင်လာပြီး ဝူရှောင်နှင့် မျက်လုံးချင်းဆုံပြီးနောက်ဝူရုန်ကို ပြောလိုကတယ်။
"ရုန်အာ ရှောင်အာက ငါ့အဖေကိုစိုးရိမ်နေလို့ ဇူအာကိုဒီလိုပြောမိတာပါ။စိတ်မဆိုးပါနဲ့။ပြီးတော့ ဇူအာကလည်း ငါ့ကို သူ့ဒဏ်ရာတွေကို ကုသြိပီးလို့ သက်သာသွားတယ်လို့ ပြောတယ်။ရှောင်အာ ဇူအာကို အခုတောင်းပန်လိုက်"
ဝူရှောင်သည် တစ်ရာရာခိုင်နှုန်း မတောင်းပန်ချင်ပေမဲ့ ဘာမှမတတ်နိုင်ဘဲ ပြောလိုက်တယ်"ကျွန်တော်က ဦးလေးချွင်လီကို စိုးရိမ်နေလို့ ပြောမိတာပါ။စိတ်ထဲမထားပါနဲ့"
ဝူချွင်ချင်နှင့်ဂေါင်တုန်၏မျက်နှာကလည်း ပိုကောင်းလာတယ်။
ဝူချွင်တုန်ကလည်း ဝူချွင်ချင်ဘက်လှည့်ပြီး ပြောလိုက်တယ်"ငါ့သားကစိတ်လိုက်မာန်ပါပြောလိုက်တာပါ။မင်းတို့စိတ်ထဲမထားဖို့မျှော်လင့်ပါတယ်"
ဝူချွင်ချင်သည် ဝူရှောင်ကိုမဲမှောင်စွာကြည့်လိုက်ပြီးခေါင်းငြိမ့်လိုက်တယ်။ဒါပေမဲ့ သူကခွင့်လွတ်တယ်လို့တော့မပြောပါဘူး။
ဝူချွင်တုန်က ဝူရှောင်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ခွေးကောင် ငါ့နောက်လိုက်ခဲ့ ပြန်မယ်"
ဝူချွင်တုန်က စူလီခြံဝင်းကထွက်ခွာသွားပြီး ဝူရှောင်က နောက်ကနေ ခေါင်းငုံ့ပြီးလိုက်သွားတယ်။
ဝူဘိုင်က ဝူဇူ၏ရှေ့ကနေ ဖြတ်သွာတော့ အသံတိုးတိုးနဲ့ပြောလိုက်တယ်"မင်းအဆင်ပြေနေတာကယ်ကိုကောင်းတယ်"
ဝူရုန်သည် ဒါကိုကြားတော့ အကူညီမဲ့စွာနဲ့ဘဲ ဝူဘိုင်ကို ကြည့်လိုက်တယ်။
သူ့ရဲ့အငယ်ဆုံးဦးလေးဝူချွင်တုန်သည် သားသမီးသုံးယောက်ရှိတယ်။အကြီးဆုံးသားက ဝူရှောင်ဖြစ်ပြီး သူကရုပ်ရည်သည် သူ့မိခင်နှင့်ဆင်တူပြီး စိတ်ကတော့ ဝူချွင်တုန်နှင့်တူနေပြီး သူက မစဉ်းစားမဆင်ချင်စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ဒုတိယတစ်ယောက်သည် ဝူရုလိုခေါ်ပြီး သူမကကြောက်တတ်ပြီး မိဘတွေနှင့်မောင်နှမတွေနောက်မှာသာ ပုန်းနေတတ်တယ်။အငယ်ဆုံးကတော့ ဝူဘိုင်ဖြစ်ပြီး သူကနုံအတဲ့သူဖြစ်တယ်။ဖြစ်နိုင်တာတော့ သူကငယ်လွန်းတာကြောင့်
ဖြစ်နိုင်တယ်။ဒါပေမဲ့ အရင်ဘဝတုန်းက သူကဝူဇူနှင့်ဝူရှိတို့သေဆုံးသွားပြီးနောက်မှာ ဝူအိမ်တော်ကိုဘယ်တော့မှပြန်မလာခဲ့ဘူး။
ဖြစ်နိုင်တာကတော့ ဝူမိသားစု၏လုပ်ရပ်တွေသည် သူ့ကိုအပြစ်ရှိသလို ခံစားရစေတာကြောင့် သူက ပြန်မလာခဲ့တာဖြစ်နိုင်တယ်။
ဝူချွင်ဘင်တို့မိသားစုသည်လည်းထွက်ခွာသွားတာကို ဝူရုန်က ကြည့်လိုက်တယ်။
ဝူချွင်ဘင်သည် ညီအကိုငါးယောက်ထဲမှာဥာဏ်အကောင်းဆုံးသူဖြစ်တယ်။သူ့ဇနီးလင်းယုယန်သည်လည်း ဥာဏ်ကောင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ပထမသမီးကို ဝူလင်းလို့ခေါ်ပြီး လေ့ကျင့်ရေးဆင်းနေတာဖြစ်တယ်။သူမက အသက်(၂၂)နှစ်ရှိနေပေမဲ့လက်မထပ်ရသေးဘူး။ကျင့်ကြံသူမိသားစုက သမီးတစ်ယောက်သည် သာမာန်မိသားစုက သမီးတွေထက်လက်ထပ်တာနောက်ကျတာက သာမန်ဖြစ်တယ်။ကျင့်ကြံသူမိသားစု လူတွေသည် စိတ်စွမ်းအင်ရှိနေသရွှေ့ နုပျိုနေတာကြောင့်ဖြစ်တယ်။ကျင့်ကြံသူမိသားစုမှ မိန်းကလေးတွေသည် အသက်(၃၀)လောက်မှ လက်ထပ်ကြပြီး ဒါကလည်း ကောင်းမွန်သည့် လက်တွဲဖော်ကို ရရှိစေဖို့ဖြစ်တယ်။ဒုတိယတစ်ယောက်သမီးကတော့ ဝူချင်ဖြစ်ပြီးဒီနှစ်မှာ ဝူဇူတို့နှင့်အတူ လေ့ကျင့်ရေးဆင်းရမှာဖြစ်တယ်။အငယ်ဆုံးသားကတော့ ဝူရှီးဖြစ်ပြီး အရင်ဘဝမှာဘဲဖြစ်ဖြစ် ဒီဘဝမှာဘဲဖြစ်ဖြစ် လောင်းကစားသမားသာဖြစ်တယ်။
ဝူအန်းရီသည် ဝူရုန်တို့ထွက်သွားတော့မှာကြောင့် ရောက်လာပြီး ဝူချွင်ချင်ကို နှုတ်ဆက်လိုက်ပြီးဝူရုန်တို့ကိုတိုက်ရိုက်ဘဲ လျစ်လျူရှူလိုက်တယ်။
ဝူရုန်ကစိတ်ထဲကနေလှောင်ရယ်လိုက်တယ်။
ဝူချွင်လီသည် သားသမီး(၄)ယောက်ရှိတယ်။အကြီးဆုံးက ဝူအန်းရီဖြစ်ပြီး သူကသူ့မိခင်နှင့်ဆင်တူတယ်။သူက အလွန်မာနကြီးသူဖြစ်ပြီး ဂုဏ်မောက်သူဖြစ်တယ်။သူက ဝူရုန်တို့လိုစိတ်စွမ်းအင်မရှိတဲ့သူတွေ သူ့ထက်အားနည်းသူတွေကို ဂရုစိုက်လေ့မရှိဘူး။ဒုတိယသမီးကတော့ ဝူယန်းဖြစ်ပြီး သူမကလေ့ကျင့်ရေးဆင်းနေတာဖြစ်တယ်။ဒါပေမဲ့ သူမကလက်ထပ်ပြီးပြီဖြစ်တယ်။တတိယသမီးကတော့ ဝူရလို့ခေါ်ပြီး ဝူလင်းနှင့်ရွယ်တူဖြစ်ဖစ်တယ်။အငယ်ဆုံးကတော့ဝူယု...
ဝူယုအကြောင်းတွေးမိတာနဲ့ ဝူရုန်၏မျက်နှာသည် မဲမှောင်သွားတယ်။ဝူယုသည် အရင်ဘဝတုန်းက သူ့ရဲ့လူကြီးလူကောင်းဟန်နှင့် ဝူဇူ၏သေဆုံးမှုမှာ ပါဝင်ပတ်သက်သူဖြစ်တယ်။
ဝူဇူသည် ဝူရုန်၏ခန္ဓာကိုယ်ပြောင်းလဲမှုကို သတိထားမိတာကြောင့် မေးလိုက်တယ်။
"ရုန်အာ ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ဘူး။ကျွန်တော်က ဦးလေးချွင်ဂျင်တို့မိသားစုကို မတွေ့လို့ စဉ်းစားနေတာ"ဝူရုန်က မြန်မြန်လေးပြောလိုက်တယ်။
********
paid groupဝင်လို့ရပြီနော်
(2000/3/9)