Chapter(83)ဆေးပြားနှစ်ပြား
သူတို့က ရထားလုံးထဲကိုရောက်သည့်အချိန်မှာဘဲ ဝူရုန်ကဝူဇူကိုဝူယု၏အကြံကိုလက်မခံဖို့ပြောမလို့ လုပ်လိုက်တယ်။
ဒါပေမဲ့ သူက မပြောရသေးခင်မှာဘဲဝူဇူက အရင်ပြောလိုက်တယ်"ရုန်အာ ရှိအာ ဒီအကြောင်းကိုအဖေနဲ့အမေကိုမပြောနဲ့"
တကယ်လို့ဒီအကြောင်းကို သူ့မိဘတွေသာသိသွားရင် သူတို့က သူက ဒီမစ်ရှင်ကိုလုပ်ရတဲ့အကြောင်းပြချက်ကို သိသွားလိမ့်မယ်။ဒါဆို သူတို့က သူ့ကိုတားပါလိမ့်မယ်။သူက သူရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ဆုံးဖြတ်ချက်ကိုသုံးပြီး မိသားစု ကို ထောက်ပံ့ပေးချင်တာဖြစ်တယ်။
"...."ဝူရုန်
တကယ်လို့ အခုချိန်မှာ သူက ဝူဇူကိုဒါက ထောင်ချောက်တစ်ခုလို့ပြောခဲ့ရင်တောင် ဝူဇူက သက်သေမရှိတာကြောင့် ယုံကြည်မှာမဟုတ်ဘူး။ဒါ့အပြင် အခုချိန်မှာ သူတို့က ဝူယုကို လူကောင်းလို့ယုံကြည်ထားတာကြောင့် သူ့ကိုထောင်ချောက်ဆင်လိမ့်မယ်လို့ ယုံကြည်မှာမဟုတ်ဘူး။
"အကိုကြီး ဒါကအကိုကြီးအတွက် ပထမဆုံးအကြိမ်လေ။ငါတို့က အကိုကြီးရဲ့လုံခြုံရေးကိုစိုးရိမ်တယ်"ဝူရှိက ပြောလိုက်တယ်။
ဝူဇူသည် ဝူရှိ၏ဆံပင်တွေကိုပွတ်ပေးလိုက်ရင်း ပြောလိုက်တယ်"ဒါက အကိုကြီးရဲ့ပထမဆုံးအကြိမ်မလို့ အတွေ့အကြုံရအောင် သွားရမှာလေ။ဒါမှလေ့ကျင့်ရေးဆင်းတဲ့အချိန်ကျရင် ဘယ်လောက်အန္တာရာယ်များလဲ သိမှာ။အများကြီးလျှောက်မတွေးနဲ့။အကိုကြီးကို မစိုးရိမ်နဲ့။အကိုကြီးက ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်တယ်"
"ရုန်အာဘာလို့ဘာမှမပြောတာလဲ?"ဝူဇူက ဝူရုန်သည် ရထားလုံးထဲကို ရောက်တဲ့အချိန်ကတည်းက စကားတစ်လုံးမှမပြောတာကြောင့် မေးလိုက်တယ်။
"ကျွန်တော်ကဘယ်လိုဝင်ပြောရမှာလဲ?အကိုကြီးတို့ဘဲ ပြောနေကြတာ"ဝူရုန်ကပြောလိုက်တယ်။
သူကအခုချိန်မှာ ဝူယုမကောင်းကြောင်းပြောလိုက်လျှင် ဝူဇူက မယုံကြည်ဘဲ မနာလိုလို့ပြောတာလို့ထင်နိုင်တယ်။
"ရုန်အာကလည်း အကိုကြီးကို စိုးရိမ်နေတာလား?"
"ဒါကိုတော့သိသေးတားဘဲ"
ဝူရှိသည် ဝူဇူ၏လက်မောင်းကို ကလေးဆိုးလို ဆွဲခါလိုက်ပြီး ပြောလိုက်တယ်"အကိုကြီး ကျေးဇူးပြုပြီးမသွားပါနဲ့။ညီမလေးတို့ကအကိုကြီးကို စိုးရိမ်နေတာ"
"မင်းတို့...."ဝူဇူက အကူညီမဲ့စွာ ကြည့်လိုက်တယ်။
ဝူရုန်သည် တစ်စုံတစ်ခုကို တွေးမိပြီး သူ့မျက်လုံးတွေက တောက်ပလာတယ်။ဝူဇူက ဝူချွင်ဘင်တို့နှင့်အတူ သွားတာကလည်း ဆိုးတာတော့ မဟုတ်ပါဘူး။
"အကိုကြီး ကျွန်တော်လည်းစိုးရိမ်တယ်။ဒါပေမဲ့အကိုကြီးကဦးလေးချွင်ဘင်တို့နဲ့ သွားတယ်ဆိုရင် စိုးရိမ်စရာတော့မရှိဘူးထင်တယ်"
"အကိုကြီး ဒီမစ်ရှင်ကို လက်ခံလိုက်ရင် မင်းစိတ်မရှိဘူးပေါ့"ဝူဇူကအံ့သြသွားတယ်။
"အွန်း"ဝူရုန်ကပြုံးပြီး ဆက်ပြောလိုက်တယ်"ဒါကအကိုကြီးအတွက် အတွေ့အကြုံရဖို့အခွင့်ရေးလေ။ဒီကနေ အကိုကြီးက ကောင်းကောင်းသင်ယူနိုင်ပြီး ကိုယ်ကိုကိုယ်မထိခိုက်ဘူးဆိုရင် ကျွန်တော်က သဘောမတူစရာမရှိဘူး"
ဝူဇူက အံ့သြသွားတယ်။ဒါပေမဲ့ဝူရုန်က တစ်ခုခုကိုပြောချင်နေပုံရတယ်။
တစ်နာရီနီးပါးလောက်ကြာတော့ သူတို့က ဟေးအိမ်တော်ကိုရောက်လာခဲ့တယ်။
ဝူရုန်က ရထားလုံးပေါ်ကဆင်းလိုက်ပြီး ရှိယန်ကို သူ့ရဲ့ဆေးသေတ္တာယူခိုင်းလိုက်တယ်။ပြီးတော့ ဝူဇူနှင့်ဝူရှိကိုပြောလိုက်တယ်"အကိုကြီးခဏစောင့်အုန်း။ကျွန်တော် အကိုကြီးကို ပေးစရာရှိသေးတယ်"
"ကောင်းပြီ"ဝူဇူနှင့်ဝူရှိသည် ရထားလုံးပေါ်က ဆင်းလိုက်တယ်။
ဝူရှိက ဟေးအိမ်တော်ထဲကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ရုန်အာ မင်းလက်ထပ်သွားတာ ကြာနေပြီ။ငါတို့က မင်းအိမ်တော်ထဲကို လာလည်ဖို့အခွင့်ရေးတစ်ခါတောင်မရသေးဘူး"
ဝူရုန်က အေးခဲသွားတယ်။အရင်ဘဝတုန်းကဖြစ်ဖြစ် အခုဘဲဖြစ်ဖြစ် သူက သူ့မိသားစုကို ဟေးအိမ်တော်ကို အလည်တစ်ခါမှမခေါ်ဖူးဘူး။
"ဒါဆို မင်းတို့က ဒီမှာဘာလို့ဒီမှာနေ့လယ်စာစားပြီးမှမပြန်တာလဲ?"ဝူရုန်ကပြောလိုက်တယ်။
"တော်ပါပြီ။အမေက ငါတို့ကို စောင့်နေလိမ့်မယ်"ဝူရှိက ငြင်းလိုက်တယ်။
"ကောင်းပြီလေ။ဒါဆိုနောက်တစ်ကြိမ်မှမင်းတို့ကိုခေါ်တော့မယ်"
အဲဒီအချိန်မှာဘဲ ရှိယန်က ဆေးသေတ္တာမှင့်အတူ ပြန်ရောက်လာတယ်။
ဝူရုန်သည် သေတ္တာထဲက သေးငယ်သည့်ဆေးပြားလေးနှစ်ပြားကို အိတ်သေးသေးလေးထဲကိုထည့်လိုက်ပြီး ဝူဇူကိုပေးလိုက်ပြီး ပြောလိုက်တယ်"အကိုကြီးဦးလေးချွင်ဘင်တို့နဲ့ မစ်ရှင်သွားလုပ်တဲ့နေ့က စပြီးဒါကိုလည်ပင်းမှာ တပ်ထားနော်။အိမ်ပြန်ရောက်တဲ့အထိ လုံးဝမချွတ်ရဘူးနော်။ကျွန်တော်ပြောသလိုလုပ်နော်"
ဝူဇူသည် အိတ်ကိုဖွင့်ကြည့်လိုက်တော့ အနံရတယ်။ဒါပေမဲ့ဆေးနံ့တော့မဟုတ်ဘူး။
"ဒါကဆေးတစ်မျိုးလာ?"
"စိတ်ကိုလန်းဆန်းစေလိမ့်မယ်။အကိုကြီးက ဒါကိုအိမ်ပြန်ရောက်တဲ့အထိ ဝတ်ထားရမယ်နော်"
"ကောင်းပြီ"ဝူဇူသည် အိတ်ကလေးကို လည်ပင်းမှာဝတ်ဆင်လိုက်ပြီး"သွားစို့"
ဝူရုန်သည် ဝူဇူတို့ရထားလုံး မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အချိန်အထိ ကြည့်နေလိုက်တယ်။
အခုချိန်မှာတော့ သူက လုံးဝသေချာသွားပြီ။သူ့အကိုရဲ့သေဆုံးမှုသည် ဝူယုနဲ့ သက်ဆိုင်နေသည်။ဒီဘဝမှာတော့ ဝူယုရဲ့အကြံအစည်တွေမအောင်မြင်စေရဘူး။ဝူရုန်သည် ဒီအကြောင်းကိုတွေးမိတာနဲ့ သူ့မျက်ဝန်းတွေက ကျဉ်းမြောင်းသွားတယ်။
ဝူရုန်သည် ရှိယန်၏အကူအညီနှင့်အိမ်တော်ထဲကိုဝင်လာခဲ့တယ်။အိမ်တော်ထဲမှာတော့ဟေးဂန်းနှင့်ဟေးဂန်းသည် အလုပ်ရှုပ်နေပြီး ဟေးရွမ်ရီသည် ဝူရုန်ကိုမြင်တာနဲ့ နှုတ်ဆက်လိုက်တယ်။
"မင်းပြန်လာပြီ"
ဝူရုန်သည် နေရာမှာဘဲ အေးခဲသွားတယ်။ရှိယန်သည် ဟေးရွမ်ရီ၏အပြုအမူကို ခန့်မှန်းမိတာကြောင့် ဝူရုန်၏လက်ကိုဟေးရွမ်ရီ၏လက်ထဲထည့်ပေးလိုက်တယ်။
ဟေးရွမ်ရီသည် ဝူရုန်၏လက်ကိုဆွဲပြီး ထမင်းစားခန်းကိုခေါ်သွားလိုက်တယ်။
ဟေးဂန်သည် ဟေးရွမ်ရီ၏အပြုအမူကြောင့်အေးခဲသွားတယ်။
ဟေးရွမ်ရီသည် သူ့ဘေးမှာမတ်တပ်ရပ်နေတဲ့ဟေးရှင်းဘက်ကို ပြောလိုက်တယ်။
"ထမင်းပွဲပြင်တော့"
"ဟုတ်ကဲ့"ဟေးရှင်းသည် ပြုံးရွင်စွာ ထွက်သွားပြီး အစေခံတွေကို ဟင်းပွဲတွေ ယူဆောင်လာဖို့အမိန့်ပေးလိုက်တယ်။
ဟေးဂန်းသည် တုံဆိုင်းစွာနှင့် ဟေးရှင်းစီကိုလျှောက်လာပြီး ပြောလိုက်တယ်ဦးလေးရှင်း"
"အင်း"ဟေးရှင်းက ဟေးဂန်းဘက်ကိုလှည့်ပြီးပြောလိုက်တယ်။
"ဟို...ဘာမှမဟုတ်ပါဘူး။သခင်နဲ့ကြင်ယာတော်အကြောင်းကို သိလား"ဟေးဂန်းက ကိုးယိုးကားယားပြောလိုက်တယ်။
**************
(1900/3/9)